Friday, November 1, 2013

ဒေါ်စု နှင့် CNN အင်တာဗျူး

0 comments

1.11.2013

မူရင်းဗီဒီယို  http://edition.cnn.com/video/?/video/world/2013/10/25/ctw-myanmar-aung-san-suu-kyi-shubert-intv.cnn
အထက်ပါ link  တွင် မရပါက ဒီမှာ ကြိုးစားကြည့်ပါ ။
https://www.facebook.com/photo.php?v=565030353565411&set=vb.100001753555387&type=2&theater

  • (  လက်ရှိအစိုးရနဲ့အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်သင့်သလဲ ဟု မေးသည့်အပေါ် ဖြေကြားချက်  )

  • Suu ။      ။ တရားဥပဒေ စိုးမိုးမှု က မရှိမဖြစ်ပါဘဲ ။  Rule of Law   ရှိအောင် ဆောင်ရွက်ခြင်းအားဖြင့်ဘဲ  စရမှာပါ ။ ဖြစ်ပေါ်လာတဲ့ကိစ္စတွေအပေါ် တာဝန်ယူဆောင်ရွက်ပေးမှုတွေ ရှိရပါမယ် ။ စစ်မှန်တဲ့ ရင်ကြားစေ့ရေးကို မလုပ်နိုင်ခင် မတူညီတဲ့ အုပ်စုတွေအားလုံး အန္တရာယ်ကင်းလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ အချင်းချင်း တိုက်ပွဲဖြစ် ရန်စောင်နေကြတဲ့ လူတွေအကြားမှာ ရင်ကြားစေ့ရေးဆိုတာ လုပ်လို့ အောင်မြင်မှာ မဟုတ်ပါဘူး ။ သူတို့တွေ စိတ်ထဲမှာ တစ်ဖက်ကတော့ ကိုယ့်ကို့ တနည်းနည်းနဲ့ သတ်တော့မှာဘဲ ၊  ဖျက်ဆီးတော့မှာဘဲလို့ ထင်နေရင် ရင်ကြားစေ့ရေးဆိုတာ လုပ်လို့ ရမှာ မဟုတ်ပါဘူး ။
 
  • CNN ။       ။ ၂၀၁၅ ရွေးကောက်ပွဲ ရောက်လာတော့မယ်နော် ။ ဒေါ်စုက သမ္မတ၀င် အရွေးခံချင်တယ်လို့ ပြောထားတယ် ။ ဒါပေမယ့် လက်ရှိ အခြေခံဥပဒေက အဲလို ၀င်ပြိုင်လို့ မရအောင် တားထားတယ် ။ ၀င်ပြိုင်လို့ရအောင် လုပ်ဖို့ ဘယ်လိုများ စီစဉ်မလဲ ။ ဘယ်လောက်တောင် လုပ်ဖို့ လိုမလဲ ။ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်လောက်အောင် နိုင်ငံရေးပါဝါ ဒေါ်စုမှာ ရှိပါသလား ။

  • Suu ။       ။ နောက်ဆုံးတော့ ပြည်သူတွေရဲ့ အင်အားပါဝါကသာလျှင် အရေးပါတာပါ  ။ အခုဆိုရင် အခြေခံဥပဒေကို ပြန်လည် ဆန်းစစ်ဖို့ ဆိုပြီး လွှတ်တော်ကနေ ခန့်အားထားတဲ့ ကော်မတီတစ်ခု ရှိပါတယ် ။ ဒီနှစ်ဒီဇင်ဘာအကုန်မှာ အဲဒီကော်မတီက report  ထုတ်ဖို့ ရှိပါတယ်  ။ ဒီတော့ ကျမတို့အတွက် အင်မတန် အရေးကြီးတဲ့ အချိန်ပါဘဲ ။

                  အခု  NLD ပါတီက  ကျမတို့ ဆွေးနွေးပြင်ဆင်ချင်တဲ့ အခြေခံဥပဒေအချက်အလက်တွေနဲ့  ပတ်သက်ပြီး  ပြည်သူလူထုကို ပညာပေးမှုတွေ  လုပ်ဆောင်နေပါတယ် ။ ဒီလှုပ်ရှားမှုဟာ ကျမနားလည်သလောက်ဆိုရင် အောင်မြင်မှု ရှိပါတယ် ။ ဒီတော့ အခြေခံဥပဒေကို အနှေးနဲ့ အမြန် ပြင်နိုင်မယ်လို့ ကျမအနေနဲ့ ထင်ပါတယ် ။


  • CNN ။       ။ အခုဆိုရင် ဒေါ်စုဟာ  နိုင်ငံရေးမှာ ကြည်ညို စံပြုခံရသူ  ( political icon )  အဖြစ်ကနေ လွှတ်တော်အမတ်တစ်ယောက် ဖြစ်သွားခဲ့ပြီနော် ။ ဒါနဲ့အတူ ဝေဖန်ခံရမှုတွေ ၊ သဘောမကျ လူကြိုက်မများတာတွေလည်း ကပ်ပါလာခဲ့ပြီ ။ ဒီလို အပြောင်းအလဲကို ဘယ်လိုများ ရင်ဆိုင်ဖြေရှင်းပါသလဲ ။ ဘယ်အရာကများ အကြီးမားဆုံး စိန်ခေါ်ချက်လဲ ။

  • Suu ။         ။ ကျမ အတော်လေး အံ့သြမိတာတစ်ခု ရှိပါတယ် .....အရင်တုန်းက ကျမ ဘယ်တုန်းကမှ အဝေဖန်မခံခဲ့ရသလိုမျိုး လူတွေ ပြောနေတတ်ကြတာကိုပါ ။ ကျမဟာ အနှစ် ( ၂၀ ) ကျော် အကြီးအကျယ် အဝေဖန်ခံခဲ့ရသူ တစ်ယောက်ပါ ။ တချို့က ကျမဟာ ၊ အစိုးရဲ့ပတ်သက်ရင် ပျော့ပြောင်းသင့်သလောက် မပျော့ပြောင်းဘူး စသည်ဖြင့် ပြောခဲ့ကြတယ် ။
                  ဒီတော့ ကျမဟာ အခုမှ နိုင်ငံရေးသမားစဖြစ်တာလို့ လူတွေက ပြောတာကို ကျမ အံ့သြမိတယ် ။ တကယ်တော့ ကျမက တစ်လျှောက်လုံး နိုင်ငံရေးသမား ဖြစ်ခဲ့တာပါ ။ နိုင်ငံရေးကို ကျမစလုပ်တာ လူ့အခွင့်အရေးကာကွယ်သူတစ်ယောက်အနေနဲ့ စလုပ်တာ မဟုတ်ပါဘူး ။  လူသားချင်စာနာထောက်ထားမှု လုပ်ငန်းတွေ လုပ်သူ တစ်ယောက်အနေနဲ့လည်း  စခဲ့တာမဟုတ်ပါဘူး ။  နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် စခဲ့တာပါ ။ ဒါကမှ နိုင်ငံရေးမဟုတ်ခဲ့ဘူးဆိုရင်လည်း ဘယ်အရာကများ နိုင်ငံရေးလို့ ခေါ်မှာပါလိမ့် ။ ဒီတော့ ကျမအတွက်ကတော့ အခု လုပ်နေတာတွေဟာ ထူးထူးခြားခြားရယ် မဟုတ်ဘဲ အရင်က အတိုင်းပါဘဲ ။
                                   *************************************


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here