Wednesday, November 6, 2013

EU နှင့် ဗြိတိန်သံရုံးအရာရှိများ ရှမ်းနီပါတီကို သီးသန့်တွေ့ဆုံ

0 comments
6.11.2013

EU နှင့် ဗြိတိန်သံရုံးအရာရှိများက ရှမ်းနီပါတီကို ယနေ့နံနက်ပိုင်း က မြစ်ကြီးနားမြို့တွင် သီးသန့်တွေ့ဆုံ ခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမူတွင် ရှမ်းနီလူမျိုးတို့၏ သမိုင်း ၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရှမ်းနီလူမျိုးတို့၏ နစ်နာချက်များ ၊ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမူများ ကိုတွေ့ဆုံမေးမြန်း ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ကြောင်းသိရသည်။

" မှတ်ပုံတင်မှာ လူမျိုးမှန်ရဖို့ကိစ္စတွေမှာလည်း တတ်နို်င်သမျှ အကူအညီပေးသွားမယ်လို့ပြောသွားပါတယ်။ " ဟုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းနီပါတီ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ရှမ်းနီစာပေယဉ်ကျေးမူဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း အကူအညီပေး ရန်ပြောကြားခဲ့ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးကဆိုသည်။

ရှမ်းနီသတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here