Friday, November 1, 2013

KNU ၏ သယံဇာတ အပေါ် သဘောထား

0 comments
1.11.2013

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၄င်းတို့ ထိမ်းချုပ်သော နေရာဒေသ တွင်ရှိသော သယံဇာတ များကို တရားမ၀င် ထုတ်ယူ နေမှုကို ထိမ်းချုပ် တော့မည်ဟု ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်နေ့၌ ကျင်းပသော မြန်မာ့ ငြိမ်းချမ်း ရေးစင်တာ မှ သတင်းစာ ရှင်းလင်းပွဲ အပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ် KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် က ပြောကြား ခဲ့ပါသည်။
အထူးသဖြင့် KNU အောက်ခြေပိုင်း တွင် စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် မှုများရှိနေ သဖြင့် ၄င်းကိစ္စအား ထိမ်းချုပ် သွားမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။KNU သည် တပ်မဟာ (၇) ခု ဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့်ပဲခူးတိုင်း နေရာ တချို့ တွင် လှုပ် ရှားနေ ပါသည်။ ဤကဲ့သို့ ၄င်းတို့ လှုပ်ရှား နေရာ များတွင် သစ်တော သယံဇာတများ၊ ခနောက်စိမ်း၊ ထုံးကျောက်၊ ရွှေ၊ ဂေါ်ဒန်၊ ခဲမဖြုများလည်း ထွက်ရှိ နေပါသည်။ အဆိုပါ သယံဇာတများကို မည်သို့ ခွဲဝေ သုံးစွဲသွားမည်ကို အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးမှ ဤကိစ္စအား KNU ဆက်လက် စဉ်းစားသွားမည် ဖြစ်သည်ဟု ဆိုပါသည်။
 
တခြား တိုင်းရင်းသား လက်နက်ကိုင်များ ကလည်း ကုမ္ပဏီများ တည်ထောင်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင် ပြည်နယ်ရှိ သယံဇာတများကို ထုတ်ယူသုံးစွဲ နေကြမှုများ ရှိကြောင်း သက်ဆိုင်ရာ ပြည်နယ်များရှိ အရပ်ဘက်လူ့အဖွဲ့ အစည်းများ (EITI)က ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက ဆွေးနွေးပွဲ ကျင်းပပြီး ထုတ်ဖေါ်ပြော ကြားခဲ့ပါသည်။
အလားတူ (၈၈) ခရိုင်မှ မြန်မာနိုင်ငံ၏  အရပ်ဘက် လူ့အဖွဲ့ အစည်းများ (EITI) သည် မြန်မာ့ သယံ ဇာတနှင့် ပါတ်သက်ပြီး ပွင့်လင်းမှု ရှိကြရန် တနင်္သာရီတိုင်း ကော့သောင်း မြို့တွင် ယနေ့ မနက်ပိုင်းတွင် ဆွေးနွေးပွဲ ကျင်းပပြီး ထုတ်ဖေါ် ပြောဆို ခဲ့ပါသည်။ဤကဲ့သို့ သယံ ဇာတနှင့် ပါတ်သက်ပြီး လူမှု အသင်းအဖွဲ့များ ကလည်း ပွင့်လင်း မြင်သာမှု ရှိရေးကို လှုပ်ရှား လာနေသဖြင့် KNU သည် လက်ရှိ အခြေအနေတွင် အကောင်းဆုံး ဖြစ်လာရေးကို မျှော်မှန်းပြီး ၄င်းတို့ ထိမ်းချုပ်မြေ၌ သယံဇာတ ထုတ်လုပ်မှု ကို ထိမ်းချုပ် သွားမည် ဖြစ်ကြောင်း၊ ဤသို့ကြောင့် မည်သို့ ထိမ်းချုပ် သွားမည်ကို သိရှိရန် လိုလာသဖြင့် သယံဇာတနှင့် ပါတ်သက်သည့် KNU လယ်ယာ စိုက်ပျိုးရေး ဌာန တာဝန်ခံ လည်းဖြစ် KNU- တရားသူကြီးချုပ် တာဝန်ခံ လည်း ဖြစ်သည့် ပဒို ဒေါလေးမူအား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
 
အခု ချလိုက်တဲ့ ကျနော်တို့ မူကတော့ နိုင်ငံရေး ကိစ္စကို မဆွေးနွေး သေးတဲ့ ကာလပတ်လုံး မှာ ကျနော်တို့က သံယံဇာတ တွေကို ထုတ်ဖော်မယ့် လုပ်ငန်းမျိုး လုပ်မှာ မဟုတ် သေးဘူးပေါ့။ စီးပွားရေး လုပ်ငန်းမှာ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ကိစ္စ မပြေလည် သေးတော့ မလုပ်သေးဘူး ဆိုတဲ့ညွန်းကြားချက် ကို အောက်ခြေ မှာတော့ ညွှန်ကြား ထားတယ်။ သယံဇာတနဲ့ ပါတ်သက်ပြီး ကြီင်္းမားတဲ့ စီမံကိန်း တွေကို မလုပ်ဖို့ အောက်ခြေနဲ့ ဒသခံ တွေကိုေ ပြောထား ပါတယ်။ဖွံ့ဖြိုးရေး အသေးစား စီးမံကိန်း မျိုးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို ကျနော်တို့ အုပ်ချုပ် ကွပ်ကဲတဲ့ လုပ်ငန်း မျိုးကိုတော့ ကျနော်တို့ လုပ်နေ ပါတယ်။ ကျနော်တို့ စီးပွားရေး လုပ်ငန်းထဲက သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်း ကိုလည်း တားမြစ် ထားတယ်။ လုပ်မယ်ဆိုရင် အဓိက ကြည့်ရမှာက လူထုတွေရဲ့ ပိုင်ဆိုင်တဲ့ မြေတွေ လယ်ယာ ကိုင်ကျွန်းတွေနဲ့ သဘာဝ သယံဇာတတွေ ကို မပျက်စီးအောင် သတိပြုရမယ်။
 
နောက်ပြီး နယ်မြေ လုံခြုံရေး မှာလည်း သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဖို့ သတိပြုရမယ်။ အဲဒီအတွက် လောလောဆယ် မှာတော့ တားမြစ် ထိန်းထားဖို့ အတွက် ညွန်းကြား ထားတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ အစိုးရနဲ့ တွေ့ဆုံပြီး နိုင်ငံရေး ကိစ္စနဲ့ ပတ်သတ်လာရင် မြေယာကိစ္စတွေ ပါလာမယ် အုပ်ချုပ်ရေး လုပ်ငန်းတွေ အာဏာ ခွဲဝေမှုတွေ ဆွေးနွေး သွားမယ်။ ဒါတွေ နေရာကျပြီးမှ လုပ်ရင် ကောင်းတာပေါ့ဗျာ။

မေး ။     ။ ဟုတ်ကဲ့ KNU ကပြောနေတဲ့ သံယံဇာတ ဆိုတာ ဘာကို ပြောချင်တာလဲ။
ဖြေ ။      ။ မြေပေါ် မြေအောက် သံယံဇာတတွေ ကို ပြောချင် တာပါ။ မြေအောက် သံယံဇာတမှာ မိုင်းတို့၊ ရွှေ၊ အဖြိုက် နက် ၊သတ္တုတွင်း တွေပါရှိ ပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ဘာမှ မထုတ်သေးဘူး။ ဒါပေမယ့် တချို့ ဒေသမှာတော့ ကုမ္ပဏီ အသေးစားတွေနဲ့ဒေသခံ အရာရှိတွေ သဘောတူပြီး လုပ်ထား တာတွေတော့ ရှိပါတယ်။ မြေအောက်ကျ တော့အဲဒါတွေပါ။ မြေပေါ် ကျတော့ အထူးသဖြင့် ပြောနေတာက သစ်တော၊ သစ်တောမှာ ထွက်တဲ့ ပစ္စည်းတွေ လယ်ယာမြေ စတာတွေကို ပြောချင်တာပါ။
မေး ။     ။ ဘာကြောင့် သယံဇာတ တွေကို ထိန်းချုပ် သင့်တယ်လို့ ထင်မြင် ယူဆပါသလဲ။
ဖြေ ။      ။ ကျနော်တို့က လက်နက်ကိုင် တော်လှန်ရေး တလျောက်မှာ လယ်မြေတွေကို ထိန်းသိမ်း နိုင်ဖို့ ကြိုး ပမ်းခဲ့တယ်။ တော်လှန်ရေး လုပ်ငန်းကို လုပ်ဆောင်တဲ့  တော်လှန်ရေး သမားတွေ ကလည်း တလျောက်လုံးမှာ နယ်မြေ တွေကို ထိန်းသိမ်း ထားတဲ့ အခြေနေတွေ ဘဲရှိပါတယ်။ ဒါပေမဲ့ နည်းပညာ အတတ် ပညာပိုင်းတွေ အားနည်း နေတော့ နောက်ဆုံးမှာ ကျနော်တို့ကဘဲ နစ်နာပြီး တဖက်ကတော့ ပိုပြီး အကျိုးမြတ် ရှိသွားမှာ ပေါ့လေ။ နည်းပညာပိုင်း တွေမှာ အားနည်း နေတော့ နည်းပညာနဲ့ ပတ်သက်ပြီး ကျနော်တို့ ထပ်ပြီး လေ့လာရဦး မယ်လေ။ အုပ်ချုပ် ကွပ်ကဲမှု အပိုင်း မှာလဲ အများကြီး အားနည်း နေသေးတယ်။ အခုချိန်မှာ ထိန်းချုပ် ထားနိုင်မယ်ဆိုရင် ငြိမ်းချုပ်ရေး ရရှိတဲ့အခါ နိုင်ငံရေး ကိစ္စကို ပြေလည်အောင် ဆောင်ရွက် နိုင်တဲ့အခါ ကြရင် အစီစဉ်ရှိရှိနဲ့ လုပ်ဆောင် နိုင်ရင် ပိုအကျိုးရှိ လိမ့်မယ် လို့ယူဆ ပါတယ်။ အဲဒါကြောင့်ပါ။ အောက်ခြေ မှာတော့ တနိုင်တပိုင် လုပ်စား တာကိုတော့ ရှိနေဦး မှာပေါ့။
မေး ။     ။ တဖက်ကတော့ ပိုပြီး အကျိုးမြတ်ရှိမှာပေါ့လေ ဆိုတာက ဘယ်သူကို ရည်ညွန်းပြီးပြောချင်ပါသလဲ။
ဖြေ ။      ။ အပစ်အခတ် ရပ်စဲရေး ကာလမှာ ကုမ္ပဏီတွေ၊ ငွေရှင်ကြေးရှင်၊ ပုဂ္ဂလိကတွေ၊  ပြည်ပက ရင်းနှီး မြုပ်နှံတဲ့ အရင်းအနှီးတွေ ရှိမယ်ဆိုရင် ကျနော်တို့ မထိန်းထား နိုင်ဘူးဆိုရင် ကျနော်တို့ ဘက်က ဆုံးရှုံးပြီး သူတို့ဘက်က ပိုပြီး အကျိုးမြတ် ခံစားသွား နိုင်တာပေါ့ ဒါကိုပြောတာပါ။
မေး ။     KNU ကတော့ ထိမ်းချုပ် ထားပေမဲ့ ဥပမာ- BGF DKBAKNU/KNLA-PC တို့က လုပ်ချင်တယ် ဆိုရင် ဘယ်လို သဘောထား မှာလဲ။
ဖြေ ။      ။ ကျနော်တို့က ပေါ်လစီအရ ချထားတယ်။ အတတ်နိုင်ဆုံး ဒေသခံတွေ ကျနော်တို့ရဲ့ အောက်ခြေ အရာရှိတွေကိုတော့ ညွန်းကြား ထားပါတယ်။ ဒါပေမယ့် KNU နယ်မြေ ဖြစ်ပေမယ့် တခြားကရင် လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်တဲ့ နယ်မြေလည်း ဖြစ်နေတော့ သံယံဇာတ အားလုံးကိုတော့ မထိမ်းချုပ်နိုင် သေးဘူးပေါ့။ အခု သူတို့က သူတို့ နည်း သူတို့ဟန်နဲ့ လုပ်ကြတာ တော့ရှိမှာပေါ့။ အခု လောလောဆယ် ကတော့ အပစ်အခတ် ရပ်စဲရေးကလည်း မခိုင်မာသေးဘူး။ နိုင်ငံရေး ကိစ္စလည်း ခိုင်မာအောင် မဆောင်ရွက် နိုင်သေးတဲ့ ကာလဖြစ် နေတော့ ဒါတွေ ကတော့ ရှိနေဦးမှာပဲ။ ကျနော်တို့ ဘက်ကလည်း ရှိပါတယ်။ အားလုံးက မထိန်းချုပ် နိုင်သေးဘူးပေါ့။
မေး ။     KNU က သံယံဇာတ ကို ထိန်းချုပ်ဖို့ ပေါ်လစီရှိ ထားတဲ့အပေါ်မှာ တခြားကရင် လက်နက်ကိုင် အဖွဲ့တွေကို ကော ဒီပေါ်လစီနဲ့ပတ်သတ်ပြီး ချပြ ဆွေးနွေး တာမျိုးတို့  ပြုလုပ်သေးလား။
ဖြေ ။      ။ ကျနော်တို့က သဘာဝ သံယံဇာတတို့ ၊ မြေယာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဌာနဆိုင်ရာ ပေါ်လစီ အသီးသီး ရှိကြပါတယ် ဒါပေမယ့် ကျနော်တို့က အဲဒီပေါ်လစီတို့ ချထားပေမယ့် တခြား ကရင် လက်နက်ကိုင် အဖွဲ့ တွေကို ချပြဖို့က အဲဒီအဆင့်ထိ မလုပ်နိုင်သေးဘူး။ အခု လောလောဆယ်က ကျနော်တို့ အနေနဲ့ တခြား ကရင်လက် နက်ကိုင်အဖွဲ့ တွေနဲ့ အချင်းချင်း ပြန်လည် ရင်ကြားစေ့ ကြဖို့နဲ့ အချင်းချင်း စည်းလုံး ညီညွတ်ကြဖို့ အတွက် ဇောင်းပေးပြီး လုပ်နေရ သေးတယ် ဆိုတော့ တခြား လုပ်ငန်းတွေကို ချပြဖို့က မလှမ်းနိုင်သေး ဘူးပေါ့။
မေး ။     ။ ရေရှည် ငြိမ်းချမ်းရေး ရဖို့ ဆိုတာ သံယံဇာတနဲ့ လည်း ဆိုင်တယ်လို့ ကျမတို့ နားလည်ထား တာပေါ့နော်။ ဒီတော့ ကရင် လူမျိုး အချင်းအချင်း ကရင် လက်နက်ကိုင် အဖွဲ့ အချင်းချင်းတွေ အတွက်ရော ဘယ်လို သဘောထားလဲ။
ဖြေ ။      ။ ကျနော်တို့ ကရင် အချင်းချင်း ပြန်လည် စည်းလုံး ညီညွတ်ဖို့ ငြိမ်းချမ်းရေး ရဖို့ မလုပ်ဆောင်နိုင်သေးသရွေ့တော့ ဒီ ပေါ်လစီကို ခွဲဝေ သုံးစွဲကြဖို့ အစီစဉ် မချနိုင် သေးပါဘူး။ ကျနော်တို့က အရင်ဆုံး အချင်းချင်း စည်းလုံး ညီညွတ်အောင် လုပ်မယ် ပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်မယ် ပြီးမှ ခြေလှမ်း တဆင့် ပြီး တဆင့် တက်လှမ်း နိုင်မှာပေါ့။ အခုချိန်မှာ ကြိုပြီး မပြောနိုင် သေးပါဘူး။
မေး ။     KNU ကတော့ KNU နယ်မြေမှာ သံယံဇာတ တွေ ထိမ်းချုပ်ဖို့ ဆုံးဖြတ်ရင် အစိုးရက လုပ်ချင်တဲ့ အခါ စစ်ရေး အရဖိအား ပေးခဲ့မယ် ဆိုရင်တော့ KNU အနေနဲ့ ကရော ဘယ်လို သဘောထား မလဲ။ ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေပွဲ ကိုရော ထိခိုက် သွားနိုင်မလား။
ဖြေ ။      ။ အခုကတော့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်မှာတော့ ကျနော်တို့ ဘက်က အတတ်နိုင်ဆုံး သံယံဇာတ တွေကို ထိမ်းချုပ် ထားမှာပါ။ ငြိမ်းချမ်းရေး ကို ကျနော်တို့  ကြိုးပမ်းနေတဲ့ ကာလမှာ စစ်ရေး ပဋိပက္ခလည်း မဖြစ်အောင်လည်း အတတ်နိုင်ဆုံး ထိမ်းထား ပါတယ်။ အခု KNU ခေါင်းဆောင် တွေလည်း အစိုးရဘက် ခေါင်းဆောင်နဲ့ မကြာမကြာ ဆွေးနွေးတယ် ဆိုတော့ စစ်ရေး မဖြစ်အောင် ညှိနှိုင်း ဆောင်ရွက် နေတာဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက် သွားနိုင်မယ့် အနေထားကို မတွေ့ရပါဘူး။
အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက် နေတဲ့အတွက် နှစ်ဖက် တပ်တွေ လိုက်နာမည့် စည်းမျဉ်း စည်းကမ်း တွေလည်း ဆွေးနွေး နေတယ်။ အခု အချိန်ထိ ရေရေရာရာ သဘောတူ စာချုပ်တွေနဲ့ ချုပ်ဆိုထားတာ မရှိသေးဘူး။ ငြိမ်းချမ်းရေး တည်ဆောက် တဲ့အခါ တစ်ခုခု ဖြစ်လာရင် စစ်ရေးအရ မဟုတ်ပဲ စားပွဲဝိုင်းမှာ ဖြေရှင်းကြမှာ ဖြစ်တယ် တကယ်လို့ အစိုးရဖက်က ကောင်းတာ လုပ်ရင် နိုင်ငံတကာ မှာလည်း သတင်းကောင်း တွေထွက်မယ် မကောင်းတာ လုပ် ရင် မကောင်းတာပဲ ထွက်မှာပဲ လောလောဆယ် အခြေနေ ထိတော့ ငြိမ်းချမ်းရေး ကို ဦးတည် နေတုန်းပါပဲ။
မေး ။     KNU ထိမ်းချုပ် နယ်မြေ အခြေခံ ဒေသဆိုတာ ဘယ်နေရာကိုြေ ပာပြီး ဘယ်ဒေသက သံယံဇာတကို ထိမ်းချုပ် မှာလဲပေါ့။
ဖြေ ။      ။ ကျနော်တို့မှာ တပ်မဟာ (၇) ခုရှိတဲ့ အပေါ် (၇) ခုလုံးကိုပဲ ထိန်းချုပ်ထား ပါတယ်။ အဲဒီ ဒေသ အားလုံးမှာ သယံဇာတ က အနည်းနဲ့ အများရှိ နေပါ တယ်။  ဒေသတစ်ခု နဲ့ တစ်ခုကတော့ အမျိုးစားလည်း မတူကြဘူးပေါ့။ အဲဒီ ဒေသ အားလုံးကို ဆက်လက် ထိမ်းသိမ်း ထားနိုင်ဖို့ ပေါ်လစီချ မှတ်တယ်။ အချိန်အခါနဲ့ အညီ အောက်ခြေက  တာဝန်ရှိသူ တွေကိုလည်း ညွန်းကြား ထားပါတယ်။
မေး ။     ။ သံယံဇာ တွေနဲ့ ပတ်သတ်ပြီး အစိုးရ၊ လက်နက်ကိုင် နဲ့ ပြည်သူတွေ အတွက် ဘယ်လို ခွဲဝေကြမလဲ ဆိုတဲ့စဉ်စားချက်တွေ ဘယ်လိုရှိပါလဲ။
ဖြေ ။      ။ ကျနော်တို့က အစိုးရနဲ့ အုပ်ချုပ်ရေး လုပ်ငန်တွေ  မြေပေါ်၊ မြေအောက် သံယံဇာတ လုပ်ငန်းတွေ ကိုလည်း မဆွေးနွေး ရသေးဘူး။ ငြိမ်းချမ်းရေး ရရှိပြီး နောက်ပိုင်းမှ နိုင်ငံရေး ကိစ္စ ဆွေးနွေးတဲ့ အခါ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ သံယံဇာတ ကိစ္စတွေကို ဆွေးနွေး ညှိနှိုင်းကြမယ်။ အာဏာခွဲဝေမှု ကိုဆွေးနွေးမယ်။ လောလောဆယ် တော့  သတင်း အချက်လက်တွေ အကုန်လုံးမရသေးတော့ အစီစဉ် အတိအကျကို တော့ေ ပြောရခက်တယ်။ သေချာတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလာခဲ့ ရင်တော့ အစိုးရ ၊ လက်နက်ကိုင် ၊ ပြည်သူ အားလုံး အကျိုး ဖြစ်အောင် ပြုလုပ် သွားမှာပါ။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here