Thursday, November 14, 2013

နမ့်ခမ်းမြို့၌ ကျပ်ငွေ ၁၈ သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ တရားခံနှင့်အတူ ဖမ်းဆီးရမိ

0 comments



14.11.2013

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှား မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် မူးယစ်တပ်ဖွဲ့စု(၁၀၁) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ငွင်အင်သင်္ချိုင်းအနီး၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၄ရက် နံနက် ၇နာရီခွဲ အချိန်ခန့်က ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ လာရောက် ရောင်းချမည်ဟု ပူးပေါင်းအဖွဲ့မှ သတင်းရရှိ၍ နမ့်ခမ်းမြို့ ငွင်အင်သင်္ချိုင်းအနီးရှိ ချုံပုတ်ထဲတွင် လျှို့ဝှက်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးများ လာရောက် ရောင်းချရန် ရောက်ရှိလာသူ စီလွယ်xxxအား တွေ့ရှိရ၍ လုံးထွေး ဖမ်းဆီးပြီး စစ်ဆေးရှာဖွေရာ စီလွယ်xx၏ ခါးတွင် ပတ်ထားသော မီးခိုးရောင် ခါးပတ် အိတ်အတွင်းမှ Just Modern တံဆိပ်ပါ အ၀ါရင့်ရောင် ကော်ဗူး အတွင်းမှ ၁ ဗူး လျှင် ၂ ဂရမ်ခန့်စီပါသည့် ဘိန်းဖြူ ၅ ဗူး နှင့် ဖော့အဆို့ဖြင့် ပိတ်ထားသော အဖြူရောင် ဖန်ပုလင်းထဲမှ ၁ ဂရမ်စီပါသည့် ၂ပုလင်းတို့အား ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းဖြူများ၏ အလေးချိန် စုစုပေါင်းမှာ ၁၂ ဂရမ်ခန့် ရှိပြီး ဒေသပေါက်ဈေးအရ တန်ဖိုးငွေ ၂၄၀၀၀၀ကျပ် ရှိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ဆက်လက်၍ ရှာဖွေရာ ခါးပတ်အိတ်ထဲမှပင် အပြာရောင် ပလပ်စတစ် ကပ်ခွာ အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁ထုပ်လျှင် ၂၀၀ပြားစီပါသည့် အထုပ် ၂ ထုပ်ကို တွေ့ရှိရာ ဆေးပြားစုစုပေါင်းမှာ ၄၀၀ပြားရှိသည့် အတွက် ဒေသပေါက်ဈေးအရ တန်ဖိုး ငွေ ၁၆၀၀၀၀၀ ကျပ် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၃၇ နှစ်ရှိ စီလွယ်xxx အား နမ့်ခမ်း ရဲစခန်းမှ မူးယစ်(ပ) ၈၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Tachileik

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here