Thursday, December 5, 2013

သစ်တောဦးစီးဌာန၏ တရားဝင်သစ်ဖြစ်ကြောင်း ထောက်ခံချက်ပါမှမြန်မာနိုင်ငံထွက်သစ်များကို အီးယူနိုင်ငံများက ၀ယ်ယူမည်ဟုဆို

0 comments


မြန်မာနိုင်ငံမှ သစ်များကို သစ်တောဦးစီးဌာန၏ တရားဝင် သစ်ဖြစ်ကြောင်း၊ ထောက်ခံချက် များအပြင် သစ်အခြေခံလုပ်ငန်းများ တွင် လုပ်ကိုင်နေကြသည့် အလုပ် သမားများ၏ ထောက်ခံချက်လက် မှတ်များပါမှသာ အီးယူနိုင်ငံများမှ ၀ယ်ယူတော့မည်ဖြစ်ကြောင်း သိရှိ ရသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မည့်သစ်များမှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မရှိကြောင်း၊သစ်ထုတ်လုပ် သည့် ဒေသ များရှိ ပြည်သူများ၏ လူနေမှုဘ၀များကို ထိခိုက်မှုမရှိကြောင်း စသည့်သစ် တောဦးစီးဌာန၏ ထောက်ခံချက် များအပါအ၀င် သစ်လုပ်ငန်းများ တွင် လုပ်ကိုင်နေကြသည့် အလုပ် သမားများကို အဓမ်္မစေခိုင်းခြင်းမရှိ ကြောင်း၊ ထိုက်တန်သည့် လုပ်ခ လစာဖြင့် စေခိုင်းခြင်းဖြစ်ကြောင်း စသည့်ထောက်ခံချက် လက်မှတ် များပါမှသာဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်း ရှင်များ အသင်းမှ သိရှိရသည်။ မြန်မာ နိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဘာ ဘာချိုက အခု အီးယူကို သစ်တွေ တင်ပို့မယ်ဆိုရင် အဲဒီသစ်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိလား၊ ဒီသစ်ထွက်တဲ့ ပတ်ဝန်း ကျင်က လူတွေရဲ့ လူမှုဘ၀တွေ အလုပ်သမားတွေရဲ့ လူမှုဘ၀တွေ အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ စံချိန်စံညွှန်းအားလုံးထောက်ခံချက် တွေပါမှ ၀ယ်ယူတော့မယ်လို့ပြော တယ်။ နောင်သစ်လုပ်ငန်းတွေရဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ အ လုပ်သမားတွေပါ ပါဝင်ဆွေးနွေး ခွင့် ပေးဖို့ BWI တောင်းဆိုထားတယ် ဟု ပြောဆိုသည်။ အဆိုပါ အပြည် ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းက အလုပ်သမား သမဂ်္ဂများ အဖွဲ့ချုပ် BWI သည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ်္စည်း များ၊ သစ်လုပ်ငန်း၊ ပရိဘောဂ လုပ် ငန်းများနှင့် သစ်တောထွက်ကုန် ပစ္စည်းလုပ်ငန်းများရှိ အလုပ်သမား ကို ကိုယ်စားပြုသည့် အလုပ်သ မားသမဂ်္ဂဖြစ်ပြီး နိုင်ငံပေါင်း ၁၃၀ ရှိ အလုပ်သမားသမဂ်္ဂပေါင်း ၃၂၈ဖွဲ့ ဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့မှ မြန်မာနိုင်ငံရှိ သစ်တောထွက်ပစ်္စည်း လုပ်ငန်းများတွင် လုပ်ကိုင်နေ ကြ သည့် အလုပ်သမားများ၊ သစ်တော ၀န်ကြီးဌာနနှင့် အလုပ်သမားဝန် ကြီးဌာန တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံသစ်လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများ၊ အီးယူ၊ အမေရိ ကန်အပါအ၀င် နိုင်ငံပေါင်း ၂၄နိုင်ငံ မှ အလုပ်သမားအရေးဆောင်ရွက် သူများနှင့် Global Wood and Forestry Conference ကိုရန်ကုန် မြို့ ချက်ထရီယံဟိုတယ်တွင် နို ၀င်ဘာ ၂၇ရက်နှင့် ၂၈ရက်များ တွင်ဆွေးနွေး ခဲ့ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံ အလုပ်သမားသမဂ်္ဂ အထွေထွေအတွင်းရေးမှူး ဦး မောင်မောင်က ဥရောပ၊ အမေရိက၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတွေက မြန်မာပြည်ကသစ်တွေကို စနစ်တ ကျခုတ်ထားတဲ့ သစ်တွေပဲဝယ် မယ်။ အခု သစ်တောတွေ ပြုန်း တီးလို့ အိုဇုန်းလွှာကတဖြည်းဖြည်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဒါကို ၀ိုင်းတောင်းဆိုကြတာ။ သစ်ထုတ် တဲ့အခါမှာလည်း ပတ်ဝန်းကျင်က လူတွေထိခိုက်မှုမရှိရဘူး။ အလုပ် သမားတွေကိုလည်း ထိုက်တန်တဲ့ လစာနဲ့ ခိုင်းတာပါဆိုတဲ့ အလုပ် သမားတွေ ရဲ့ ထောက်ခံချက်တွေပါ မှ ၀ယ်တော့မယ်လို့ ပြောတယ်ဟု ပြောဆိုသည်။ လက်ရှိ ရန်ကုန်မြို့ တွင် သစ်တောထွက်ပစ်္စည်းလုပ် ငန်း စက်ရုံပေါင်း ၃၀၀ ၀န်းကျင် ခန့်ရှိပြီး စက်ရုံတစ်ရုံလျှင် အလုပ် သမားဦးရေ ၆၀မှ ၃၀၀ကျော်အထိ ရှိပြီး အလုပ်သမားသမဂ်္ဂမှာ သုံးခု သာ ဖွဲ့နိုင်သေးကြောင်း သိရှိရ သည်။

The First Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here