Monday, December 23, 2013

ပြည်တွင်းလေကြောင်း လိုင်းသစ် ၂ လိုင်း ပြေးဆွဲမည်

0 comments
 23.12.2013

မကြာသေးခင်က ၀ယ်ယူထားတဲ့ ၁၂ ယောက်စီး လေယာဉ်ငယ်လေး ၂ စင်းနဲ့ မန္တလေး ချမ်းမြသာ စည်လေဆိပ်ကို ဗဟိုပြုပြီး မန်းရာဇာနဲ့ စစ်ကိုင်းလို့ခေါ်တဲ့ လေကြောင်းလိုင်းသစ် ၂ လိုင်း ပြေးဆွဲ သွားမယ်လို့ မြန်မာ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြော ဆိုပါတယ်။

yangon airportအမေရိကန်နိုင်ငံလုပ် ဆက်စနာ လေယာဉ်ငယ် ၂ စီး မန္တလေး ကို ရောက်ရှိနေပြီး လေကြောင်းခရီးစဉ်တွေနဲ့ မန္တလေးမြို့ပေါ် အပျော်ခရီး ပျံဝဲမှုခရီး စဉ်တွေ ပြေးဆွဲနေပေမယ့် နာမည်တပ်ပြီး လေကြောင်းလိုင်း ပြေးဆွဲတာကိုတော့ လာမယ့် ၂၀၁၄ ခုနှစ်မှ စမယ်လို့ ရှင်းပြပါတယ်။

အထူးသဖြင့် ဒီလေယာဉ်ငယ်လေးတွေဟာ လက်ရှိ ပြည်တွင်းလေကြောင်း လိုင်းတွေ ပြေးဆွဲခြင်း မရှိတဲ့ ခရီးစဉ်တွေကို ဦးစားပေး ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဲပုဂံ၊ အာရှဝိုင်းလ်၊ အမ်အေအိုင်၊ ရွှေမြန်မာ လေကြောင်းလိုင်း၊ အဲကမ္ဘောဇ၊ အဲမန္တလာ၊ ရန်ကုန်အဲဝေးနဲ့ ရိုးမလေကြောင်းလိုင်းတွေဟာ လေယာဉ် ၅၁ စီးနဲ့ ပြည်တွင်း ခရီးစဉ်တွေ ပြေး ဆွဲနေကြပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here