Tuesday, December 24, 2013

တောရိုင်းတိရစ္ဆာန် တရားမ၀င်ရောင်းဝယ်မှုမှ ကာကွယ်ရန် ပေါင် ၁၀ သန်း ဗြိတိန်ထောက်ပံ့

0 comments
24.12.2013

မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်ထွက်ကုန်များ (ကြံ့ချို နှင့် ဆင်စွယ်အပါအ၀င်) တရားမ၀င် ရောင်းဝယ်မှုများ ဖြေရှင်းနိုင်ရန် ရန်ပုံငွေ စတာလင်ပေါင် ၁၀ သန်း ကို ဗြိတိန်အစိုးရက ဒီဇင်ဘာ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

“တောရိုင်းတိရစ္ဆာန် တရားမ၀င် ရောင်းဝယ်မှုက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအချို့မှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို နှောင့်နှေးစေခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအခွင့်အလမ်းတွေကို ပျက်စီးစေခြင်း၊ လာဘ် စားမှုလုပ်ငန်းများ မြင့်မားစေခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့ ပေါင်ငွေ ဘီလီယံနှင့်ချီပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းမျိုးပါ”ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗြိတိန်မှ ပေးအပ်မည့် ရန်ပုံငွေအတွက် အစိုးရများ၊ လူမှုရေးအသင်းအဖွဲ့များမှ လျှောက်ထားနိုင် သည်။ မြန်မာနိုင်ငံအတွင်းမှ လျှောက်ထားလိုသော အဖွဲ့အစည်းများအတွက် အသေးစိတ် အချက်အလက် များ ကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ပုံငွေကို တောရိုင်းတိရစ္ဆာန်များ တရားမ၀င် ရောင်းဝယ်မှုတားဆီးရာတွင် အသုံးပြုနိုင်ပြီး ကြံ့ချိုများ၊ ဆင်စွယ်များစသည့် ထုတ်ကုန်များကို တရားမ၀င်ကူးသန်းရောင်းဝယ်မှု ၀ယ်လိုအားလျှော့ချရန်စသည့် လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထို့နည်းတူ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ တွင် တောရိုင်းတိရစ္ဆာန် တရားမ၀င် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်သည့် ညီလာခံကို လန်ဒန်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံအစိုးရကိုလည်း ညီလာခံတက်ရောက်ရန် ဖိတ်ကြားထားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here