Monday, December 2, 2013

နိုင်ငံအတွင်းသို့ တရားမ၀င်နည်းလမ်းဖြင့် ၀င်လာသူမှန်သမျှ တိုင်းပြည်မှ နှင်ထုတ်ခွင့်ရှိသည်ဟု ဒိုမီနီကန်ကဆို

0 comments

2.12.2013
ဟေတီနိုင်ငံသား ရွေ့ြေ့ပာင်းနေထိုင်သူ တစ်သောင်းခန့်ကို ဒိုမီနီကန်နိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ ထွက်သွားရန် အတင်း အကျပ်မောင်းထုတ်လျက်ရှိသည်။ ဒိုမီနီကန် တရားရုံးက နိုင်ငံဖြတ်ကျော် ကျူးကျော်နေထိုင်သူများကို နိုင်ငံသား မပေးနိုင်ကြောင်းနှင့် မိမိတို့နိုင်ငံရောက်ပြီး မှ မွေးဖွားလာ သူများ ဖြစ်လျှင်လည်း ယင်းအခွင့်အရေးမျိုးကို ပေးမည် မဟုတ် ကြောင်းဆိုသည်။

လက်ရှိအချိန်တွင်ရာကဏန်းမျှရှိသော ဟေတီသားတို့သည် နေရပ်သို့ ပြန်သွားကြပြီး နေရပ်တွင်လည်း နိုင်ငံသားခံယူ ခွင့်ရရန် တောင်းဆိုမှုများ ပြုလုပ်နေရသည်။

စက်တင်ဘာလက ဒီမီနီကမ်တရားရုံးက ၁၉၂၉ခုနှစ်နောက်ပိုင်း အထောက်အထားမရှိသော ရွေ့ပြောင်းနေ ထိုင် သူများကိုနိုင်ငံသားပေးမည်မဟုတ်ဟု ဆုံးဖြတ် ခဲ့သည်။ ဟေတီသားများဘက်က ရပ်တည်နေ သည့် ရှေ့နေအဖွဲ့က လက်ရှိအစိုးရ လက်ထက် ကတည်းက ဟေတီသားများကို အတင်း အကျပ် ပြန်နှင်နေကြောင်း စွတ်စွဲထားသည်။

မိသားစုတစ်ခုဆိုလျှင် ဒိုမီနီကန်သားနှင့် ဟေတီသူတို့ ပေါင်းဖက်ပြီးနောက် သားဦးပင်လျှင် ၂၁အရွယ် ရောက်နေသည့်အချိန်တွင် မိခင်ဖြစ်သူကို အစိုးရက တိုင်းပြည်မှ နှင်ခံ့သည်ဟု စွတ်စွဲ ထားသည်။ ထိုအမှုကို ဒိုမီနီကမ် အာဏာပိုင်းများက ထိုသို့ လုပ်ဆောင်ခြင်း မရှိခဲ့ဟု ငြင်းဆိုထားသည်။

ဒိုမီနီကန် လူဝင်မှုကြီးကြပ်ရေးမှ အထွေထွေကြီးကြပ်သူ ဂျိုစ်ဟစ်ပိုလီတိုမာတင်က အစိုးရသည် တိုင်းပြည်မှ နှင်ထုတ်သည့် ကိစ္စများ လက်လွတ်စပါယ်လုပ်နေခြင်းမဟုတ်ကြောင်း၊ အကယ်၍ နိုင်ငံခြား သားတစ်ဦးသည် တရားမ၀င်နည်းနှင့် နိုင်ငံအတွင်း ၀င်ရောက်ခဲ့လျှင် သို့တည်းမဟုတ် အခြေအနေ တစ်ရပ်တွင် တရားမ၀င် နေထိုင်းနေခြင်းဖြစ်ကြောင်း ပေါ်လွင်နေလျှင် တိုင်းပြည်မှ နှင်ထုတ် ရမည်ဖြစ်ကြောင်း ဥပဒေက ရှင်းလင်းစွာ ဖော်ပြထားသည်ဟု ဆိုသည်။

Ref: Al Jazeera
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here