Monday, December 2, 2013

မြဝတီမြို့ ဂျာနယ်လစ်တစ်ဦးအိမ်သို့ ပြောင်းရှည်သေနတ်ကိုင်ဆောင်သူ သူခိုးဝင်ရောက်ခိုးယူမှုဖြစ်ပွား

0 comments
Monday, December 2, 2013

မြဝတီမြို့တွင် သတင်းရေးသားနေသော ဂျာနယ်လစ်ဖြစ်သူ ကိုသက်ဦးနိုင်၏အိမ်သို့ နိုဝင်ဘာ ၂၈ ရက် နံနက် ၃းဝ၀ နာရီအချိန်က သူခိုးတစ်ဦးက ၀င်ရောက်ပြီး ကိုသက်ဦးနိုင်၏ ကင်မရာ၊ အသံ ဖမ်းစက်၊ မြန်မာဖုန်းတစ်လုံးနှင့် ထိုင်းဖုန်းတစ်လုံး ခိုးယူသွားခဲ့သည်။ ထို့ နောက် ယင်းနေ့ည ၇းဝ၀ နာရီ အချိန် တွင် အဆိုပါသူခိုးသည် အဆိုပါအိမ်အပေါ်ထပ်သို့ တိတ်တဆိတ်ထပ်မံဝင်ရောက်ခဲ့ပြီးလျှင် အိမ်ခန်း တစ်ခုအတွင်း ဝင်ရောက်ပုန်းခိုနေရာ ကိုသက်ဦးနိုင်မှာ သူခိုးဝင် ရောက်နေသည်ကို မသိရှိလိုက်ဘဲ အိမ်အပေါ်ထပ်ရှိ တံခါးများအားလုံး ပိတ်ပြီး အောက်ထပ်တွင် မိသားစုနှင့်အတူ ထမင်းစားနေခဲ့သည်။

ထို့နောက် ၎င်း၏သမီးဖြစ်သူ (၁၀) တန်းကျောင်းသူက အိမ်အပေါ်ထပ်သို့ တက်သွားစဉ် သူခိုးဖြစ်သူအား အမှတ်မထင် တွေ့ရှိလိုက်ပြီး လန့် အော်လိုက်ရာ အောက်ထပ်တွင် ထမင်းစားနေသော ကိုသက်ဦးနိုင် သည် အိမ်အပေါ်ထပ်သို့ ပြေးတက်သွားခဲ့သော်လည်း သူခိုးဖြစ်သူမှာ ကြိုတင်ဖွင့်ထားသော တံခါးပေါက်မှ လျင်မြန်စွာခုန်ချထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ကိုသက်ဦးနိုင်၏ မိသားစုအားလုံးမှာ သူခိုးကို လုံးဝမမြင်တွေ့လိုက်ရသော်လည်း (၁၀) တန်းကျောင်းသူ သမီး တစ်ယောက်က တွေ့မြင်လိုက်ရပြီး ပုံပန်းသဏ္ဌာန်ကိုပြောပြရာ သူခိုးသည် စစ်ဂျာကင် အင်္ကျီနှင့် ဘောင်းဘီရှည်ဝတ်ဆင် ထားပြီး နောက်ကျောတွင် သေနတ်ပြောင်းရှည်တစ်လက် လွယ်ထား သည်ကို ထင်ရှားစွာ တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းနှင့် တာဝန် ရှိသူများထံ တိုင်ကြားထားပြီး မြဝတီမြို့ တွင် သေနတ်ကိုင်၍ သူခိုးဝင်ခိုးသည်ဟူသော သတင်းမှာ အထူးအဆန်းသဖွယ် ပျံ့နှံ့သွားခဲ့သည်။ ၎င်းသူခိုးသည် အနုကြမ်း စီးဖို့လား၊ ဓားပြတိုက်ဖို့လား၊ တစ်ခုခုပြု လုပ်နိုင်သည်ဟု ဒေသခံတချို့ က သုံးသပ်နေကြသလို သူခိုးမှာ သေနတ် ကိုင်ဆောင် လာသဖြင့် ပြည်သူများ၏ လုံခြုံမှုမှာ စိုးရိမ်စရာဖြစ်နေသည်ဟု ပြောဆိုနေကြကြောင်း သိရသည်။

ကိုကိုမောင်(မြဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here