Wednesday, December 4, 2013

သီလ၀ါစီးပွားရေးဇုန်ရှိ မြေယာလျော်ကြေးမရသည့် လယ်သမားများ တိုင်းအစိုးရနှင့် တရားရင်ဆိုင်မည်

0 comments

4.12.2013

သီးနှံလျော်ကြေးသာပေးပြီး မြေယာလျော်ကြေးမပေးသည့်အတွက် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံ ကိန်းမှ အကောင် အထည်မဖော်ရသေးသော ဟက်တာ ၂၀၀၀ အတွင်းရှိ လယ်သမားများက ရန်ကုန် တိုင်းအစိုးရနှင့် တရား ရင်ဆိုင် သွားမည်ဟု လယ်သမားခေါင်းဆောင်များက ဒီဇင်ဘာ ၃ ရက်တွင် မဇ္ဈိမ ကို ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်း အတွင်းရှိသော သီတာမြိုင်ကရပ် ရပ်ကွက်မှ လယ်သမားခေါင် ဆောင် ဦးအေးဋ္ဌေးက “စီမံခန့်ခွဲရေး ကော်မတီက ပြောတယ်။ ငါးနှစ်စာ သီးနှံလျော်ကြေးကိုမကျေနပ် ဘူးဆိုရင် တိုင်းဒေသကြီး ကို တရားရင်ဆိုင်ရမယ်။ အမှုနိုင်ခဲ့ရင်လယ်သမားတွေတောင်းဆိုတဲ့ မြေယာ လျော်ကြေး တစ်ဧကကို သိန်း ၃၀၀ ကျပ်ရမယ်။ အမှုရှုံးခဲ့ရင် ဘာလျော်ကြေးမှရမှာ မဟုက်ဘူးလို့ပြော တယ်။ ဦးတို့က ဟက်တာ၂၀၀၀ စီမံကိန်းစပြီးဆိုတာနဲ့ တရားရင်ဆိုင်မယ်” ဟု ပြောသည်။

ဟက်တာ ၂၀၀၀ စီမံကိန်းကို ပထမအဆင့် ဟက်တာ ၄၀၀ စီမံကိန်းပြီးမည့် ၂၀၁၅ ခုနှစ်မှစတင်ရန် သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက လျာထားသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ခြောက်လအတွင်း စီမံကိန်းအကောင် အထည်မဖော်ခဲ့သည့် အတွက် ပြန်လည် သိမ်းယူခွင့်ရှိသည့် ပုဒ်မ-၃၁နှင့် မူလလယ်ပိုင်ရှင်များကို ပြန်လည်ပေးအပ်ရမည့် ပုဒ်မ-၃၂ ပါအချက်အလက်များဖြင့် တရား ရင်ဆိုင်သွားမည်ဖြစ်သည်။
မြေယာလျော်ကြေးမပေးပါက တောင်သူများက လယ်ယာမြေမှ ဖယ်ရှားပေးမည်မဟုတ်ဘဲ ပိုင်ဆိုင် သည့် လယ်ယာမြေပြန် ရသည့်အထိ တရားရင်ဆိုင် ဖြေရှင်းသွားမည်ဟု လယ်သမားကိုယ်စားလှယ်များ က ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းအတွင်းရှိ အလွမ်းဆွတ်ကျေးရွာ လယ်သမားခေါင်းဆောင် ဦးမြတ် လှိုင်က “သိမ်းတုန်းကလည်း သိမ်းချင်လို့ သိမ်းထားတာ။ လက်ရှိ ၂၀၁၂ လယ်ယာမြေ ဥပဒေအတိုင်း ကျင့်သုံးသွားမယ် ဆိုရင်တော့ လယ်သမားတွေဘက်က နိုင်မှာသေချာတယ်” ဟု ပြောသည်။
လယ်သမားများဘက်က ကူညီဆောင်ရွက်ပေးမည် တရားလွှတ်တော် ရှေ့နေဦးဟန်ရှင်ဝင်းက “သီးနှံ လျော်ကြေး ရတယ်။ မြေယာလျော်ကြေးနဲ့ ပတ်သက်ပြီး ရထိုက်တယ်။ ရန်ကုန်တိုင်းဒေသကြီးကို တရား ရင်ဆိုင်ဖို့ ပြင်ဆင် တဲ့ ကာလဖြစ်တယ်။ ၂၀၁၂ မြေယာဥပဒေ အခြေခံပြီးဆောင်ရွက်မယ်။ ဥပဒေပါ အခွင့် အရေးနဲ့ ဆောင်ရွက်မယ်” လို့ဆိုသည်။
စီမံကိန်း စတင်ဆောင်ရွက်နေပြီးဖြစ်သည့် ဟက်တာ ၄၀၀ အတွင်းရှိ လယ်သမားနှစ်ဦးက “လျော်ကြေး ကိစ္စ မပြတ်သေးဘူး။ အခွင့်အရေးလည်း အပြည့်အ၀မရသေးဘူး။ အမှုရင်ဆိုင်ဖို့ပြင်ဆင်နေတာလည်း ရှိသည်” ဟု ဆိုသည်။ အမှု နိုင်မလား မနိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာရမယ်ထင် ပြီး မရတဲ့ကိစ္စတွေလည်းရှိသည့်အတွက် ဥပဒေအရပဲ ဆောင်ရွက်သွားမည်ဟု ဆက်ပြောသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်း စုစုပေါင်းဟတ်တာ ၂၄၀၀အတွက် လယ်မြေဧက ၅၉၃၀ ကို အသုံး ပြု အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။၁၉၉၇ခုနှစ်ကလယ်တစ်ဧကကျပ်၂၀,၀၀၀ နှုန်းဖြင့် လျော်ကြေးငွေပေးပြီး စစ်အစိုးရအနေဖြင့် တရားဝင်သိမ်းဆည်းထာပြီးဖြစ်သည်။
စီမံကိန်းအကောင်အထည်မဖော်နိုင်သည့်အတွက် မူလပိုင်ရှင်လယ်သမားများကို ၁၇ နှစ်ကျော် လယ် ယာမြေပြန် လည်စိုက်ပျိုးခွင့်ပြုထားခဲ့ခြင်းဟု လယ်သမားခေါင်ဆောင်များက ပြောသည်။
သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့ရှိ အလွမ်းဆွတ်ကျေးရွာ၊ ပျားကုန်းကျေးရွာ၊သီလ၀ါကျေးရွာ၊ဖလန်းကျေးရွာ ၊တပ်ရာကုန်းကျေးရွာနှင့်သီတာမြိုင်ကရပ်ရပ်ကွက်မှလယ်ယာမြေများသိမ်းဆည်းထားခြင်းဖြစ်သည်။ ကျေးရွာခြောက်ရွာမှ လယ်သမားမိသားစု ၃၆၈ ဦးနှင့် လယ်ယာမြေကို မြေဖို့ခံထား ရသော လယ်သမားမိသားစု ၈၄ ဦးကရန်ကုန် တိုင်းဒေသ ကြီးအစိုးရနှင့် တရားရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်သည်။





Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here