Wednesday, December 4, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ခြင်းလုံးမှ ယနေ့ရယူမည်

0 comments
                              ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး) - ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး)

  ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။       ။ (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအ တွက် ပထမဆုံးရွှေတံဆိပ်ကို ပြိုင် ပွဲစသည့် ၄ရက်နေ့(ယနေ့)တွင် ရရှိနိုင်လိမ့်မည်ဟု ပြည်ထောင် စု ဝန်ကြီး ဦးတင့်ဆန်းက ထုတ် ဖော်ပြော ကြား သည်။  ဆီးဂိမ်းပြိုင်ပွဲ၏ ပထမဆုံး ကျင်းပသည့် ခြင်းလုံး အားကစား နည်း အဖွင့်ပွဲစဉ်တွင် (Event 3)ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကာ အမျိုးသားအတန်းတွင် လာ အို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသမီးအတန်းတွင် ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ယင်းပြိုင်ပွဲ ဆုပေး ခြင်း ကို ည၆နာရီမှ ၆နာရီခွဲအ ထိ ပြုလုပ်သွားမည်ဖြစ်ကာ ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်း က မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား သတင်းကြေညာသည့် ၆နာရီ၌  Breaking News  အဖြစ် ထုတ် လွှင့်သွားမည် ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ ပြည် ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ''မြန်မာအားကစားအဖွဲ့ရဲ့ ပထမ ဆုံးရွှေတံဆိပ် ကို ရိုးရာခြင်းလုံးက နေ စတင်ရရှိမှာဖြစ်ပါတယ်။ ဒီ အခမ်းအနားကို ရုပ်သံတွေကနေ ထုတ်လွှင့်ပေးမယ်'' ဟု ယင်းက ပြောသည်။ အဆိုပါ ပြိုင်ပွဲ ကို ပရိသတ် ၅၀၀၀ ဝင်ဆံ့သည့်နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်း ပမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းပြိုင် ပွဲကိုလည်း ယင်းနေရာ၌ပင်ကျင်းပ သွားမည်ဖြစ်သည်။ ရိုးရာခြင်းလုံးပြိုင်ပွဲကို ရွှေ တံဆိပ်ရှစ်ခုချီးမြှင့်ရန် စီစဉ် ထား ပြီး မြန်မာ့ရိုးရာခြင်း လုံး အဖွဲ့အနေ ဖြင့် အဆိုပါအားကစားနည်းမှ အနည်းဆုံး ရွှေတံဆိပ်ခြောက်ခု ရရှိမည်ဖြစ်ကာ (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာအား ကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၁ဝဝရရှိရန် မျှော်မှန်း ထားကြောင်း သိရ သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၌ မြန်မာ့ရိုးရာခြင်းလုံးပြိုင် ပွဲကို အမျိုးသားပြိုင်ပွဲလေးမျိုး၊ အမျိုးသမီး ပြိုင်ပွဲလေးမျိုး ထည့် သွင်းထားသော်လည်း ပါဝင်ယှဉ် ပြိုင်မည့်နိုင်ငံများအနေဖြင့် တစ် နိုင်ငံလျှင် ပြိုင်ပွဲအမျိုးအစားသုံး မျိုးသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ များအနေဖြင့် တစ်နိုင်ငံလျှင် အား ကစားသမား (ကျား/မ)၁၆ဦးစီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲ သုံးမျိုးစလုံးတွင် ပါဝင်ကစားနိုင် သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ၌ ရိုးရာခြင်းလုံးအားကစား နည်းပြိုင်ပွဲအမျိုးအစား လေးမျိုး မှာ အခြေခံ အထိ ခြောက်ချက် မျိုးကွဲပြိုင်ပွဲ၊ အခြေခံအထိခြောက် ချက်အမျိုးတူပြိုင်ပွဲ၊ အခြေခံ အထိ ခြောက်ချက် အတွဲပြိုင်ပွဲနှင့် ဒုတိ ယအဆင့် မျိုးကွဲပြိုင်ပွဲ များထည့် သွင်းကျင်းပ မည်ဖြစ်ကြောင်း သိ ရသည်။

YMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here