Tuesday, December 24, 2013

ရွန်နီ၏ ခေါင်းဆောင်မှု စွမ်းရည်ကို မိုယက်စ်ချီးကျူး

0 comments
24.12.2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က အသင်း၏ တိုက်စစ်မှူး ဝိန်းရွန်နီအား စစ်မှန်သော ခေါင်းဆောင်အရည်အသွေး ရှိသူတစ်ဦးဟု ချီးကျူး ညွှန်းဆိုလိုက်သည်။

အိုးလ်ထရက်ဖို့ဒ် သမိုင်းအစဉ်အဆက် အထည်ဝါ အခမ်းနားဆုံး ကစားသမားများနှင့် တန်းတူနီးပါး အခြေအနေမျိုး ရွန်နီအနေဖြင့် ပိုင်ဆိုင်နေပြီဟုလည်း မိုယက်စ်က ယူဆထားသည်။ ရွန်နီသည် ယခုရာသီ ယူနိုက်တက်၏ တက်ကြွထက်သန်မှု အရှိဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေ သူ ဖြစ်သည်။ ၎င်းသည် ကွင်းလယ် ကစားသမား အများအပြား ဒဏ်ရာရနေချိန်တွင် မူလ တိုက်စစ် မှူး နေရာကို စွန့်ခွာကာ ကွင်းလယ်သို့ ဆင်း၍ တာဝန်ယူပေးနေသူလည်း ဖြစ်သည်။ ဝက်စ်ဟမ်း ယူနိုက်တက်ကို အနိုင်ရသော ပွဲစဉ်တွင် ရွန်နီအနေုဖြင့် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ကွင်းလယ်လူအဖြစ်နှင့် အသင်းဖော်များ ဂိုးသွင်းနိုင်အောင် နှစ်ကြိမ် ဖန်တီးပေးခဲ့သည်။

အသက်(၂၈)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်နှင့် ပတ်သက်ပြီး မိုယက်စ်၏ ၎င်း၏ ဦးဆောင်ဦးရွက်ပြုမှု အရည်အသွေးကို အလေးအနက် အသိအမှတ် ပြုခဲ့သည်။ "ရွန်နီနဲ့ ပတ်သက်ပြီး လွန်လွန်ကဲကဲ ကျွန်တော် သတိပြု ခံစားမိတာ ဘာလဲသိလား။ အဲဒါကတော့ ခေါင်းဆောင်မှု စွမ်းရည်ပဲ။ သူဟာ အသင်းနဲ့ ပတ်သက်သမျှ တာဝန်ယူချင်နေသူ တစ်ယောက်၊ သူ့ကစားပုံနဲ့ ပတ်သက်ရင် အမြဲတမ်း ဂရု တစိုက် ပြန် ဆန်းစစ်နေသူ တစ်ယောက်ပါ။ ဒီလို အရည်အသွေးကောင်းတွေ သူ့ဆီမှာ ကျွန်တော် မြင်နေရတယ်"ဟု မိုယက်စ်က ဆိုသည်။

၎င်းက "သူ့ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိမနေရင်တော့ ကျွန်တော် သူ့ကို အချိန် အတိုင်းအတာ တစ်ခုထိ အနားပေးရင် ပေးထားမှာပါ။ တကယ်တော့ သူဟာ အသင်းအတွက် ဘာလုပ်ပေးရပေးရ ပြဿနာလို့ မမြင်ပါဘူး။ ခုဆို သူအသက် ရလာပါပြီ။ ကျွန်တော်တို့ မြင်တွေ့နေကျ ချာတိတ်လေး မဟုတ်တော့ဘူး ဆိုတာကို သူကိုယ်တိုင်လည်း သတိထားမိနေပြီ ဖြစ်ပါတယ်။ အသင်းမှာ သူက စီနီယာ တစ်ယောက် ဖြစ်လာပါပြီ။ ခုဆိုရင် ကလပ်ရဲ့ အခမ်းနားဆုံး ဂန္ထဝင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်ဖို့ အနီးစပ်ဆုံးတောင် ဖြစ်နေခဲ့ပါပြီ"ဟုလည်း ချီးကျူးသွားသည်။

Ref:skysport
Soccer Myanmar |

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here