Friday, December 20, 2013

ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ

0 comments


20.12.2013

ဖင်လန် ပရီးမီးယားလိဂ်အသင်း တစ် သင်းဖြစ်သည့် KUPS လူငယ် အသင်း တွင် မြန်မာလူမျိုးဘောလုံး သမားတစ်ဦး ဝင်ရောက်က စားနေပြီဖြစ်ကြောင်း သိရသည်။ KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစားလျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း၏ရွေး ချယ်ခြင်းကို ခံခဲ့ရသူလည်းဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး အသက်၁၉နှစ်အောက် အသင်းတွင် ၂၀၁ဝပြည့်နှစ် ဇူလိုင်လက ရွေးချယ်ခံရကာ အသင်းနှင့်အတူ ကာလတိုလေ့ ကျင့်ခွင့်ရ ခဲ့သူလည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့သူ ကစားသမား အချို့မှာ ယူ-၁၉ ဥရောပချန်ပီ ယံရှစ်တွင် ဖင်လန်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။ ကွင်းလယ်ကစားသမား ချစ်စန်းကျော်သည် ကျောနံပါတ်၂၀ ဝတ်ဆင်ကစားကြောင်း KUPSအသင်းလူစာရင်း တွင် ဖော်ပြထားချက်အရ သိရသည်။ ယင်းအနေဖြင့် ဖင်လန် ထိပ်တန်းလိဂ်မှ အသင်းတစ် သင်း၏ လူငယ်အသင်းတွင် ကစားနေရခြင်းအပေါ် အွန်လိုင်းပေါ်မှ လူအများ စိတ်ဝင်စားလျက်ရှိပြီး မြန်မာ အသင်း တွင် ရွေးချယ်မည်ဆိုလျှင် အ သင်းအတွက် ပိုကောင်းမွန်မည် ဟုလည်း သုံးသပ်လျက်ရှိသည်။

KUPSအသင်းသည် ၂၀၁၀-၂၀၁၁ခုနှစ်တွင် ယူရိုပါလိဂ်နှင့် ယခုနှစ်ယူရိုပါလိဂ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည့်အသင်းဖြစ်ကာ လက်ရှိ ဖင်လန်ပရီးမီးယားလိဂ်တွင် အဆင့်(၁၀)ဖြင့် ရပ်တည် နိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင် ပွဲတွင် မြန်မာယူ-၂၃အသင်း ၌ ပါဝင်ကစားခဲ့သူအချို့မှာ လာမည့် (၂၈)ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အသက်လွန်ပြီဖြစ်ရာ မြန်မာ ဘောလုံးအသင်းအနေဖြင့် မျိုး ဆက်ပြတ်မသွားစေရန် ထွန်း တောက်သည့် လူငယ်ကစား သမားများ ပေါ်ထွန်းလာရန် အရေးတကြီး လိုအပ်လျက်ရှိ သည်။

မင်းသန့်
Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here