Friday, December 20, 2013

တိုင်းရင်းသား လက်နက်ကိုင်များ အခွန်လွတ် ကားပါမစ် အစီး ၂၉၀ သာ သွင်းခွင့်ရဟု KNU ဆို

0 comments
20.12.2013

တိုင်းရင်းသား လက်နက်ကိုင် များကို အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရက ပေးအပ်သော အခွန်လွတ် ကားပါမစ်မှာ အစီးရေ ၂၉၀ ရှိကြောင်း KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ Business Alliance ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကယင်း သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များထံသို့ အခွန်လွတ်ကား တင်သွင်းခွင့်ကို အစိုးရမှ ထောင်ဂဏန်းအထိ ထုတ်ပေးထားကြောင်း ပြည်တွင်းမီဒီယာ အချို့တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ထို့ကဲ့သို့ ရှင်းလင်း ပြောဆိုခြင်း ဖြစ်သည်။

“အခွန်ကင်းလွတ်ခွင့် အပါအဝင် အစီးရေက တစ်ထောင်တောင် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများ အဖွဲ့အစည်းများ ရပ်တည်ရေး အတွက် ကားတင်သွင်းခွင့်ကို လက်ခံခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အဆိုပါ ကားပါမစ် များတွင် KNU က အခွန်ကင်းလွတ်ခွင့် ရထားသော မော်တော်ယာဉ်စီးရေ ၄၀ နှင့် အခွန် ၆၀ ရာခိုင်နှုန်း ပေးဆောင်ရသော မော်တော်ယာဉ် စီးရေ ၈၀ တင်သွင်းခွင့် ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကားတင်သွင်းခွင့် များကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသော လက်နက်ကိုင်များကို ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း KNU မှ သိရသည်။

ငြိမ်းချမ်းရေး ကားပါမစ်ကြောင့် ရန်ကုန် မော်တော်ယာဉ် ဈေးကွက်တွင် အမြင့်ကားများ ဈေးထိုး ကျခဲ့ကြောင်း ရန်ကုန် မော်တော်ယာဉ် ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကားပါမစ်များတွင် ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရသော ကားအစီး ၅၈၀ နှင့် အခွန်ကင်းလွတ်သော ကားအစီး ၂၉၀ သာရှိပြီး KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့သို့ ပေးအပ်ထားကြောင်း KNU ထံမှ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here