Monday, December 23, 2013

သဘာဝသယံဇာတများ တူးဖော်ရာတွင် ပွင့်လင်းမြင်သာရေး အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေး

0 comments
23.12.2013

မြန်မာနိုင်ငံရှိ သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်လုပ်တူးဖော်ရာတွင် လုပ်ငန်းများ ပွင့်လင်းမြင် သာမှုရှိရန် ရှမ်းပြည်နယ်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၂ ရက်က တောင်ကြီး မြို့ရှိ Classic စားသောက်ဆိုင်တွင် ကျင်းပလျက်ရှိသည်။

သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ အရပ် ဘက် လူ့အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု မျိုးဆက်သစ် (ရှမ်း ပြည်)အဖွဲ့ဝင် ကိုမိုးက ပြောသည်။ တွေ့ဆုံပွဲသို့ ရှမ်းအရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်တို့မှ အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၃၈ ဖွဲ့မှ လူပုဂ်္ဂိုလ် ၈၀ ဦးခန့် တက်ရောက်သည်။

တက်ရောက်လာသည့် အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များထဲမှ ရှမ်းပြည် တစ်ပြည်လုံးအ တိုင်းအတာဖြင့် ကိုယ်စားပြုဒေသ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၉ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ရှမ်း တောင် အတွက် ရှစ်ဦး၊ ရှမ်းအရှေ့အတွက် သုံးဦး၊ ရှမ်းမြောက်အတွက် ရှစ်ဦး ရွေးချယ်သွားမည် ဖြစ် သည်။

အဆိုပါဒေသ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၉ ဦးထဲမှ ငါးဦးကို နိုင်ငံအဆင့် ကိုယ်စားလှယ်အဖြစ် ထပ်မံ ရွေးချယ်မည်ဖြစ်သည်။ အလားတူပင် တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ နိုင်ငံအဆင့် ကိုယ်စားလှယ် ငါးဦးစီ ရွေး ချယ်မည်ဖြစ်ရာ နိုင်ငံအဆင့် ကိုယ်စားလှယ် ၇၀ ဦး ရှိလာမည်ဖြစ်သည်။ နိုင်ငံအဆင့် ကိုယ်စားလှယ်တို့ သည် အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်လူ့အဖွဲ့အစည်း သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့အဖြစ် ထပ်မံဖွဲ့စည်းသွား မည်ဖြစ်သည်။

ပအိုဝ်းလူငယ် အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ဒီမိုအဖွဲ့မှ ခွန်ခမ်းကောင်ကလည်း “အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ပူးပေါင်းပြီး လုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ပွင့်လင်းမြင် သာမှုမရှိတဲ့ စီမံကိန်းတွေကြောင့် နစ်နာနေကြရတဲ့ ဒေသခံလူထုရဲ့ အကျိုးကို ကူညီဆောင်ရွက်ပေးနိုင် မှာဖြစ်လို့ပါ”ဟု မဇ္ဈိမကို ပြောသည်။

သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်နိုင် ရေး EITIကို အကောင်အထည်ဖော်နိုင်လျှင် ကောင်းမွန်သောအစိုးရ ဖြစ်ပေါ်ရေးကို အထောက် အ ကူပြု စေသည့်အပြင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အပေါ် နိုင်ငံတကာ ၏ ထောက်ခံမှုကိုရရှိခြင်း၊ အစိုးရ၏ သယံဇာတဆိုင်ရာ အခွန်ကောက်ယူမှု အရည်အချင်းနှင့် လူထုအခြေပြု အဖွဲ့အစည်းများအ ကြား ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုစေမည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here