Thursday, December 5, 2013

ရန်​ကုန်​မြစ်​ကမ်း​နား​ဘေး​တွင် ​အ​ပန်း​ဖြေ​နေ​ရာ ​တည်​ဆောက်​မည်

0 comments
5.12.2013

ရန်​ကုန်​မြို့​   ​ဆိပ်​ကမ်း​နယ်​မြေ​တ​လျှောက်​ကို   ​ဖွံ့​ဖြိုး​အောင် ​လုပ်​ဆောင်​တဲ့​အ​ခါ​မှာ  ​ပြည်​သူ​တွေ ​အ​ပန်း​ဖြေ​နိုင်​ဖို့​အ​တွက် ​မြစ်​ကမ်း​ဘေး​တ​လျှောက်  ​စိမ်း​လမ်း​စို​ပြေ​မှု​ဇုန်​အ​ဖြစ် ​သတ်​မှတ်​ဆောင်​ရွက်​ဖို့​  ​ရန်ကုန် ​မြို့​တော် ​မြေ​အ​သုံး​ချ​ရေး​နဲ့ ​နယ်​မြေ​ခွဲ​ခြား​သတ်​မှတ်​မှု​အ​ဖွဲ့​က ​ကြိုး​ပမ်း​နေ​ပါ​တယ်။

Dala​ရန်​ကုန်​မြို့​တော်​အ​တွင်း​က  ​ဗိုလ်​တ​ထောင်​က​နေ ​လမ်း​မ​တော် ​မြစ်​ကမ်း​တ​လျှောက်​ကို ​စိမ်း​လမ်း​စို​ပြည်​မှု​ဇုန်​အ​ဖြစ် ​သတ်​မှတ်​ပြီး ​ဆိပ်​ကမ်း​ဖွံ့​ဖြိုး​ရေး ​လုပ်​ဆောင်​တဲ့​အ​ခါ ​ကမ်း​နဲ့​  ၂၅ ​ပေ ​အ​ကျယ် ​မြေ​နေ​ရာ ​တောင်း​ပြီး ​အ​များ​ပြည်​သူ ​အ​ပန်း​ဖြေ​ရာ​နေ​ရာ​အ​ဖြစ် ​သတ်​မှတ်​သွား​ဖို့ ​စီ​စ​ဉ်​နေ​ကြ​တာ ​ဖြစ်​ပါ​တယ်။

ရန်​ကုန်​မြို့​တော်​အ​တွင်း​မှာ ​ပန်း​ခြံ​တွေ ​နည်း​ပါး​လို့ ​အ​များ​ပြည်​သူ ​နား​နေ​နိုင်​ဖို့​၊​က​လေး ​သူ​ငယ်​တွေ ​က​စား​နိုင်​ဖို့​နဲ့ ​ကျန်း​မာ​ရေး​လေ့​ကျင့်​ခန်း​တွေ ​လုပ်​နိင်​ဖို့ ​ဆိပ်​ကမ်း​၀န်း​ကျင်​ကို​လည်း ​စိမ်း​လန်း​စို​ပြေ​မှု​ဇုန်​အ​ဖြစ် ​သတ်​မှတ် ​ရ​တာ​ပါ​လို့ ​ရန်​ကုန်​မြို့​တော် ​မြေ​အ​သုံး​ချ​ရေး​နဲ့ ​နယ်​မြေ​ခွဲ​ခြား​သတ်​မှတ်​မှု ​အ​ဖွဲ့​၀င် ​ဒေါ်​လှိုင်​မော်​ဦး​က ​ပြော​ပါ​တယ်။

“Downtown Area ​မှာ ​ကျ​မ​တို့​က ​ပန်း​ခြံ​တွေ​လည်း ​နည်း​တယ်​လေ။ ​နောက် ​က​လေး​တွေ ​ထွက်​ဆော့ ​စ​ရာ​နေ​ရာ ​ဒါ​မှ​မ​ဟုတ် ​အား​က​စား​ထွက်​လုပ်​မှာ ​ဖြစ်​ဖြစ်၊ ​လမ်း​လျှောက်​မှာ​ပဲ ​ဖြစ်​ဖြစ်၊ ​အဲ​ဒီ​လို ​ထွက်​လုပ်​စ​ရာ ​နေ​ရာ​က ​နည်း​တယ်​လေ။ ​နည်း​တဲ့​အ​တွက်​ကြောင့် ​ဒီ​ဆိပ်​ကမ်း​နယ်​မြေ​ကို ​ပြန်​ပြီး ​ပြင်​ဆင်​တဲ့​အ​ချိန်​မှာ ​ပြည်​သူ​တွေ​အ​တွက်​ကို ​မြစ်​ကမ်း​ဘေး​မှာ ​ပြည်​သူ​တွေ​အ​တွက် ​အ​ပမ်း​ဖြေ​ရာ​နေ​ရာ​အ​ဖြစ် ​သတ်​မှတ်​ပေး​ဖို့​ပါ။”

ရန်​ကုန်​မြို့​တော်​အ​တွင်း​မှာ ​မ​ဟာ​ဗ​န္ဓု​လ​ပန်း​ခြံ၊ ​ကန်​တော်​ကြီး​၊ ​အင်း​လျား​ကန်​နဲ့ ​လှော်​ကား​ပတ်ဝန်း​ကျင် ​စ​တဲ့​နေ​ရာ​တွေ​ကို ​စိမ်း​လန်း​စို​ပြေ​မှု​ဇုန်​အ​ဖြစ်  ​မူ​လ​က ​သတ်​မှတ်​ထား​တာ ​ဖြစ်​ပါ​တယ်။

ခု​ချိန်​မှာ​တော့ ​ဆိပ်​ကမ်း​အာ​ဏာ​ပိုင်​တွေ​က ​ကု​မ္ပ​ဏီ​တွေ​ကို ​တင်​ဒါ ​ခေါ်​ယူ​ပြီး ​ဆိပ်​ကမ်း ​ဖွ့ံ​ဖြိုး​ရေး​အ​တွက် ​တည်​ဆောက်​သွား​ဖို့ ​ရှိ​တဲ့​အ​တွက် ​ဆိပ်​ကမ်း​၀န်း​ကျင်​မှာ ​အ​များ​ပြည်​သူ ​အ​ပန်း​ဖြေ​စ​ရာ​နေ​ရာ ​ကျန်​ခဲ့​အောင် ​စိမ်း​လန်း​စို​ပြေ​မှု​ဇုန် ​အ​ဖြစ် ​ထည့်​သွင်း ​ရေး​ဆွဲ​လိုက်​တာ​ပါ​လို့ ​ဒေါ်​လှိုင်​မော်​ဦး​က ​ဆက်​ပြော​ပါ​တယ်။

“​အ​စိုး​ရ​မြေ​ဆို​တာ​လည်း ​အ​များ​ပြည်​သူ ​အ​တွက်​ကို ​အ​သုံး​ပြု​လို့​ရ​တယ်​လေ။ ​ပေ​အ​စိတ်​ကို ​အ​များ​ပြည်​သူ ​အ​ပန်း​ဖြေ​နိုင်​တဲ့ ​မြေ​အ​နေ​နဲ့ ​ချန်​လှပ်​ပေး​ဖို့ ​ကျ​မ​တို့​က ​အ​ဆို​ပြု​ထား​တာ​ပါ။ ​အ​ခု​က ​အား​လုံး​ကို ​ချ​ပြ​တာ​ပါ။ ​ချ​ပြ​တဲ့​အ​ပေါ်​မူ​တည်​ပြီး​တော့ ​ကျ​မ​တို့ ​ပြန်​ပြီး ​အ​ကြံ​ပြု​တာ​တွေ ​ရှိ​ကောင်း​ရှိ​မှာ​ပါ။ ​မ​နေ့​က​ပဲ ​လွှတ်​တော်​ကိုယ်​စား​လှယ်​တွေ​ထဲ​က ​အ​စိတ်​တော့ ​နည်း​ပါ​တယ်​လို့ ​ပြော​တယ်။ ​အ​စိတ်​က ​နည်း​တယ်​ဆို​ပေ​မယ့်​လည်း ​ကျ​မ​တို့​က ​ဟို​ဘက် ​ဒီ​ဘက် ​ကြည့်​ရ​တာ​တွေ ​ရှိ​တယ်။ ​အ​နည်း​ဆုံး ​အ​စိတ်​တော့ ​ချန်​ပေး​ပါ​လို့​ပြော​တာ၊ ​အ​စိတ်​ထက်​ပို ​ရ​ရင်​လည်း ​ကောင်း​တာ​ပေါ့​။ ”

ဒီ​ကိ​စ္စ ​အ​ကောင်​အ​ထည်​ဖော်​ဖို့​အ​တွက်  ​ပြည်​သူ​တွေ၊ ​လုပ်​ငန်း​ရှင်​တွေ​ထံ​က ​အ​ကြံ​ပြု​ချက် ​တောင်း​ခံ​ပြီး ​လွှတ်​တော်​မှာ ​တင်​ပြ​သွား​ဖို့ ​ရှိ​နေ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

ပန်း​ဆိုး​တန်း ​နန်း​သီ​တာ​ဆိပ်​ကမ်း​နဲ့ ​ဒ​လ ​ခ​ရီး​သည်​တင် ​ဆိပ်​ခံ​တံ​တား​တို့​ကို ​အ​ဆ​င့်​မြှ​င့် ​ပြု​ပြင် ​တည်​ဆောက်​ခြင်း​နဲ့ ​စီး​ပွား​ရေး​ဆိုင်​ရာ ​ခေတ်​မီ ​အ​ဆောက်​အ​အုံ​တွေ ​တည်​ဆောက်​ဖို့ ​အ​တွက် ၂၀၁၂ ​ခု​နှစ် ​စက်​တင်​ဘာ​လ​က ​တင်​ဒါ ​ခေါ်​ယူ​ခဲ့​ပြီး New Downtown Development Co.,Ltd. ​ကို  ​နှစ် ၃၀  ​ဘီ​အို​တီ​စ​နစ်​နဲ့​   ​လုပ်​ငန်း ​လုပ်​ပိုင်​ခွင့်​ပြု​ထား​တယ်​လို့​  ​မြန်​မာ ​ဆိပ်​ကမ်း​အာ​ဏာ​ပိုင်​က ​တ​ရား​ဝင် ​ထုတ်​ပြန်​ထား​ပါ​တယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here