Thursday, December 5, 2013

မြန်​မာ​ငွေ​တန်​ဖိုး ​ဆက်​တိုက်​ကျ​ဆင်း​မှု​ကြောင့် ​ပို့​ကုန်​နှင့် ​သွင်း​ကုန်​လုပ်​ငန်း ​ထိ​ခိုက်​နိုင်

0 comments


  5.12.2013

ပြည်​တွင်း​မှာ ​အ​မေ​ရိ​ကန်​ဒေါ်​လာ​တန်​ဖိုး ​မြင့်​တက်​နေ​ပြီး​  ​မြန်​မာ​ငွေ​တန်​ဖိုး ​ဆက်​တိုက် ​ကျ​ဆင်း​နေ​တာ​ဟာ ​ရေ​ရှည်​မှာ  ​မြန်​မာ့​  ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​အ​ပေါ် ​ထိ​ခိုက် ​လာ​နိုင်​တယ်​လို့ ​မြန်​မာ ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​ရှင်​တွေ​က ​ပြော​ပါ​တယ်။

A woman counts U.S. dollars after exchanging her yen at a money changer in Tokyo​ပြည်​တွင်း​ငွေ​လဲ ​ဈေး​ကွက်​မှာ  ​မြန်​မာ​ကျပ်​ငွေ​ဟာ  ​အ​မေ​ရိ​ကန်​ဒေါ်​လာ​နဲ့ ​လဲ​လှယ်​ရာ​မှာ  ​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၂၁ ​ရက်​စ​လို့ ​နေ့​စ​ဉ်​လို​လို ​ကျ​ဆင်း​နေ​တာ ​ဖြစ်​ပါ​တယ်။ ​မ​နေ့​က ​ဆို​ရင်  ​ငွေ​လဲ​ကာင်​တာ​တွေ​မှာ ​အ​မေ​ရိ​ကန် ၁ ​ဒေါ်​လာ ၀ယ်​ဈေး​နဲ့ ​ရောင်း​ဈေး​က ၉၇၇ ​ကျပ်​နဲ့ ၉၈၅ ​ကျပ်​ရှိ​လို့​  ​ဈေး​နှုန်း ​ကွာ​ခြား​ချက်​က ​ပြီး​ခဲ့​တဲ့ ၁၀ ​ရက်​ကျော်​အ​တွင်း​မှာ ၁​ဒေါ်​လာ​ကို ၀ယ်​ဈေး​နဲ့ ​ရောင်း​ဈေး​က ၁၀​ကျပ်​ခန့် ​မြှင့်​တက်​ခဲ့ ​ပါ​တယ်။

အ​မေ​ရိ​ကန်​ဒေါ်​လာ​တန်​ဖိုး​က ​အ​တက်​ဘက်​ကို ​ဆက်​လက်​ရှိ​နေ​မယ်​ဆို​ရင် ​ဒါ​ဟာ ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​တွေ​အ​ပေါ် ​ထိ​ခိုက်​မှု​တွေ ​ရှိ​လာ​မှာ ​ဖြစ်​လို့ ​တည်​ငြိမ်​တဲ့​ဈေး​နှုန်း​တ​ခု​ကို​ဘဲ ​လို​အပ်​တယ်​လို့​  ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​ရှင်​တ​ဦး​လဲ ​ဖြစ်​ပြီး ​မြန်​မာ​နိုင်​ငံ ​စက်​မှု​လက်​မှု ​လုပ်​ငန်း​ရှင်​များ​အ​သင်း​ရဲ့ ​ဥ​က္က​ဋ္ဌ ​ဦး​မြတ်​သင်း​အောင်​က ​ဒီ​ဗွီ​ဘီ​ကို ​အ​ခု​လို ​ပြော​ပါ​တယ်။

“​ဒေါ်​လာ​ဈေး ​အ​ခု​လောက် ​တက်​လာ​တာ​ဟာ ​လုပ်​ငန်း​ရှင်​တွေ​အ​တွက် ​သိပ်​ပြီး​တော့ ​ထိ​ခိုက်​မှု​မ​ရှိ​သေး​ဘူး​လို့ ​ထင်​တယ်။ ​ဒါ​ပေ​မယ့် ​ဆက်​တိုက် ​ဆက်​တိုက် ​တက်​သွား​ရင် ​မှာ​ထား​တဲ့ ​ပ​စ္စည်း​တွေ​က ​ဈေး​ကွာ​ဟ​မှု​ဖြစ်​တော့ ​လုပ်​ရ​ကိုင်​ရ​တာ ​မ​လွယ်​ဘူး​ပေါ့​လေ။ ​မ​နှစ်​က​လို​ပေါ့ ​တ​ဒေါ်​လာ ​ကျပ် ၈၀၀ ​က​နေ ​ဆက်​တိုက် ​တက်​လာ​တာ ​အဲ​ဒါ​မျိုး​ကြ​တော့ ​သက်​ရောက်​မှု​က ​တော်​တော်​ကြီး​တယ်။”

အ​လား​တူ ​မြန်​မာ​နိုင်​ငံ​ငါး​လုပ်​ငန်း​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​၀င်း​ကြိုင်​က​လည်း​  ​ပြည်​တွင်း​မှာ ​နိုင်​ငံ​ခြား​ငွေ​လဲ​လှယ်​နှုန်း​က ၁ ​ဒေါ်​လာ​ကို ၅ ​ကျပ်​နဲ့ ၁၀ ​ကြား ​ဈေး​နှုန်း ​ကွာ​ဟ​မှု ​ရှိ​နေ​တာ​က ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​အ​ပေါ် ​ဆိုး​ကျိုး​သက်​ရောက်​မှု ​မ​ရှိ​ပေ​မယ့် ၁ ​ဒေါ်​လာ​ကို ၃၀ ​ကျပ်​ခန့် ​ဈေး​နှုန်း ​ကွာ​ဟ​မှု ​ရှိ​လာ​ခဲ့​ရင် ​ဒီ​အ​ကျိုး​သက်​ရောက်​မှု​က ​အ​ခြေ​ခံ​ကုန်​စည်​ဈေး​နှုန်း ​ကြီး​မြင့်​လာ​တယ့် ​ပြဿ​နာ​မျိုး​ပါ ​ရှိ​လာ​မှာ ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။

ဒါ​ကြောင့် ​နိုင်​ငံ​ခြား​ငွေ​လဲ​လှယ်​နှုန်း​က ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​ရှင်​တွေ​အ​တွက် ​မျှ​ခြေ​ရှိ​တဲ့ ​ဈေး​နှုန်း​တ​ခု ​ဖြစ်​ဖို့ ​လို​အပ်​ပုံ​ကို ​သူ​က ​အ​ခု​လို ​ဆို​ပါ​တယ်။

“​ကျ​နော်​တို့ ​အ​နေ​နဲ့​က ​အ​ခု ​ငွေ​လဲ ​စ​ရိတ်​က ​ကျ​နော်​တို့​အား​လုံး ​အ​လုပ်​လုပ်​နိုင်​တဲ့ ​မျှ​ခြေ​တ​ခု​ပေါ် ​ရောက်​ပြီး​တော့​မှ ​အဲ​ဒီ ​မျှ​ခြေ​ပေါ်​မှာ ​ငြိမ်​ငြိမ်​က​လေး​နေ​ပြီး ​ဒီ​ငွေ​လဲ​လှယ်​နှုန်း​နဲ့ ​ညီ​မျှ​တဲ့ ​လုပ်​ငန်း​ကို ​အား​လုံး​၀ိုင်း​ပြီး​တော့ ​လုပ်​နိုင်​ကြ​ရင် ​တ​တိုင်း​ပြည်​လုံး​ရဲ့ ​ကုန်​ဈေး​နှုန်း​တွေ​လည်း ​တည်​ငြိမ်​မယ်၊ ​တိုင်း​ပြည်​မှာ​လည်း ​ငွေ​ဖောင်း​ပွ​နှုန်း​တွေ ​ငွေ​လဲ​နှုန်း​ကြောင့် ​စီး​ပွား​ရေး​အ​ရ ​ဖြစ်​ပေါ်​မယ့် ​အ​ကျိုး​အ​ပြစ်​တွေ ​ကင်း​သွား​ပြီး​တော့ ​ကျ​နော်​တို့ ​အား​လုံး​ချိန်​ဆ​ပြီး ​လုပ်​လို့​ရ​မယ့် ​အ​နေ​အ​ထား​မျိုး ​ဖြစ်​လာ​မယ်​လို့ ​မျှော်​မှန်း​တယ်​ဗျာ။”

စီး​ပွား​ရေး​မူဝါ​ဒ​ရေး​ရာ ​ကျွမ်း​ကျင်​သူ ​ဒေါက်​တာ​အောင်​ကို​ကို​က​တော့ ​အ​ခု​လို ​မြန်​မာ​ကျပ်​ငွေ​တန်​ဖိုး ​ကျ​ဆင်း​နေ​တာ​က ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​အ​ပေါ်​မှာ ​ဘယ်​လို ​သက်​ရောက်​မှု​တွေ ​ရှိ​လာ​နိုင်​မ​လဲ​ဆို​တာ​နဲ့ ​ပတ်​သတ်​လို့ ​အ​ခု​လို ​သုံး​သပ် ​ပြော​ပါ​တယ်။

“​မြန်​မာ​ငွေ​တန်း​ဖိုး​ကျ​သွား​တဲ့​အ​တွက် ​ပို့​ကုန်​က ​သွင်း​ကုန်​ထက် ​မြင့်​သွား​ရင်​ကောင်း​တာ​ပေါ့​။ ​ပို့​ကုန်​က ​သွင်း​ကုန်​ထက် ​မ​မြင့်​ပဲ​နဲ့ ​သွင်း​ကုန်​က ​မြင့်​မား​ဆဲ ​မြင့်​မား​နေ​ပြီး​တော့ ​မြန်​မာ​ငွေ ​တန်း​ဖိုး ​ကျ​သွား​တယ်​ဆို​ရင် ​အဲ​ဒီ​အ​တွက်​ကို ​ပြည်​သူ​တွေ ​ပို​ခံ​ရ​မှာ​ပေါ့​။ ​အ​ထွေ​ထွေ ​စား​သုံး​ကုန် ​လူ​သုံး​ကုန် ​အိမ်​သုံး​ကုန် ​ဆေး​၀ါး ​ပြည်​ပ​က ​တင်​သွင်း​ရ​တဲ့ ​ပ​စ္စည်း​တွေ​ရဲ့ ​တန်​ဖိုး​က ​မြင့်​သွား​မှာ​ပေါ့​။”

ပြည်​တွင်း​မှာ ​ဒေါ်​လာ​တန်​ဖိုး​မြင့်​တက်​လာ​ပြီး ​မြန်​မာ​ကျပ်​ငွေ​တန်​ဖိုး ​ကျ​ဆင်း​နေ​ရ​တဲ့ ​အ​ကြောင်း​ရင်း​က ​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​နိုင်​ငံ​ခြား​ကုန်​သွယ်​မှု​မှာ ​ပို့​ကုန်​ထက် ​သွင်း​ကုန် ​ပ​မာ​ဏ​က ​ပို​မြင့်​လို့​  ​ကုန်​သွယ်​မှု​မှာ  ​လို​ငွေ​ရှိ​နေ​တဲ့​အ​ပြင် ​နိုင်​ငံ​တော်​အ​တွက် ​ဘတ်​ဂျက်​လို​ငွေ​က​လဲ ​ရှိ​တဲ့​အ​တွက် ​ငွေ​ကြေး​လည်​ပတ်​မှု (money supply ​က​လည်း ​မြင့်​တက်​နေ​တာ​ကြောင့် ​ဖြစ်​တယ်​လို့ ​သူ​က ​သုံး​သပ်​ပြော​ဆို​ခဲ့​ပါ​တယ်။

လက်​ရှိ ​မြန်​မာ​ငွေ​တန်​ဖိုး ​ကျ​ဆင်း​နေ​တာ​က ​ပို့​ကုန်​လုပ်​ငန်း​ရှင်​တွေ​ရဲ့ ​ကုန်​စည်​တန်​ဖိုး​မှာ ​အ​ရင်​က​ထက်​ပို ​ရ​ရှိ​လို့ ​ကောင်း​တယ်​လို့ ​ဆို​ရ​ပေ​မယ့်​လည်း ​ရေ​ရှည်​ကာ​လ​အ​ထိ ​အ​ခု​လို ​ဆက်​လက်​ကျ​ဆင်း​နေ​မယ်​ဆို​ရင် ​ဒီ​သက်​ရောက်​မှု​အ​ကျိုး​ဆက်​က ​တ​ခြား​မ​လို​လား​အပ်​တဲ့ ​ပြဿ​နာ​တွေ​ပါ ၀င်​ရောက်​လာ​မှာ ​ဖြစ်​လို့ ​ဒါ​က ​ပို့​ကုန်​လုပ်​ငန်း​အ​ပါ​အ၀င် ​သွင်း​ကုန် ​လုပ်​ငန်း​အ​ပေါ် ​မှာ​လည်း ​ထိ​ခိုက်​မှု​က​ရှိ​တာ​ပါ​လို့ ​ပို့​ကုန်​နဲ့ ​သွင်း​ကုန်​လုပ်​ငန်း​ရှင်​တွေ​က ​ပြော​ပါ​တယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here