Tuesday, December 31, 2013

ပြင်ဦးလွင် သိမ်းဆည်းခံယာမြေဧက ၁,၁၀၀ မူလပိုင်ရှင်များ ပြန်မရသေး

0 comments
31.12.2013

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် လေးပင်ကျေးရွာ သပြေကျေးရွာနှင့် သပြုကျေးရွာရှိ ကွင်းအမှတ် ၂၂ နှင့် ကွင်းအမှတ် ၃၃ ရှိ ယာမြေဧက ၁,၁၀၀ အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိမ်းယူခဲ့မူအား မူလ မြေပိုင်ရှင်များမှ ယာမြေပြန်လည်ရယူရန် ဒီဇင်ဘာ ၃၀ ရက်တွင် ၀င်ရောက်၍ ခုတ်ထွင်ရှင်းလင်းမှုများ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာမြေများကို ၂၀၀၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အောင်ရဲရွာ စိုက်ပျိုးရေးစီမံ ကိန်း ဆောင်ရွက်ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ယာမြေများအား သိမ်းယူခဲ့သော်လည်း နစ် နာကြေး တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိဟု ယာမြေအသိမ်းခံရသူများက ဆိုသည်။ ထိုသို့ယာမြေများအသိမ်း ခံခဲ့ရသောကြောင့် ဒေသခံတို့မှာ စားဝတ်နေရေးခက်ခဲပြီး ကလေးများ၏ ပညာရေးလည်း တစ်ပိုင်း တစ်စ နှင့် ရပ်နားခဲ့ရကြောင်း ဒေသခံတို့မှ ဆိုသည်။

“ကျွန်မတို့က လက်မဲ့နဲ့ ဒီအတိုင်းကို ဖယ်ပေးလိုက်ရတာ။ ဘာမှကို ပြန်မရခဲ့တာပါ။ ကိုယ့်မြေကို ပြန်လို ချင်တာပါ။ သူတို့ သိမ်းပြီး ဘာမှမစိုက်ဘဲထားတဲ့မြေကို ပြန်ယူတာပါ”ဟု ယာမြေအသိမ်း ခံထား ရသူ လေးပင်ရွာမှ ဒေါ်ရင်က မဇ္ဈိမကို ပြောသည်။

သိမ်းယူထားသော ယာမြေများထဲသို့ ၀င်ရောက်ရှင်းလင်းနေသူများအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ မည်ဟု ပြင်စာရဲစခန်းမှ အကြောင်းကြားထားသည်ဟု ဦးဆောင် ၀င်ရောက်ရှင်းလင်းသူ ဦးသန်းလွင်က မဇ္ဈိမကို ပြောသည်။

ယာမြေများ သိမ်းယူမှုနှင့်ပတ်သက်၍ စိုက်ကွင်းတာဝန်ခံ ဦးဘရီထံသို့ မဇ္ဈိမမှ သွားရောက်မေးမြန်းရာ “ကျွန်တော်တို့ကတော့ လောလောဆယ် တရားစွဲတယ် မစွဲဘူးဆိုတာ ဖြေလို့မရပါဘူး။ သူတို့ ၀င်ပြီးရှင်း လင်းနေတာလည်း သိပါတယ်။ အခုလိုဝင်လုပ်နေတာကို အထက်ကို ဒီနေ့မနက်ဘဲ တင်ပြထားပါတယ်။ ကျန်တာကတော့ ဘာမှကို ဖြေလို့မရပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

စိုက်ကွင်းတာဝန်ခံမှ စီမံကိန်းသည် ၉၀ ရာခိုင်နှုန်း အောင်မြင်သည်ဟုဆိုသော်လည်း ရွာသူရွာသားများ က စိုက်ကွင်းစီမံကိန်းများ လုံးဝမအောင်မြင်ကြောင်း ပြောသည်။ ဒေသခံများအနေနှင့် တရားစွဲဆိုခံရပါ ကလည်း အမှန်တရားအတွက် အမှုအား ရင်ဆိုင်သွားမည်ဟု ဆိုသည်။

ထိုသိမ်းဆည်းခံယာမြေများ ပြန်လည်ရရှိရန် Facilitators Network with ILO Upper Myanmar (ILO) နှင့် ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) က ဆောင်ရွက်ပေးနေ သည်။

“အားလုံးပြန်ရအောင် လုပ်ဆောင်ပေးနေတယ်။ ဒီစီမံကိန်းက လုံးဝမအောင်မြင်ဘူး။ ဘာမှလည်း စိုက် မထားဘူး။ ဒါတွေကို အားလုံးသိအောင် ဒီဇင်ဘာ ပထမပတ်က တင်ပြီးပြီ။ တရားစွဲခံရလည်း ကျွန်တော် တို့အဖွဲ့က ကူညီပေးသွားမယ်”ဟု ရှမ်းပြည်မြောက်ပိုင်းတာဝန်ခံ ဒေါက်တာအောင်ဋ္ဌေးက မဇ္ဈိမကို ပြော သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here