Friday, December 20, 2013

ဧရာဝတီမြစ်ကြောင်း သောင်ထွန်းမှု ယခင်နှစ်များထက် ပိုမိုလာခြင်းကြောင့် ကုန်တင်ရေယာဉ်များ သွားလာရေးခက်ခဲ

0 comments
   ပြည်မြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း သောင်ထွန်းနေမှုအား ဒီဇင်ဘာလလယ်က တွေ့ရစဉ်

20.12.2013

ပဲခူးတိုင်း ပြည်မြို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်သောင်ထွန်းမှု ယမန်နှစ်များထက် ပိုမို လာခြင်းကြောင့် ကုန်တင်ရေယာဉ်များ သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေပြီး စရိတ်ကုန်ကျမှု များပြားလျက် ရှိကြောင်း ဧရာဝတီမြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

" ဒီနှစ် သောင်ကမြင့်ပြီး ထူလာတဲ့အတွက် ရေကြောင်းလုံးသွားတယ်။ ဒီနှစ်မှာ ရေကြောင်းပြ သင်္ကေတတွေ အစုံလုပ်ပေးထားတယ်။ မနှစ်ကဆိုရင် ဇန်န၀ါရီလလောက်မှ လုပ်ပေးထားတာ ။ ရေ ကတော့ မမှန်သေးဘူး။ ဆက်ကျပြီးတော့ သောင်တွေဆက်ထွန်းနေဦးမှာပဲ " ဟု စိန်သံလ္လာမွန် (၁)ရေယာဉ်အုပ် ဦးအေးထွန်းက ရှင်းပြသည်။

" ဒီနှစ်ကတော့ သောင်ပိုထူလာတယ်။ရေကြောင်းသင်္ကေတတွေက အနီးစပ်ဆုံးပဲယူလို့ရတယ်။ ဘယ်နေရာမှာ သောင်ထွန်းမယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး။ သောင်တင်လိုက် ရင် ရေကြောင်း ပျက်သွားတော့ သင်္ကေတတွေက မမှန်တော့ဘူး။ ကိုယ့်ဘာသာကြည့်သွားရတယ်။ ဋ္ဌာနဆိုင်ရာတွေဘက် ကလည်း နေ့တိုင်းတိုင်းမပေးနိုင်ဘူးလေ။ ခုတော့သောင်ရှိတဲ့နေရာတွေမှာ ဘောနီ၊ ဘောနက်တွေ ချထားတယ်။ ဒါတွေကိုတော့ ရှောင်မောင်းရတာပေါ့ " ဟု ၎င်းကဆိုသည်။

ဧရာဝတီမြစ်ရေသည် ပုံမှန်ကျဆင်းနေပြီး ဒီဇင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီ တိုင်းတာချက်အရ ၁၈၃၀ စင်တီမီတာအထိ ကျနေကြောင်းသိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here