Monday, December 23, 2013

ကေအန်ယူနှင့် ဆက်စပ်သူထံက အိုက်စ်မူးယစ်ဆေး ဖမ်းဆီးရမိ

0 comments
23.12.2013

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့ဝင်နဲ့ ဆက်စပ်သူ ၁ ဦးနဲ့ အပေါင်းပါ ၂ ဦးတို့ဆီကနေ အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြသွားပါတယ်။

ကေအန်ယူရဲ့ ကွန်မန်ဒိုတပ်က ဗိုလ်ကြီးအဆင့် အထောက်အထားရှိသူ ဦးစိုးဇာနည် ၂၉ နှစ်၊ ဦးတိုး ၄၀ နှစ်နဲ့ ဦးထူး ၂၉ နှစ်တို့ ၃ ဦးဆီက အဲဒီမူးယစ်ဆေးဝါးတွေကို ရဲဘက်က ၀ယ်သူ အယောင်ဆောင်ပြီး ဖမ်းမိတာလို့ အမှတ် ၁ ဒေသ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ရဲချုပ် နိုင်းချင်းထန် ခွတ်ခ်ျဖလိုင်းယုဒ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ဘန်ကောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

556000016400902 (1)ဒီမတိုင်ခင်က ဦးစိုးဇာနည်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ ကြားပွဲစား လုပ်နေတယ် လို့ ကြိုတင်သတင်းရထားတဲ့အတွက် ကြိုးစား ဆက်သွယ်ပြီး ဘန်ကောက်ကို ဘတ် ၄ သန်း တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို မှာယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့က လမ်းမှာ လုံခြုံရေးဂိတ်တွေ များတဲ့အတွက် မဲဆောက်မှာ လာယူဖို့ သဘောတူ ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ခွဲမှာ မဲဆောက်မြို့ လိုးတပ်စ်ကုန်တိုက်ရဲ့ အနောက်ဘက် ယာဉ်ရပ်နားရာမှာ အရောင်းအ၀ယ်လုပ်ဖို့ အချိန်းအချက် လုပ်ခဲ့ကြောင်း၊ မှာထားတဲ့ မူးယစ်ဆေးတွေ ကားပေါ် တင်ပြီးတာနဲ့ အရပ်ဝတ် ထိုင်းရဲဘက် တရားခံတွေကို လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။

တရားခံတွေဆီက အိုက်စ်ဆေး ၂ ကီလိုနဲ့အတူ လက်ကိုင်ဖုန်း ၃ လုံး၊ ဂြိုဟ်တု ဆက်သွယ်ရေးဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဦးစိုးဇာနည်ဆီထံမှာ ကေအန်ယူတပ်ကနေ ကွန်မန်ဒို သင်တန်းဆင်း အထောက်အထားကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးဟာ တဘက် မြန်မာနိုင်ငံ မြ၀တီဘက်ကနေ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးကြောင်း၊ သယ်ဆောင်ခ ၁ ကြိမ်မှာ ၁ ဦးကို ဘတ် ၅ သောင်း ရတယ်လို့ ၀န်ခံခဲ့ကြောင်း ရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါဘူး။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here