Monday, December 23, 2013

ဆူဒန်အစိုးရနှင့် သူပုန် တိုက်ပွဲပြင်းထန်၊ လူ ၂ သောင်းကျော် တိမ်းရှောင်နေရ

0 comments
23.12.2013
ဆူဒန်တောင်ပိုင်း ဗောမြို့မှာ အစိုးရတပ်တွေနဲ့ သူပုန်တပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဆူဒန်တောင်ပိုင်း ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့ (ယူအန်အမ်အိုင်အက်စ်အက်စ်) ဟာ အရန်ဝန်ထမ်းတွေ နဲ့ ဒဏ်ရာရခဲ့တဲ့ အရပ်သားတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကယ်ထုတ် ခဲ့ပါတယ်။

လောလောဆယ် အရပ်သား ၁ သောင်းခွဲကို ကုလသမဂ္ဂရုံးဝန်းထဲမှာ စုစည်းထား နိုင်ခဲ့တယ်လို့ ကုလ သမဂ္ဂ က ပြောပါတယ်။

ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် လူဦးရေ ၂ သောင်းကျော်ဟာလည်း အိမ်နီးချင်း တဖက်နိုင်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ တိုဘိုင်လန်ဇာက အခြေအနေ တွေဟာ တင်းမာနေ တုန်း ပဲလို့ ပြောပါတယ်။

လက်နက်အပြည့်နဲ့ လူငယ်တွေဟာ လုံးဝ ထိန်းသိမ်းလို့ မနိုင်တဲ့ အခြေအနေတွေ ဖြစ်နေ တယ်လို့ ပြောပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း လူရာကျော် သေဆုံးသွားခဲ့ပြီ ပဋိပက္ခတွေကြောင့် အရပ်သား ၅ ထောင်လောက်ဟာ ဘန်တူးမြို့က ကုလသမဂ္ဂရုံးဝန်းထဲမှာ ၀င်ရောက်ခိုလှုံနေ ကြပါတယ်။

ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဂျိုးဇက်က ကွန်းထရီးယက်စ်ကတော့ ခိုလှုံလာတဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ နေထိုင်ရေး လိုအပ်ချက်တွေကို ပံ့ပိုးပေးပြီး ရှိနေတဲ့ ပစ္စည်းတွေ နဲ့ ဖြစ်အောင် စီစဉ်နေရပါတယ်လို့ ပြောပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here