Tuesday, December 24, 2013

ဖယ်ခုံ၌ အလုပ်အကိုင်ရှားပါးမှုကြောင့်ဘိန်းစိုက်ခင်းနေ့စားလိုက်သူများလာ

0 comments
24.12.2013

ရှမ်းပြည်နယ်တောင်ပိုင်း  ဖယ်ခုံမြို့နယ်တွင်းရှိ ကျေးရွာများ တွင်စက်မှုလက်မှုလုပ်ငန်းကြီးများ နှင့် စီးပွားရေး လုပ်ငန်းများနည်းပါး သဖြင့် ဒေသခံများမှာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ နှင့် ယာခင်းများတွင် ဘိန်းခင်းများ  စိုက်ပျိုးခြင်းကိုသာ နေ့စားလိုက် သူများပြားလာကြောင်း ဒေသခံ များထံမှ သိရသည်။

““ပြည်ပမှာ သွားရောက် အလုပ်လုပ်ကြတဲ့အရွယ်ကတော့ လူလတ်ပိုင်းပိုများတယ်။ အများ ဆုံးသွားဖြစ်ကြ တဲ့နိုင်ငံကတော့ ထိုင်းပေါ့။ အခုဆိုရင် တရားဝင် သွားတဲ့သူတွေရှိသလို တရားမ ၀င်သွားရောက် အလုပ်လုပ်ကြတဲ့ သူတွေလည်း များလာတယ်။ တရားဝင်သွားပြီး အလုပ်လုပ်နိုင် ဖို့က အသွားစရိတ် ပိုကုန်လို့ တချို့ဆိုရင်အိမ်တွေ၊ခြံတွေ ပေါင်ပြီးသွားကြရတယ်””ဟု ထိုင်း နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင် ပြီးပြန်လာသောကိုဝင်းနိုင်က ပြော သည်။

ပြည်ပသို့ သွားရောက်အလုပ် လုပ်ကြသူများမှာ ထိုင်းနိုင်ငံသို့ အသွားများသော်လည်း စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျော်ဒန် စသည့် နိုင်ငံများတွင်လည်း အလုပ် သွားလုပ်ကြကြောင်း၊ တချို့မှာ  အိမ်၊ ခြံများပေါင်နှံကာသွားရ သဖြင့်အဆင်မပြေလျှင် အိမ်၊ခြံ များဆုံးရှုံးသွားနိုင်ပြီး တချို့မှာ လည်း အဆင်ပြေကာအိမ်များပင်  ဆောက်လုပ်လာနိုင်ကြောင်း၊ အများစုမှာ အဆင်ပြေကြသဖြင့် ပြည်ပ သို့သွားရောက်အလုပ်လုပ် ကိုင်ရန် စိတ်ဝင်စားလာကြောင်း ဒေသခံတို့ကဆိုသည်။

ပြည်ပသို့သွားရောက်အလုပ် မလုပ်သော ဒေသခံတချို့မှာမူ  တောင်ယာစိုက်ခင်းများတွင် ဘိန်း စိုက်ခင်းအဖြစ်ပြောင်းလဲ လုပ်ကိုင် လာကြကြောင်း၊ ယခင်နှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် တစ်နှစ်လျှင်နှစ်ကြိမ် ထိစိုက်ပျိုးလာကြောင်း သိရသည်။

အဆိုပါ ဘိန်းစိုက်ခင်းများ တွင်လည်း အလုပ်သမားငှားရမ်း ခ ဈေးနှုန်းမြင့်မားမှုကြောင့် နေ့ စားလိုက်သူ များများပြားလာကြောင်း နှင့် တချို့ယာခင်းမရှိသူများက လည်း ယာခင်းများလိုက်လံငှား ရမ်းကာ ဘိန်းစိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။

““ကိုယ့်ဒေသမှာ ၀င်ငွေများ များနဲ့ရမယ့် အလုပ်ဆိုလို့ဘိန်းစိုက် တာပဲရှိတော့ သူများနိုင်ငံမှာသွား ပြီးအလုပ်မလုပ်နိုင်ကြတဲ့သူတွေက တောင်ယာခင်းတွေမှာ ဘိန်းပြန် စိုက်ကြရတာပေါ့။ ဘိန်းစိုက်ရ တာကတော့ရာသီဥတုမဖောက်  ပြန်ရင်တော့ အဆင်ပြေကြပါ တယ်””ဟုတောင်ယာခင်းတွင် ဘိန်းစိုက်ပျိုး သူဦးမောင်နီကပြော သည်။

မိမိဒေသတွင် အလုပ်ရှာဖွေ လုပ်ကိုင်ကြရာတွင် အလုပ်အကိုင် ရှားပါးသောကြောင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူ များနှင့် တောင်ယာစိုက်ခင်းများ သို့ ဘိန်းခင်းများသာ စိုက်ပျိုး၍ စားဝတ်နေရေးအတွက်ဝင်ငွေရှာ နေရကြောင်း၊ ပညာတတ်ဘွဲ့ရ များ များပြားလာသော် လည်း ဒေသအလုပ်သဖွယ် ဖြစ်နေသည့် ဘိန်းစိုက်ခြင်းများသာ လုပ်ကိုင်ကြ  ကြောင်း ဒေသခံ များထံမှသိရ သည်။

 Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here