Tuesday, December 24, 2013

" ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရာတွင် အဖွဲ့အစည်း ၅ ခု၏ ဝန်ထမ်းများသာ လုပ်ဆောင် သွားမည် "

0 comments
24.12.2013
၂ဝ၁၄ ခုနှစ်အတွင်း ကောက်ယူ မည့်ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် သက်ဆိုင်ရာအဖွဲ့အစည်း ၅ ခု၏ ဝန်ထမ်းများကသာ လုပ်ဆောင်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန ညွှန် ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။ ၁၉၈၃ ခုနှစ်က ပြည်လုံးကျွတ်သန်း ခေါင် စာရင်း ကောက်ယူ မှုကို နောက်ဆုံး ထား ပြုလုပ်ခဲ့ပြီး နှစ် ၃ဝ ကျော်အကြာ ပြန်လည်ကောက်ယူမည့် အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဟိုတယ်/ခရီး ဝန်ကြီး ဌာနအောက်ရှိ ဌာနအချို့ကို ၎င်းတို့၏ ဝန်ထမ်းများက သာ စာရင်းကောက်ယူသွားမည့် အ ကြောင်း ကို ညွှန်ချုပ်ဦးမြင့်ကြိုင်ရှင်းပြ ခြင်းဖြစ်သည်။

''ပိုမိုအဆင်ပြေနိုင်အောင် အခုလို ဆောင်ရွက်တာပါ''ဟု ၎င်းကဆက်ပြောသည်။ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတို့က တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတို့မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တို့နှင့် ၎င်းတို့၏ မိသားစုတို့ကိုလည်း ကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ရှိ အကျဉ်းဦးစီးဌာနနှင့် ရဲတပ် ဖွဲ့ဌာနချုပ်ဝန်ထမ်းနှင့် မိသားစုဝင်တို့ ကို ၎င်းတို့၏ဝန်ထမ်းများက လည်း ကောင်း ၊ ကောက်ယူ မည်ဖြစ်သော်လည်း ကောက်ယူစာရင်း စည်းကမ်းအတိုင်း သာဖြစ်ပြီး ထိုစာရင်းကို အဖွဲ့ထံသို့ သတ်မှတ် ရက်အတွင်း အပြီးပေးပို့ကြရ မည်ဟု ညွှန်ချုပ်ထံမှ သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိဆေးရုံကြီးများ ဟိုတယ်/ခရီး အောက်ရှိ ဟိုတယ်ကြီးများ အစရှိသည် တို့တွင်ရှိကြသော သူတို့ကိုလည်း ထို နေရာတို့မှ ဝန်ထမ်းတို့ကသာ ဆောင် ရွက်ကြမည်ဟု ဦးမြင့်ကြိုင်က ထပ် လောင်းဆိုသည်။ ''မိုတယ်တို့ တည်ခိုခန်းအဆင့်တို့၊ ဆေးခန်းအဆင့်တို့ တွေကတော့ ကျွန် တော်တို့အဖွဲ့က စာရင်းကောက်ပါမယ်'' ဟု ၎င်းကပြောသည်။ လူပေါင်း ၇၅ဝ လျှင်တစ်ဦးက စာရင်းကောက်၍ ထိုစာရင်းကောက် ၅ ဦးကို အုပ်ချုပ်သူတစ်ဦးနှုန်းဖြင့် ထားရှိ မည်ဖြစ်ရာ အဖွဲ့အစည်း ၅ ခုအတွက် ကောက်ယူမည့် သက်ဆိုင်ရာဝန်ထမ်း တို့ကို သင်တန်းပေးမှုအားလည်း မကြာ မီ ပြုလုပ် သွားမည်ဟု လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

တစ်နိုင်ငံလုံး စာရင်းကောက်ယူမှု အတွက် ပညာရေးဝန်ထမ်း ၁၂ဝဝဝဝ ကျော်ကို အသုံးပြုမည် ဟု ကြေညာထား သော်လည်း အဖွဲ့အစည်း ၅ ခုအတွက်ကောက်ယူမည့် စာရင်းအရေအတွက်ကို ထုတ်ပြန်မှုမပြုသေးဟု သိရသည်။ မြို့နယ်ပေါင်း ၃၃ဝ၊ ရပ်ကွက် ပေါင်း ၃ဝ၄၄ ရပ်ကွက်၊ ကျေးရွာ အုပ် စုပေါင်း ၁၃၆၂၈ ၊ ကျေးရွာပေါင်း ၆၄၃၄၆ နှင့် အိမ်ထောင်စု ပေါင်း ၁၁ သန်းကို ၂ဝ၁၄ မတ်လ ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်နေ့အထိ တစ်အိမ်တက် တစ်အိမ် ဆင်း သန်းခေါင်စာရင်းကောက်ယူမည် ဟု သိရသည်။

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here