Saturday, March 23, 2013

RCSS/ SSA ရွက်ဆစ်အဖွဲ့ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းသွားမည်ဟုဆိုသော်လည်းအတင်းအဓမ္မလူသစ် စုဆောင်းနေ

0 comments


  ယခုနှစ် မတ်လဆန်းမှစ၍ ရှမ်းပြည်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) မှဒေသခံတိုင်းရင်း သားများခွဲတမ်းစနစ်ဖြင့် လူသစ်များအတင်းအကြပ်တောင်းခံနေကြောင်း၊ ၎င်းတို့ကို စစ်သင်တန်းပေးပြီး ရှမ်း စစ်တပ်တွင်တာဝန်ထမ်းဆောင်ခိုင်းရန်ဖြစ်ကြောင်း သိရပါတယ်။

    ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့သော်လည်း ၂၀၁၂ ခုနှစ်တစ် နှစ်လုံး ဒေသခံတိုင်းရင်းသား များကို အတင်းအကြပ်ခေါ်ယူ စစ်သင်တန်းပေး ပြီး ပေါ်ပေါ်ထင်ထင်အားအား တိုးချဲ့ခဲ့ပါတယ်။ အထူး သဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလ များမှာ လွယ်တိုင်းလျံမှာပြုလုပ်ခဲ့ တဲ့ ရှမ်းအမျိုး သားနေ့ပွဲကို တက်ရောက်ဖို့အကြောင်းပြပြီး ဒေသ ခံရာ/ထောင်ချီပြီးအတင်းအကြပ်ခေါ်ဆောင်သွားတယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ ပါတယ်။ သို့သော် လွယ်တိုင်းလျံရောက်တဲ့အခါ စစ် သင်တန်းတွေပေးပြီး လူသစ်စုဆောင်းခဲ့ပါတယ်။ အချို့ရွာသားများမှာလည်း ရှမ်းစစ်တပ်ထဲမှာ တာဝန်မထမ်းဆောင်ချင်လို့ နေရပ်ကို အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။
Read more...

ပက်ဂျီဆန် အနားယူ တော့မှာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဖွင့်ဟ

0 comments
မတ်(၂၃)
QPR အသင်းမှ ကွင်းလယ် ကစားသမား ပက်ဂျီဆန်သည် ၂၀၁၄ မှာ ကစားသမား ဘ၀မှ အနား ယူဖွယ် ရှိကြောင်း သိရသည်။

ပက်ဂျီဆန်၏ ဖခင် ဖြစ်သူ ဆန်ဂျွန်းက ပက်ဂျီဆန်သည် QPR အသင်းတွင် ရုန်းကန် နေရပြီး ခြေစွမ်း မပြ နိုင်တာကြောင့် ၂၀၁၃-၁၄ ရာသီ အပြီးမှာ ကစားသမား ဘ၀မှ အနားယူရန် စဉ်းစား နေပြီ  ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ပက်ဂျီဆန်သည် ယခုနှစ် ရာသီမှာ မန်ယူမှ ထွက်ခွာ ပြီးနောက် QPR အသင်းမှာ ခြေစွမ်း မပြနိုင်ပဲ ဖြစ်နေသည်။ သူ၏ ဖခင်က ဒီမှ သူ့အတွက် ခက် ခဲ နေပြီး ယခင် PSV အသင်းနှင့် မန်ယူ အသင်းတို့မှ ခြေစွမ်းမျိုး မရရှိ တော့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြား ခဲ့သည်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ပက်ဂျီဆန်သည် တောင်ကိုရီးယား အသင်းမှာ ပါဝင်ခွင့် ရပြီး တစ်လ အကြာမှာပဲ သူ၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကို ဂျပန်မှ ကျိုတိုဆန်ဂါ ကလပ် အသင်းနှင့် စတင် ခဲ့တာဖြစ်သည်။

ပက်ဂျီဆန်သည် သူ၏ ကစားသမား ဘ၀ သက်တမ်းတွင် ကျိုတို ဆန်ဂါ ကလပ် အသင်းနှင့် အတူ ၂၀၀၂ အင်ပါယာဖလား ၊ PSV အသင်းနှင့် အတူ နယ်သာလန် လိဂ်ဖလား ၂ ကြိမ် ၊ မန်ယူ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရယူနိုင်ခဲ့သည်။

သူသည် လူကြိုက် အများဆုံး အာရှမှ ကစားသမား တစ်ဦး ဖြစ်ပြီး မိခင် နိုင်ငံမှ K လိဂ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း သိရသည်။

မြ၀တီ
ပက်ဂျီဆန် အနားယူ တော့မှာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဖွင့်ဟ
Saturday,, March 23, 2013

QPR အသင်းမှ ကွင်းလယ် ကစားသမား ပက်ဂျီဆန်သည် ၂၀၁၄ မှာ ကစား
သမား ဘ၀မှ အနားယူဖွယ် ရှိကြောင်း သိရသည်။

ပက်ဂျီဆန်၏ ဖခင် ဖြစ်သူ ဆန်ဂျွန်းက ပက်ဂျီဆန်သည် QPR အသင်းတွင် ရုန်းကန် နေရပြီး ခြေစွမ်း မပြ နိုင်တာကြောင့် ၂၀၁၃-၁၄ ရာသီ အပြီးမှာ ကစားသမား ဘ၀မှ အနားယူရန် စဉ်း စား နေပြီ ဖြစ်ကြောင်း ပြောခဲ့ခြင်း
ဖြစ်သည်။ 

ပက်ဂျီဆန်သည် ယခုနှစ် ရာသီမှာ မန်ယူမှ ထွက်ခွာ ပြီးနောက် QPR အသင်းမှာ ခြေစွမ်း မပြနိုင်ပဲ ဖြစ်နေသည်။ သူ၏ ဖခင်က ဒီမှ သူ့အတွက် ခက် ခဲ နေပြီး ယခင် PSV အသင်းနှင့် မန်ယူ အသင်းတို့မှ ခြေစွမ်းမျိုး မရ
ရှိ တော့ကြောင်း အင်တာဗျူး တစ်ခုမှာ ပြောကြား ခဲ့သည်။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ပက်ဂျီဆန်သည် တောင်ကိုရီးယား အသင်းမှာ ပါဝင်ခွင့် ရပြီး တစ်လ အကြာမှာပဲ သူ၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ကို ဂျပန်မှ ကျိုတိုဆန်ဂါ ကလပ် အသင်းနှင့် စတင် ခဲ့တာဖြစ်သည်။

ပက်ဂျီဆန်သည် သူ၏ ကစားသမား ဘ၀ သက်တမ်းတွင် ကျိုတို ဆန်ဂါ ကလပ် အသင်းနှင့် အတူ ၂၀၀၂ အင်ပါယာဖလား ၊ PSV အသင်းနှင့် အတူ နယ်သာလန် လိဂ်ဖလား ၂ ကြိမ် ၊ မန်ယူ အသင်းနှင့် အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရယူနိုင်ခဲ့သည်။ 

သူသည် လူကြိုက် အများဆုံး အာရှမှ ကစားသမား တစ်ဦး ဖြစ်ပြီး မိခင် နိုင်ငံမှ K လိဂ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ကြောင်း သိရသည်။

မြ၀တီ
Read more...

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး PNLO နှင့် အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံ

0 comments
မတ်(၂၃)
ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာဦးဆောင်သည့်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် မတ်လ၂၃ရက်နေ့ ကမာရွက်မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင်မနက် ၉နာရီမှစတင်ကာ ညနေ ၄နာရီခွဲအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင်မလုပ်ခင်ကတည်းက မူလ PNO ရလဖခေါင်းဆောင်တွေ ရဟန်းသံဃာတွေနဲ့ တွေ့ပြီး အားလုံးသဘောတူမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့လုပ်တာပါ။ အားလုံးက ဆန္ဒမရှိရင်တော့ မလုပ်ပါဘူး PNLOဥက္ကဋ္ဌ ဦးခွန်ဥက္ကာမှ သတင်းထောက်များ၏မေးမြန်းမှု၌ ပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းပြီးဆုံးသွားပါက PNLO မှ ၎င်းတို့တပ်ဖွဲ့သည် အင်အား ၃၀၀နီးပါးခန့်ရှိသည့် မိသားစုတို့၏ စားဝတ်နေရေး၊ စီးပွားရေးရပ်တည်မှုတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေးကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)သည်ယခုလက်ရှိအချိန်၌ဆက်ဆံရေးရုံးအား  တောင်ကြီး မြို့ တမြို့ထဲတွင်သာ ဖွင့်ထား နိုင်သေးကြောင်းနှင့် စီးပွားရေးလုပ်ငန်းပြု လုပ်ရန်အတွက် ရုံးတစ်ခုကို သထုံတွင်တိုးချဲ့ဖွင့်လှစ်ရန် သဘောတူထားကြောင်း သိရသည်။

ထိုပြင် ပအို့ဝ်အမျိုးသားရေးအဖွဲ့ချုပ် (PNLO)သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၅ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ၆လအကြာတွင် ပြည်ထောင်စုအဆင့်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

The Myanma Age
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး PNLO နှင့် အစိုးရငြိမ်းချမ်းရေး
အဖွဲ့ တွေ့ဆုံ
Saturday,, March 23, 2013

ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာဦးဆောင်သည့်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် မတ်လ
၂၃ရက်နေ့ ကမာရွက်မြို့နယ်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ
တွင်မနက် ၉နာရီမှစတင်ကာ ညနေ ၄နာရီခွဲအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင်မလုပ်ခင်
ကတည်းက မူလ PNO ရလဖခေါင်းဆောင်တွေ ရဟန်းသံဃာ
တွေနဲ့ တွေ့ပြီး အားလုံးသဘောတူမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့
လုပ်တာပါ။ အားလုံးက ဆန္ဒမရှိရင်တော့ မလုပ်ပါဘူး  PNLO
ဥက္ကဋ္ဌ ဦးခွန်ဥက္ကာမှ သတင်းထောက်များ၏မေးမြန်းမှု၌ ပြော
ကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးလုပ်ငန်းပြီးဆုံးသွားပါက PNLO မှ ၎င်းတို့တပ်ဖွဲ့သည် အင်အား ၃၀၀နီးပါးခန့်ရှိသည့် မိသားစုတို့၏ စားဝတ်နေရေး၊ စီးပွားရေးရပ်တည်မှုတို့နှင့် ပတ်သက်၍ အဓိက
ဆွေးနွေးကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် ယခုလက်ရှိအချိန်၌ ဆက်ဆံရေးရုံးအား တောင်ကြီးမြို့တမြို့
ထဲတွင်သာ ဖွင့်ထား နိုင်သေးကြောင်းနှင့် စီးပွားရေးလုပ်ငန်းပြု လုပ်ရန်အတွက် ရုံးတစ်ခုကို သထုံတွင်တိုးချဲ့ဖွင့်လှစ်ရန် သဘောတူထားကြောင်း သိရသည်။

ထိုပြင် ပအို့ဝ်အမျိုးသားရေးအဖွဲ့ချုပ် (PNLO)သည် ပြည်နယ်
အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား ပြီးခဲ့သည့်နှစ် သြဂုတ်လ 
၂၅ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူလက်မှတ်
ရေးထိုးခဲ့ရာ ၆လအကြာတွင် ပြည်ထောင်စုအဆင့်ဆွေးနွေးခဲ့
ကြောင်း သိရှိရသည်။

The Myanma Age
Read more...

လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ

0 comments
မတ်(၂၃)


မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများထည့်သွင်း
ရောင်းချခြင်းများရှိနေ ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က
ပြောကြားသည်။

““ဆရာတို့အနေနဲ့ အရင် တုန်းကစစ်ဆေးလို့တွေ့ရှိတာ မျှစ်တွေထဲမှာ၊ အသားငါးတွေထဲ မှာပဲဆိုး
ဆေးတွေသုံးတာကို တွေ့ရှိခဲ့တယ်။ အခုထပ်ပြီး လက်ဖက်ထဲမှာပါ ဆိုးဆေးအ၀ါ ရောင်တွေကိုပါ သုံးလာကြ တယ်။

ဘာလို့သူကသုံးတာလဲ လက်ဖက်ဆိုတာပုံမှန်အတိုင်းဆိုရင်အရောင်ကသိပ်မလှဘူး။ အမည်းရောင်
သူတို့ဆိုးဆေးသုံးလိုက် တဲ့အခါကြတော့ လက်ဖက်က အ၀ါရောင်သန်းသွားတယ်။ အမည်းမဟုတ်
တော့ဘူး။ အ၀ါ ရောင်သန်းသွားတယ်။ အဲတော့ အရောင်က လှသွားတာပေါ့။ ဒါကိုဝယ်တဲ့သူတွေ
ရှိတယ်။ ဒါတွေဟာရှောင်ကြဉ်သင့်တယ်။ နောက်ပြီးဝယ်ယူရင်လည်း သေချာလက်နဲ့ကိုင်ကြည့်ပြီး
တော့မှ ၀ယ်ယူသင့်တယ်။ နောက်တစ် ခုက လက်ဖက်တို့၊ လက်ဖက်ရည် ကြမ်းတို့ဟာ သောက်
တာပဲဖြစ်ဖြစ်၊ စားတာပဲဖြစ်ဖြစ် ကင်ဆာရောဂါကိုကာကွယ်နိုင်တယ်။ ဒါပေမဲ့ လက်ဖက်ရည်ကြမ်း
တို့၊ လက်ဖက်တို့ကိုညသိပ်ပြီးတော့မစားသင့်ဘူး ညသိပ်ပြီးတော့ သောက်တာပဲဖြစ်ဖြစ် စားတာပဲ
ဖြစ်ဖြစ် သူရဲ့နဂိုအာနိသင် ပြယ်သွားပြီးတော့ ကင်ဆာရောဂါဖြစ်စေနိုင်တယ်”ဟု မတ်လ ၂၀ ရက်
က ပြောကြားခဲ့သည်။

The Hot News

Read more...

တိုင်းရင်းဆေးပညာဦးစီးဌာနက နီပွန်ဖောင်ဒေးရှင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇၉)ရွာသို့ အရေးပေါ်သုံးဆေးသေတ္တာများ ပေးဝေ

0 comments
မတ်(၂၃)

မတ်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ အရေးပေါ်သုံးတိုင်းရင်းဆေးသတ္တာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ် ခဲ့ကြကြာင်း  သိရပါတယ်။
 

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေး
သေတ္တာများကို တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇၉)ရွာသို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း         ( Nippon Foundation ) ရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖြန့်ဝေပေးရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နဲ့ ခရိုင် တိုင်းရင်းဆေးဆရာများ အသင်း ဥက္ကဌ ဦးစိုင်းစိုးသက်နိုင်(ခ)ဦးလှမြင့် တို့က ကျေးရွာ(၇၉)ရွာမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များကို တဆင့် ပြန်လည်ပေးဝေခဲ့ကြတာဖြစ်ပါတယ်။




ဆေးသေတ္တာများကို ပေးအပ်ပွဲမပြုလုပ်မီ နံနက်ပိုင်းက ဆေးဝါးအသုံးနည်းလမ်းများကိုလည်း ပို့ချပေး ခဲ့ကြောင်း သိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
Read more...

အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်

0 comments
မတ်(၂၃)

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦး က RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအနား မြို့တွေ က ဒေသခံ တွေပါ ဝင်တယ် လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်း စတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂) ရဲစခန်းနယ်မြေ အတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ ညနေ က ပြောပါတယ်။ 


မိတယ်။
.
.. www.MyanmarExpress.net
 
Read more...

လေပြင်တိုက်ခတ်၍ ကျောင်းဆောင်အမိုးများပျက်စီး

0 comments
မတ်(၂၃)
 ၂၂-၃-၂၀၁၃ ရက်နေ ၁၅၀၀ အချိန်မှ ၁၅၀၅ အချိန်ထိ ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် လေပြင်း တိုက် ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက်၊ ဈေးလမ်းအမက(၃)မူလွန်ကျောင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၁၇ ပေ သွပ်မိုးအုတ်ကာ တစ်ထပ်ကျောင်းဆောင်တွင် အမိုးများလန်ထွက်၍ ထုတ်တန်းများ ပြုတ်ကျ ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၁၀)သိန်းပျက်စီး ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းများက ပြန်လည်ပြုပြင် လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Read more...

ဆီဆိုင်မြို့နယ်တွင် WY စာတမ်းပါ ဆေးပြားများ ဖမ်းဆီးရမိ

0 comments
မတ်(၂၃)



ရှမ်းပြည်နယ် အရှေ့ပိုင်း ဆီဆိုင်မြို့နယ်၊ လိုက်ပေကျေးရွာတွင် မတ်လ(၂၂)ရက်နေ့က တာဝန်ရှိ အဖွဲ့ အစည်းများမှ WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Read more...

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို ဂုဏ်ပြု ဆောင်းပါး

0 comments
မတ်(၂၃)

 ''သွေးချင်း ညီအစ်ကိုများ စည်းလုံး ခြင်းသည် အင်အား'' ဆိုသည့် အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် မှီတင်း နေထိုင်ကြသော တိုင်းရင်းသား အားလုံး တို့သည် စည်းစည်း လုံးလုံးနှင့် နေထိုင်ကြသော မိသားစုကြီး တစ်စု ဖြစ်သည်။

''တစ်ဦးအကြောင်း တစ်ဦး သိရှိ နားလည်မှု မှသည် လူမျိုး တစ်မျိုးနှင့် တစ်မျိုး တစ်ပြည်နှင့် တစ်ပြည် ချစ်ကြည် ရင်းနှီးရေးသို့''ဟူသော
ဆောင်ပုဒ်အတိုင်း ချစ်ကြည် ရင်းနှီးမှုသည် ခိုင်မာသော ယုံကြည်ချက်၊
ထွေးသော မေတ္တာနှင့် တုံ့လှည့်သော စေတနာတို့ တိုးပွားစေသည့် အ
တွက် လူသား တို့၏ အလျဉ်မပြတ်သော ပေါင်းစည်း ညီညွတ်မှုကို တည်
တံ့ ခိုင်မြဲစေခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ အရှေ့ပိုင်း တွင် တည်ရှိသော ရှမ်းပြည်နယ်သည် စတုရန်း မိုင်ပေါင်း ၆ဝ၁၅၅ ကျယ်ဝန်းပြီး လူဦးရေ စုစုပေါင်း ၅၅၇၃ဝ၇၅ ဦးဖြစ်သည်။ ရှမ်းတိုင်းရင်းသား များနှင့် အတူ ကချင်၊ ကိုးကန့်၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ ပအိုဝ့်၊ ဗမာ၊ လီဆူ၊ ဝ၊ အာခါနှင့် အင်းသားစသည့် တိုင်းရင်းသား မျိုးနွယ်စုများ အတူတကွ ပူးပေါင်း
နေထိုင်ကြသည်။ ကုန်းမြင့် ဒေသတွင် တည်ရှိသော ရှမ်းပြည်နယ်အား
ခရိုင် (၁၃) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (၁) တိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၄)ခု၊ မြို့နယ် (၅၅) ခု၊ မြို့(၈၅)ခုနှင့် မြို့နယ် ခွဲ(၂၉) ခုဖြင့် ဖွဲ့စည်းထားသည်။

ဖေဖော်ဝါရီ ၇ ရက်သည် ရှမ်းပြည်နယ်နေ့ ဖြစ်သည်။ အင်းလေး ဖောင်တော်ဦး ဘုရားပွဲ၊ ပင်းတယ ရွှေဥမင်ဂူဘုရား ပွဲ၊ တောင်ကြီး မီးပုံးပျံပွဲ၊ မိုးဗြဲ ဘုရားပွဲ၊ ပအိုဝ့် မီးရှူးပွဲနှင့် သီပေါ ဘော်ကြို ဘုရားပွဲ တို့သည် ရှမ်းပြည်နယ် အတွင်း ထင်ရှားသော ပွဲတော်များ ဖြစ်သည်။

ပြည်နယ် တစ်ခုနှင့် တစ်ခု ပိုမို ရင်းနှီးမှု ရှိအောင် ပြည်နယ် အတွင်းရှိ ပြည်သူ အချင်းချင်း ရင်းနှီးမှု ပိုမို ရရှိစေရန်ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို
တိုက်ရိုက် ဆက် သွယ်ပေးသည့် သီပေါ-နမ့်လန်- ပန်ကေတုလမ်း၊ ရပ်စောက်- ကျောက်ဂူ - နောင်ချို လမ်းသစ်များ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်ကို တွယ်ဆက်ပေးသည့် ဟန်မြင့် မိုရ်-မြို့ကြီး- ရွာငံလမ်းနှင့် ပင်လောင်း- ပျဉ်းမနား လမ်းများ ဖောက်လုပ် ပေးခဲ့သည်။

ယခင်က ကွမ်းလုံ တံတားနှင့် တာကော်တံတား ဟူသည့် သံလွင်မြစ်ကူး တံတား နှစ်စင်းသာ ရှိခဲ့သော်လည်း ယခု အခါ တန့်ယန်း မြို့နယ်မှ သံလွင် တံတား (တာကော်အက်) နှင့် မိုင်းပန် မြို့နယ်မှ သံလွင်တံတား (တာဆန်း)
နှစ်စင်း ထပ်မံတည်ဆောက် ပေးခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း - ပျဉ်းမနား လမ်းပေါ်၌ တံတား အလျားပေ ၁၇၆ဝ ရှိသော လိန်းလီတံတားကို တည်ဆောက်
ပေးနိုင်သည့် အတွက် ကူးသန်း သွားလာ ရောင်းဝယ် ဖောက်ကားရေး
ပိုမို အဆင်ပြေလျက် ရှိသည်။

သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ထွန်းကား
နေသော ယနေ့ ခေတ်၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်စေရန် အ
တွက် ဆက်သွယ်ရေး စွမ်းအား ထွန်းကားစေရန် မိုဘိုင်းလ် တယ်လီဖုန်းများ၊ အော်တို အိတ်ချိန်းနှင့် မိုက်ကရိုဝေ့ဖ် စခန်းများ၊ ဖိုင်ဘာ ကေဘယ်လ် ဆက်ကြောင်းများ၊ ကွန်ပျူတာ ကြေးနန်းများနှင့် အီးမေးလ် အင်တာနက် လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိသည်။

တိုင်းရင်းသား လူမျိုးအားလုံး လူနေမှု အဆင့်အတန်း မြင့်မား တိုးတက်ရေး
နှင့်ပြည်ထောင်စုကြီး တစ်ခုလုံး ခေတ်မီ ဖွံ့ဖြိုးရေး ဖော်ဆောင် ပေးရာတွင် တိုင်းရင်းသား ပြည်သူများ ပညာရည် မြင့်မားရေး၊ ဥာဏ်ပညာ ထူးချွန် ထက်မြက်ရေးနှင့် အသိအမြင် အယူအဆ မှန်ကန် မျှတရေး တို့သည် ပဓာနကျ သော အခြေခံ အကြောင်းတရား များပင်ဖြစ်သည်။

ထို့ကြောင့် ပညာခေတ်၏ စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားပြီး ပြည်
ထောင်စုကြီး ရေရှည် တည်တံ့ ခိုင်မြဲကာ တိုင်းရင်းသား လူမျိုးများ အားလုံး တည်တည် ငြိမ်ငြိမ် ဖွံ့ဖြိုး တိုးတက်စေရန် နှင့် ဒေသခံ တိုင်းရင်းသားများအဆင့်မြင့် ပညာကို လွယ်လင့် တကူ သင်ယူ နိုင်စေရန် နိုင်ငံတော်က တက္ကသိုလ်၊ ဒီဂရီ ကောလိပ်ငါးခုနှင့် ပညာရေး ကောလိပ် တစ်ခု တိုးမြှင့် တည်ဆောက် ပေးခဲ့သည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး တိုးမြှင့် ဆောင်ရွက်ရာတွင် နိုင်ငံတော်
က ရှမ်းပြည်နယ်၏ ဖွံ့ဖြိုးရေး အထူး ဒေသကြီး လေးခုဖြစ်သော တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပင်လုံ ဒေသတို့တွင် နည်းပညာ တက္ကသိုလ် တစ်ခုစီ၊ ကွန်ပျူတာ တက္ကသိုလ် တစ်ခုစီနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း တစ်ခုစီ ဖွင့်လှစ် ပေးခဲ့ပြီး ပညာရေး ကဏ္ဍ မြင့်မားအောင် ဖော်ဆောင်ခဲ့သည်။

စက်မှုကဏ္ဍ တွင်လည်း အေးသာယာ စက်မှုဇုန်တို့ တည်ထောင်ခဲ့ပြီး စားသောက်ကုန် လုပ်ငန်း၊ ကုန်ကြမ်း ပစ္စည်း ထုတ်လုပ်ရေး၊ ဓာတ်သတ္တု
ပြုပြင် ထုတ်လုပ်ရေး၊ အထွေထွေ စက်မှု အလုပ်ရုံများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း စုစုပေါင်း(ကြီး၊ လတ်၊ ငယ်) ၃၆၂၂ ခု ရှိခဲ့သည်။

ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာမှ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ
ဆောင်ရွက်နိုင်သည့် အတွက် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်း
လှမ်းချက် အရ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၆ ရက်က 'ဝ'အထူးဒေသ (၂) ငြိမ်းချမ်းရေး အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များ ဖြစ်သော ဦးကျောက်ကွမ်အမ်း (အဖွဲ့ ခေါင်းဆောင်)နှင့် အဖွဲ့ ဝင် တို့သည် ရှမ်းပြည်
နယ် အစိုးရ အဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် များနှင့် ကျိုင်း
တုံမြို့တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘော တူညီချက်(၄) ချက် လက်မှတ် ရေးထိုး နိုင်ခဲ့သည်။

အလားတူ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မိုင်းလား အဖွဲ့ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယ ဥက္ကဋ္ဌ ဦးစံပေ့သည်
ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် များနှင့် ကျိုင်းတုံမြို့တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘော တူညီချက် (၄)ချက်ကို လက်မှတ် ရေးထိုးပြီး ဒီဇင်ဘာ ၂ ရက်တွင် ရှမ်းပြန်
လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ငြိမ်းချမ်းရေး ဖော် ဆောင်ရေး အဖွဲ့မှ ဦးစိုင်းလူးနှင့် အဖွဲ့တို့သည် ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ငြိမ်းချမ်း
ရေး ဖော်ဆောင်ရေး အဖွဲ့ဝင် များက တောင်ကြီးမြို့တွင် လက်မှတ် ရေးထိုး
နိုင်ခဲ့သည်။

မျိုးချစ် စိတ်ဓာတ်ကို အခြေခံ၍ ပြည်ထောင်စု မပြိုကွဲအောင် ပူးပေါင်း တည်ဆောက်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲအောင် ပူးပေါင်း တည်ဆောက်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲအောင် ပူးပေါင်း တည်ဆောက်ရေးတို့ အပြင် ထာဝရ ငြိမ်းချမ်းရေး ရရှိသည် အထိ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ (SSPP) ရှမ်းပြည် တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည်
ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အဆင့် ပဏာမ သဘော တူညီချက် (၅)ရပ်နှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက် (၅)ရပ်ကို ရှမ်းပြည်နယ်
(တောင်ပိုင်း) တောင်ကြီးမြို့၌ လက်မှတ် ရေးထိုး ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော် အစိုးရသည် ရှမ်းပြည်နယ် တာလေ မြို့နယ်ခွဲ၌ ၂ဝ၁၁ခုနှစ် မတ်လ ၂၄ ရက် ည ၈ နာရီခွဲအချိန် အင်အား ရစ်ခ်ျတာစကေး ၇ ရှိ ငလျင် လှုပ်ခတ်ခဲ့သည့် တာလေမြို့မ ရပ်ကွက် နာယောင်း ကျေးရွာအုပ်စု မိုင်းလင်း (ရှေ့/နောက်) ကျေးရွာ အုပ်စု၊ မိုင်းကိုးအုပ်စု၊ ကျကူနီကျေးရွာ တို့၌ အဆောက်အအုံ စုစုပေါင်း ၁၂၂၉ လုံးပျက်စီးခဲ့ပြီး သေဆုံးသူ ၇၆ ဦး၊ ဒဏ်ရာရသူ ၁ဝဝ၊ ပျက်စီးမှုပေါင်း ငွေကျပ်သန်း ၃ဝ၃၁ ဒသမ ၃ဝ ခန့် ဆုံးရှုံး ခဲ့သည်။ ပြည်နယ် အစိုးရသည် မြေငလျင် ဒဏ်သင့် ဒေသများ ကယ်ဆယ်
ရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီတို့ ဖွဲ့စည်းပြီး အခင်း ဖြစ်
ပွားရာသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား လုပ်ငန်းရှင် များတို့က ဘေးသင့် ပြည်သူ များနှင့် တွေ့ဆုံ အားပေးစကား ပြောကြား
ခြင်း၊ကယ်ဆယ်ရေး ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ခြင်း၊ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အရေးကြီးလျှင် သွေးနီး ဆိုသည့် စကားအတိုင်း ဒေသခံ ပြည်သူအ
တွက် လတ်တလော လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်မှုသည်
နိုင်ငံတော်၏ စေတနာ များပင် ဖြစ်သည်။

ယခုအခါ နိုင်ငံတော် အစိုးရသည် ပြည်နယ်များ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်မှု ရှိစေရန် ပံ့ပိုးကူညီ ပေးခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး အတွက် ဖော်ဆောင်လျက် ရှိသည်။ ထို့ကြောင့် ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လူမျိုး အသီးသီးတို့သည် ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုး တိုး
တက်မှု အသီး အပွင့်ကို ခံစားပြီး အမိ နိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက် ကြပါစို့ဟု(၆၆)နှစ်မြောက်
ပြည်ထောင်စု နေ့ကို ကြိုဆို ဂုဏ်ပြုလျက် ရေးသား တင်ပြ လိုက်
ရပါသည်။ ။

မြ၀တီ
Read more...

ကရင်နီ ဒုက္ခသည် စခန်း မီးလောင် မှုကြောင့် လူ၃၀ ကျော်သေ

0 comments
မတ်(၂၃)

မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည် စခန်း ၂မှာ အိမ်ခြေ ၆၀၀ ကျော်လာက်ရှိ

ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည် စခန်း အမှတ်၂ ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေ ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ ရာမှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ ကျော် မီးထဲ ပါသွား တယ်လို့ သိရပါတယ်။
သေဆုံး သွားသူတွေ ထဲမှာ ကလေး ငယ်တွေရော၊ သက်ကြီး ရွယ်အို တွေပါ ပါတယ်လို့ ဆိုပါတယ်။
ရပ်ကွက် ၁ ကနေ မီး စတင် လောင်ကျွမ်းရာ ကနေ တခြား ရပ်ကွက် ကိုပါ ကူးစက် လောင်ကျွမ်းပြီး အရှိန် မသတ် နိုင်ခဲ့တဲ့ အနေ အထားထိ ဖြစ်သွား ခဲ့ရ တယ်လို့ စခန်း တာဝန်ခံ တဦးက ဘီဘီစီ ကို ပြောပါတယ်။
လောလော ဆယ်မှာ မီးဘေး ဒုက္ခသည် တွေကို ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ဒုက္ခ သည်များ အကူ အညီ ပေးရေး အဖွဲ့တွေ ဖြစ်တဲ့ TBBC၊ IRC စတဲ့ အဖွဲ့တွေနဲ့ အတူ ထိုင်းစစ် တပ်က သောက်သုံး ရေနဲ့ အစား အစာတွေ ကူညီ ထောက်ပံ့ ကြတယ်လို့ သိရပါတယ်။
မနှစ် တုန်း ကလည်း မဲဆောက်မြို့ တောင်ဖက် ကီလို မီတာ ၁၀၀ နီးပါးက အုန်းပြန့် မြန်မာ ဒုက္ခသည် စခန်းမှာ မီးလောင်မှု ဖြစ်ပွား ခဲ့ရာမှာ အိမ်ခြေ တထောင် နီးပါး မီးထဲ ပါသွား ခဲ့ပါတယ်။
BBC
Read more...

ကမ္ဘောဇဘဏ်လီမိတက်၏ ၁၀၀ ခုမြောက် ဘဏ်ခွဲဖြစ်သော တာချီလိတ် (၂) မယ်ခေါင်ဘဏ်ခွဲဖွင့်လှစ်

0 comments
မတ်(၂၃)


ကမ္ဘောဇဘဏ် လီမိတက်၏ ၁၀၀ ခုမြောက် ဘဏ်ခွဲဖြစ်သော တာချီလိတ် (၂) မယ်ခေါင် ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ မယ်ခေါင် ရပ်ကွက် ၊ အမှတ် ၂ ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတား အနီးရှိ အဆိုပါ ဘဏ်ခွဲတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဘဏ်ခွဲ ဖွင့်ပွဲ အခမ်းအနား သို့ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးသန်းလွင် ၊ ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ၊ ထိုင်းနိုင်ငံ မယ်ဆိုင် ဒေသရှိ မိတ်ဖက် ဘဏ်များ ဖြစ်သော Bangkok Bank, Krun Thai Bank, Kasikorn Bank, Siam Commercial Bank, Thai Military Bank နှင့် Thanachet Bank များမှ ဌာန ကိုယ်စားလှယ် များ တာချီလိတ် မြို့ပေါ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်နှင့် ညီနောင် မိတ်ဖက်ဘဏ်များ မှ ဘဏ်ခွဲ တာဝန်ခံများ ၊ ကမ္ဘောဇဘဏ် လီမိတက် ရုံးချုပ် ဌာန အသီးသီးမှ အကြီးအကဲများ ၊ တာချီလိတ် မြို့နှင့် မယ်ဆိုင်မြို့ တို့မှ ဖိတ်ကြား ထားသော ထိုင်း နှင့် မြန်မာ ဧည့်သည်တော် များ ၊ မြို့မိ မြို့ဖ များ တက်ရောက် ကြသည်။

ကမ္ဘောဇဘဏ် လီမိတက်သည် နိုင်ငံတကာ နှင့် ချိတ်ဆက် လုပ်ကိုင် ဆောင်ရွက်ရသော နိုင်ငံခြားဘဏ် လုပ်ငန်းကို နိုင်ငံတကာရှိ ဘဏ်များနှင့် လည်းကောင်း ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း များနှင့် လည်းကောင်း ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းများ နှင့် နိုင်ငံတကာ ငွေလွှဲ ပေးပို့ လက်ခံမှုများ အပါအ၀င် နိုင်ငံတကာ ဘဏ်လုပ်ငန်း ဆိုင်ရာ ၀န်ဆောင်မှု များကို အာရှ ၊ ဥရောပ နှင့် အမေရိက တို့မှ နိုင်ငံတကာ ထိပ်တန်း ဘဏ်ကြီး များဖြင့် အဓိကထား၍ ချိတ်ဆက် ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် နိုင်ငံတကာ ငွေလွှဲလုပ်ငန်း အဖွဲ့အစည်း ဖြစ်သော အမေရိကန် နိုင်ငံမှ Western Union ဖြင့် ပူးပေါင်း၍ ကမ္ဘာ အရပ်ရပ်ရှိ ဒေသ အနှံ့အပြားမှ မြန်မာနိုင်ငံ သို့ ငွေလွှဲများ လွှဲပို့ပေးခြင်း လုပ်ငန်း ကို ၀န်ဆောင်မှုများ ပေးလျက် ရှိသည်။

ကမ္ဘောဇဘဏ် လီမိတက်၏ ပုံမှန် ဘဏ်လုပ်ငန်းများ ဖြစ်သော အပ်ငွေ လက်ခံခြင်း ၊ ချေးငွေ ထုတ်ပေးခြင်း ၊ ပြည်တွင်း ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ချက်လက်မှတ် နှင့် ငွေပေးအမိန့် များ အသုံးပြုခြင်း တို့အပြင် ATM Card , MPU Debit Card ၀န်ဆောင်မှု များ ၊ အငှားဝယ်စနစ် ( Hire Purchase ) ၊ မေတ္တာ လက်ဆောင် ချက်လက်မှတ် ( Gift Cheque ) ၊ နိုင်ငံခြား ငွေလဲလှယ်မှု လုပ်ငန်းနှင့် နိုင်ငံခြားဘဏ် လုပ်ငန်း ၀န်ဆောင်မှု များကိုပါ တိုးချဲ့ လုပ်ဆောင်လျက် ရှိသည်။

နိုင်ငံတော် အနေဖြင့် စီးပွားရေး ကဏ္ဍ အပါအ၀င် အဖက်ဖက်မှ ခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် နေချိန်တွင် ခေတ်မီဘဏ် လုပ်ငန်းများကို နိုင်ငံတကာ နှင့် အညီ ရင်ဘောင်တန်း ဆောင်ရွက် နိုင်ရေး နှင့် ပြည်သူလူထု ၏ အကျိုးစီးပွားကို မြှင့်တင် နိုင်ရေး အတွက် ကမ္ဘောဇဘဏ် လီမိတက် အနေဖြင့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ဆင့်ပြီး တစ်ဆင့် ခေတ်မီ တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily
Read more...

ခွန်ဥက္ကာ ခေါင်းဆောင်တဲ့ PNLO နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ

0 comments
မတ်(၂၃)

မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ကစတင်ကာ ခွန်ဥက္ကာ ခေါင်းဆောင်တဲ့ PNLO နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးမှုကို ပြုလုပ်လျက်ရှိသည်။


KDN
Read more...

မောက်မယ်မြို့နယ်တွင် လူတစ်ဦး မိမိကိုယ့်ကို ဓါးဖြင့်လည်လှီးဖြတ်သေဆုံးမှုဖြစ်ပွားခဲ့

0 comments


မတ် (၂၃)

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနန့်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ အိမ်အမှတ် (မ/၃၃) ပိုင်ရှင် ဦးတင်ဝင်း၏ နေအိမ်တွင် ၂၀၁၃ ခုနှစ် မတ်လ(၂၁) ရက်နေ့ ညနေ(၄)နာရီခန့်က အမျိုးသားတစ်ဦး မိမိကိုယ့်ကို ဓါးဖြင့် လည်လှီးဖြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရသည်။

ဟိုနန့်ရဲစခန်းမှ တာဝန်မှူးရဲ့ ပြောပြချက်အရ “ သေဆုံးသူ မောင်မြင့်မှာ လွန်ခဲ့တဲ့ ၅ လခန့်က ဆီဆိုင် ဘက်က ရောက်လာပြီး ဒီမြို့မှာရှိတဲ့ ဦးတင်ဝင်းရဲ့ အိမ်မှာ ပန်းရံအလုပ် လာလုပ်နေတာပါ၊ အရက်အလွန်အကျွံ သောက်ထားတယ်နဲ့ တူပါတယ်၊ အရိုး/အသွား (၉)လက်မလောက်ရှိတဲ့ ဓါးဦးချွန်နဲ့ သူ့လည်ပင်းကို ပြန်လှီးတာဗျ၊ လည်ပင်းမှာ အနက်(၂)လက်မလောက်နဲ့ အကျယ်(၄)လက်မလောက်ရှိတဲ့ ဒဏ်ရာနဲ့သေဆုံး နေတာတွေ့ရတယ်” ဟု ပြောပြခဲ့ပါသည်။

သေဆုံးသူ မောင်မြင့်မှ ကိုယ့်ကိုယ်ကို ဓါးဖြင့် သတ်သေနေချိန်တွင် အိမ်ရှင် ဦးတင်ဝင်းတို့ မိသားစု မှာ နေအိမ်တွင် မရှိဘဲ အလှူတစ်ခုကို သွားရောက်နေကြကြောင်း၊ ဟိုနန့်ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၊ ၁/၂၀၁၃ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Read more...

လားရှိုးငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေ

0 comments
မတ်(၂၃)

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့တွင်ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ အား မတ်ခ်ျလ ၂၀ မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပရာ အစည်း အဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း သိရသည်။ ထို့အပြင် လေ့လာသူအဖြစ်တက်ရောက်လာသည့်ပြင်ပအဖွဲ့အစည်း ၂၂ ဖွဲ့ရှိကြောင်းလဲသိရသည်။ အစည်းအဝေးနောက်ဆုံးရက်ဖြစ်သော မတ်လ ၂၂ ရက် ၄ နာရီမှ ၄ နာရီ မိနစ် ၅၀ ခန့်အထိ သတင်းစာရှင်း လင်းပွဲ နှင့်သဘောထားထုတ်ပြန်ကြေငြာချက် ၆ ချက်ကိုထုတ်ပြန်ခဲ့ သည်။
Read more...

"ကယန်းအလှ" ဇာတ်ကားနဲ့ ကမ္ဘာကို ချပြမယ် # အောင်ကိုလတ်

0 comments
မတ်(၂၃)

အနှစ် ၂၀ ခန့်က စိတ်ကူး “ကယန်းအလှ” ရုပ်ရှင်အား ယခုနှစ် စက်တင်ဘာလ အတွင်း ရုံတင်ပြသရန် ရှိကြောင်း ဒါရိုက်တာအောင်ကိုလတ်က ပြောသည်။ 

“ကယန်းအလှကို ရိုက်ရတာက ကယန်းလူမျိုးက ဦးတို့တိုင်းပြည်ရဲ့ တိုင်းရင်းသား ဖြစ်ကြောင်း ကမ္ဘာက သိစေချင်လို့ပါ။ တချို့ ယိုးဒယား ကဟာလိုလို ပြောနေကြတယ်။ လုပ်စားနေကြတာလည်း အများကြီးပဲ။ မခံနိုင်လို့။ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ကတည်းက အိပ်မက် မက်ခဲ့ရတယ်။ ဖြည်းဖြည်းချင်း ပိုက်ဆံစု၊ ပညာစုပြီး ကြိုးစား လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဟာသကားတွေ၊ သာမန် အချစ်ကားတွေ ကြားထဲမှာတော့ ကျွန်တော့်ကားက မင်းသား၊ မင်းသမီးလည်း မပါဘူးလေ။ စိတ်ဝင်စားတဲ့လူ ရှိသလို လုံးဝ မလာတဲ့လူလည်း ရှိမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ်ပါတယ်” ဟု ဒါရိုက်တာအောင်ကိုလတ်က ပြောသည်။ 

ကနဦးက ၂၀၁၃ ခုနှစ်မှသာ ရုံတင်ရက် ရရှိခဲ့သော်လည်း အော်စကာ ဆုပေးပွဲ၏ နိုင်ငံခြား ရုပ်ရှင်ဆုပေး ပွဲတွင် ပါဝင်ပြသလို၍ ယခုနှစ် စက်တင်ဘာလအတွင်း ပြသရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ကယန်းအလှ ရုပ်ရှင်နည်းတူ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု လူနေမှုစရိုက်များ ဆက်လက် ရိုက်ကူးချင်ကြောင်း ဒါရိုက်တာအောင်ကိုလတ်က ဆက်လက် ပြောသည်။ 

ဒါရိုက်တာ အောင်ကိုလတ်သည် City FM (10) နှစ်ပြည့် တေးစီးရီးတွင် စန္ဒီမြင့်လွင်နှင့် တွဲဖက်၍ “ကိုဘီအေ” သီချင်းတစ်ပုဒ် သီဆိုခဲ့ကြောင်း သိရသည်။ “အစက စင်ပေါ်တက်ဖို့ အစီအစဉ် မရှိဘူး။ City FM အုပ်စုတွေက ဦးကို မဆိုဖြစ်တာကြာပြီ ဆိုပါလို့ ပြောတယ်။ 

သီချင်းရဲ့ အလယ်က Rap စာသားကို JMe ကို ရေးခိုင်းမယ်။ ဒီးဒီ ဆိုမယ် ဆိုတော့ အားလုံး သဘောတူကြ တာနဲ့ ဆိုဖြစ်သွားတာပါ” ဟု ဒါရိုက်တာအောင်ကိုလတ်က စတိတ်စင်ပေါ် ပြန်တက်ရခြင်းကို ရှင်းသည်။ 

တစ်ချိန်က အောင်မြင်ခဲ့သည့် “ကိုဘီအေ” သီချင်းကို သားဖြစ်သူ J Me ရေးသားပေးသော Rap စာသား များ ပေါင်းစပ် သီဆိုခြင်း ဖြစ်ကြောင်း သိရသည်။
 
ကယန်းတိုင်းစ်
Read more...

သမိုင်းထဲက ဒရယ်ကူလာ

0 comments
မတ်(၂၃)

သမိုင်းထဲက ဒရယ်ကူလာ   ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။   ဥရောပ ဟန်ဂေရီနိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၁၆၁၀ ခုနှစ် ကာလက ဖြစ် ပါတယ်။ မြို့ ဝန် (ခင်ပွန်း) ဖြစ်သူ ကွယ်လွန်ပြီးနောက် မြို့ စား  ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး သူမရဲ့  လူသတ်တဲ့ အစီအစဉ်ကို စတင်ပါတော့ တယ်။ အပျိုစင်အမျိုးသမီးပေါင်း အယောက် ၆၅၀ သတ်တယ်လို့ လူအများ ယုံကြည်ထားပြီး တရားဝင်ထွက်ဆိုချက်မှာတော့ အယောက် ၈၀ ပဲ ရှိပါ တယ်။   သူမအနေနဲ့ ထာဝရ နုပျိုနိုင်ဖို့အတွက် အပျိုစင်တို့ကို သတ်ပြီးရတဲ့သွေး ကို သောက်ခြင်း ဖြစ်ပြီး ယင်းအယူအဆကြောင့် သူမကို ဒရက်ကူလာ လို့လည်း လူသိများလာပါတယ်။ နောက်ပိုင်းကျတော့ အစိုးရမှ သိရှိပြီး ဖမ်းဆီးလို့ ထောင်ချခဲ့ပါတယ်။ သူမကို ယနေ့တိုင် သမိုင်းထဲက ကမ္ဘာ့ လူအများဆုံး သတ်ဖြတ်သော လူသတ်သမား ၊ ဒရက်ကူလာအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။  -- Ref: wiki ရိုးရာလေး ဗဟုသုတ -- http://www.yoyarlay.com/international-news/europe/34783-woman-serial-killer  --

ဒရယ်ကူလာ မြို့ စားမ သို့မဟုတ် လူသတ်သမား မြို့ စားမ လို့လည်း ခေါ်ဆို တဲ့ Elizabeth Bathory de Ecsed အမည်ရ အမျိုးသမီး တစ်ဦးဟာ သမိုင်း ထဲက လူအများဆုံး သတ်တဲ့ လူသတ်သမားအဖြစ် စံချိန်တင်ထား ပါတယ်။ 

ဥရောပ ဟန်ဂေရီနိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၁၆၁၀ ခုနှစ် ကာလက ဖြစ် ပါတယ်။ မြို့ ဝန် (ခင်ပွန်း) ဖြစ်သူ ကွယ်လွန်ပြီးနောက် မြို့ စား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရပြီး သူမရဲ့  လူသတ်တဲ့ အစီအစဉ်ကို စတင်ပါတော့ တယ်။ အပျိုစင်အမျိုးသမီးပေါင်း အယောက် ၆၅၀ သတ်တယ်လို့ လူအများ ယုံကြည်ထားပြီး တရားဝင်ထွက်ဆိုချက်မှာတော့ အယောက် ၈၀ ပဲ ရှိပါ တယ်။ 

သူမအနေနဲ့ ထာဝရ နုပျိုနိုင်ဖို့အတွက် အပျိုစင်တို့ကို သတ်ပြီးရတဲ့သွေး ကို သောက်ခြင်း ဖြစ်ပြီး ယင်းအယူအဆကြောင့် သူမကို ဒရက်ကူလာ လို့လည်း လူသိများလာပါတယ်။ နောက်ပိုင်းကျတော့ အစိုးရမှ သိရှိပြီး ဖမ်းဆီးလို့ ထောင်ချခဲ့ပါတယ်။ သူမကို ယနေ့တိုင် သမိုင်းထဲက ကမ္ဘာ့ လူအများဆုံး သတ်ဖြတ်သော လူသတ်သမား ၊ ဒရက်ကူလာအဖြစ် မှတ်တမ်းတင်စေခဲ့ကြောင်း သိရပါတယ်။

ရိုးရာလေး ဗဟုသုတ
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here