Saturday, January 11, 2014

ရှမ်းနီလူမျိုး မောင်းခမ်းသူ မောင်းခမ်းသားများ သမိုင်းတာဝန်ကျေကြပါသည်

0 comments
11.1.2014

ယနေ့သျှမ်းနီလူငယ်များ သမိုင်းတွင် မိမိတို့ သျှမ်းနီလူမျိုး များအတွက် ရှေးနောင်တော် များက တတ်နိုင် သလောက် ကြိုးစားခဲ့ကြသည်ကို သိရှိနိုင်ရန်အလို့ငှာ တင်ပြင်လိုက်ခြင်းဖြစ်ပါသည်။

၁၅ ရက်နေ့ ဇွန်လ ၁၉၇၂ ခုနှစ်တွင် တိုင်းလိုင်(၀ါ) တိုင်းနိုင်း ခေါ် ရှမ်းနီလူမျိုးများ မောင်းခမ်းတိုက်နယ် ဟုန်းမလင်း မြို့နယ် ခန္တီးခရိုင် မှ ထိုသို့ တောင်းဆို တင်ြ့ပခဲ့ဘူးပါသည် ။မြန်မာနိုင်ငံ အတွင်း နေထိုင် ကြသော တိုင်းရင်းသားအားလုံးတို့သည် မွန်ဂိုမျိုးနွယ်မှ ပေါက်ဖွားလာသော အမျိုးအနွယ် များဖြစ်ကြပါ သည်။ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်သောအချိန်ကာလ အပိုင်းအခြား ကြောင့် လူမျိုးအသီးသီး ကွဲပြားဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတိုင်းရင်းသား အသီးသီးတွင် တိုင်းရင်း သား အသီးသီးတို့၏ ဘာသာစကား စာပေ ဓလေ့ထုံ စံယဉ်ကျေးမှုအသီးသီးရှိစမြဲဖြစ်ပါသည်။ ယင်းတိုင်းရင်း သားများနက် စာပေ နှင့် ယဉ်ကျေးမှုတို့ကို တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်နိုင်သည့် တိုင်းရင်းသား များ၏စာပေ နှင့် ယဉ်ကျေးမှု တို့မှာ တနိုင်ငံလုံး သိရှိကြသော်လည်း မိမိတို့၏ စာပေ နှင့် ယဉ်ကျေးမှုတို့ကို တိုးတက်ဖွံ့ဖြိုးအောင် မဆောင်ရွက်နိုင်သော မြေလပ်ရှမ်း(ရှမ်းနီ) နွယ် တိုင်းရင်းသားများမှာ လူနည်းပြီး တိမ်မြုပ် လျက်ရှိပါသည်။

ယင်းတိမ်မြုပ်လျက်ရှိသော မြေလပ်ရှမ်း(ရှမ်းနီ) နွယ်များမှာ (ကချင်ပြည်နယ် ) နှင့် (စစ်ကိုင်း တိုင်း အထက်ပိုင်း)တွင် နေထိုင်ကြသော တိုင်းလိုင် ၊ တိုင်းလုံ ၊ တိုင်းခန္တီး ၊ တိုင်းဖွန်း ၊ တိုင်းလေ ၊ တုင်းဂဒူး၊ တိုင်းဂနန်း စသည်တို့ ပါဝင်ကြပါသည်။ ထိုတိုင်းလိုင်စုများ၏ ယဉ်ကျေးမှု ဘာသာစကား ဓလေ့ထုံစံများ မှာ ရှေးယခင်ကတည်းက ရှိခဲ့သောလည်း တမ်မြုပ်ချင်း ခံနေရသဖြင့် ဖော်ထုတ်နိုင်ခဲ့ဖြင်း မရှိခဲ့ပါ။

လက်ရှိ(ကချင်ပြည်နယ်) နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွင် မြေလပ်ရှမ်း(ရှမ်းနီ) လူမျိုးစုတို့ ၏ယဉ်ကျေးမှု မှေးမိန်နေရခြင်းမှာ သက္ကရဇ် ၁၁၄၀ မှ ၁၂၄၉ နှစ်အထိ မြန်မာမင်းများ၏ မြို့ဝင်များ အုပ်ချုပ်မှု အောက်တွင် နေခဲ့ရာ နှစ်ပေါင်း(၁၀၀)ခန့်အထိ မြန်မာတို့၏ ယဉ်ကျေးမှုလွှမ်းမိုးခဲ့ကြပါသည်။

ထို့ကြောင့် အမျိုးမှာ မြန်မာများကဲ့သို့ ၀တ်စားဆင်ယင်နေထိုင်သည်ကို တွေ့ရပါလေသည်။ လွတ်လပ်ရေး ရပြီး ခေတ်တွင်လည်း မြေ လပ်ရှမ်း(ရှမ်းနီ) လူမျိုးစုတို့နေထိုင်ရာဒေသကို ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသတွင်း ထည့်သွင်း ထားခြင်း ခံရပါသည်။ ယင်းဒေသတွင် နေထိုင် ကြ သော မြေလပ်ရှမ်း(ရှမ်းနီ) နွယ်ဝင်များသည် ယဉ်ကျေးမှု ဖော်ထုတ်ရန် မရသောကြောင့် မှေးမိန်လျက် ရှိပါသည်။

ထို့ကြောင့် ကိုယ်ပိုင်ပြည်နယ်အဖြင့် ပြည်နယ်တစ်နယ် သတ်မှတ်ပေးမှ သာလျှင် အတိတ်မှ နှစ်နာ ချက်များကို ပျောက်ကင်းအောင် ကုစားနိုင် မည်ဖြစ်ကြောင်း ၊ ထိုယုံကြည်မှုအပြည့်အ၀ဖြင့် ထပ်လောင်း တင်ပြအပ်ပါသည်။

**ယခင်ရေးခဲ့သောမူရင်းစာအတိုင်း သတ်ပုံအတိုင်းဖော်ပြထားပါသည်။ **

By : သျှမ်းနီသွေး (သျှမ်းနီလူငယ်ကွန်ယက်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here