Thursday, January 16, 2014

လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ

0 comments
16.1.2014

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။

အဆိုပါ အမှုကို မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုက ဇန်န၀ါရီ ဒုတိယပတ်က မူဆယ်မြို့ နယ် တရားရုံးတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးသည် ၂၀၁၃ ခုနှစ် ဇွန်လက လားရှိုးမြို့ သို့ ဆေးခန်းပြသရန် လာစဉ် ကားဂိတ်၌ နမ့်ဆန်မြို့၊ မန်လွယ်ရွာနေ မခင်သန်းမြင့်နှင့် တွေ့ဆုံခဲ့ပြီး လားရှိုး မြို့ရှိ တည်းခိုခန်း၌ အတူတည်းခိုစဉ် တရုတ်နိုင်ငံတွင် အလုပ်ကောင်းသဖြင့် သစ်ခွခြံတွင်လုပ်ရမည်၊ တစ်ရက်လျှင် တရုတ်ငွေယွမ် ၅၀ မှ ၁၀၀ အထိရမည်ဟု မခင်သန်းမြင့်က စည်းရုံးပြောဆိုသဖြင့် လိုက် ပါသွားခဲ့သည်ဟု လူကုန်ကူးခံရသူ အမျိုးသမီးငယ်က ပြန်လည်ပြောပြထားသည်။

ထို့နောက် တရုတ်နိုင်ငံ၊ ၀မ်တိမ်းမြို့အနီးရှိ ပလောင်ရွာသို့ ခေါ်ဆောင်သွားပြီး ၄င်းအိမ်တွင် ၅ ရက်ခန့် နေ ထိုင်စဉ် တရုတ်ယောက်ျားသုံးဦးနှင့် ပြသခဲ့ပြီး၊ ယောက်ျားမယူလိုကြောင်း ငြင်းဆိုသော်လည်း တရုတ်ယောက်ျား ယူမှ ငွေကြေးအဆင်ပြေမည်၊ HIV ရောဂါကုသ၍ရမည်ဟု အတင်းအကျပ်ပြောဆို သဖြင့် သဘောတူခဲ့ရာ ပလောင်ရွာနေ တရုတ်လူမျိုး စိုင်းဆမ်မှ ပေါက်စန်းမြို့၊ တာထဲင်း ပန်ရွာသို့ ခေါ်ဆောင်သွားပြီး အသက် ၃၀ ခန့်အရွယ် အားချောင်ထံ ယွမ် ၃၆,၀၀၀ ဖြင့် ရောင်းစား ခံခဲ့ရသည်။

ယင်းကဲ့သို့ ရောင်းစားမှုမှ မခင်သန်းမြင့်က ယွမ်၂၀၀၀ ရရှိခဲ့ပြီး အားချောင်နှင့် ခြောက်လခန့် ပေါင်းသင်း ခဲ့ရာ ကိုယ်ဝန်သုံးလရရှိချိန်တွင် အမျိုးသမီးငယ်ထံ HIV ရောဂါရှိသည်ကို သိရှိသွားပြီး ဆက်လက် မပေါင်း သင်းတော့ဘဲ မခင်သန်းမြင့်ထံ တရုတ်အမျိုးသားက ပြန်ပို့ခဲ့သည်။

ထို့နောက် မခင်သန်းမြင့်က အမျိုးသမီးငယ်များအား စည်းရုံးခေါ်ဆောင်လာရန် နှင့် အမျိုးသမီး တစ် ယောက်ခေါ်ဆောင် လာပါက ရောင်းရငွေမှ တစ်ဝက်ပြန်ပေးမည်ဟု ပြောပြီး မြန်မာနိုင်ငံ၊ လားရှိုးမြို့ သို့ ပြန်လည်စေလွှတ်ခဲ့ရာမှတစ်ဆင့် လားရှိုးလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုရုံးသို့ သွားရောက်တိုင် ကြားခဲ့သည်။

ယင်းနောက်တွင် လားရှိုးတပ်ဖွဲ့စုမှူးရုံးမှတစ်ဆင့် မူဆယ်တပ်ဖွဲ့စုမှူးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ သိရှိမှုမှတစ်ဆင့် မူဆယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသည် ရွှေလီနယ်စပ်ဆက် ဆံရေး (BLO) ရုံးနှင့် ပူးပေါင်း၍ တရုတ်နိုင်ငံ၊ ၀မ်တိမ်မြို့၊ ဟွေဟွမ်ရွာသို့ မခင်မြင့်သန်းကို ၀င်ရောက် ရှာ ဖွေရာ မတွေ့ရှိပေ။ ထို့နောက် မခင်သန်းမြင့်၏ တရုတ်လက်ကိုင်ဖုန်းသို့ ဆက်သွယ်ပြီး လူကုန်ကူးခံရ သူသည် ၀မ်တိမ်နယ်စပ်တွင် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိနေကြောင်း အသွင်ယူ ဆက်သွယ် ပြောဆိုခဲ့ရာမှ တရားခံ မခင်သန်းမြင့်အား ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် လူကုန်ကူးခံရသူ အမျိုးသမီးငယ်ကို မူဆယ်မြို့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူကုန်ကူးခံရသူ များ စောင့်ရှောက်ရေးဂေဟာတွင် ခေတ္တထားရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here