Thursday, January 16, 2014

ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း

0 comments
16.1.2014

လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာ ထား တောင်း ခံခြင်းလည်း ဖြစ်သည်။

“တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လုပ်ငန်းများမှာ သုံးဖို့ ကျပ်သိန်း ၇,၀၀၀ လျာထားပါ တယ်” ဟု ဇန်န၀ါရီ ၁၅ရက်တွင် သမ္မတရုံး၏ အမျိုးသားစီမံကိန်း လျာထားလုပ်ငန်းများ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြစဉ် ဦးကံချွန်က ပြောသည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ဘဏ္ဍာငွေတောင်းခံခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကမူ ထိုသို့မပါဝင်သည့်အတွက် စီမံကိန်း ဆွေးနွေး ရာတွင် လွှတ်တော်ကိုယ်စားလှယ် အချို့က ဝေဖန်ခဲ့ကြသေးသည်။

ထို့ပြင် လွှတ်တော်ရုံးအသုံးစရိတ်ထဲမှ ကျပ်သိန်းတစ်ထောင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ပြည် တွင်းငြိမ်းချမ်းရေးအတွက် သုံးစွဲရန် ပြည်ထောင်စု လွှတ်တော်က သီးသန့် ခွင့်ပြုခဲ့ ရသေးသည်။

“ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်မရှိတဲ့ အခါကျတော့ ဘာလုပ်လဲဆိုတော့ လွှတ်တော် ကိုယ်စား လှယ်တွေ ဆောက်မယ့် အိမ်ရာတွေကို ကိုယ်စားလှယ်အားလုံးက အိမ်ရာဆောက်မယ့်အစား ငြိမ်းချမ်းရေး အတွက် ပေးလိုက်ရင် ကောင်းမယ်ဆိုပြီး ဥက္ကဋ္ဌကပြောတော့ အားလုံးကသဘောတူပြီး လက်ရှိနေရာ (စည်ပင် ဧည့်ရိပ်သာ) မှာပဲ အဆင်ပြေအောင် နေကြတယ်” ဟု ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်းစေအွာက ပြောသည်။

ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးသူရိန်ဇော်ကလည်း အဆိုပါ အသုံးစရိတ် တောင်းခံလာခြင်းကို ကန့်ကွက် ရန် မရှိဘဲ ၀မ်းမြောက်သည်ဟု ဆိုသည်။ “ဒီနှစ်တော့ လိုမှန်းသိလို့ အစိုးရက တောင်းထားတယ်” ဟု ၎င်းကဆိုသည်။ အခြားသော တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အချို့ကမူ ထိုသို့တောင်း ခံလာ ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းသုံးငွေများ ဥပဒေနှင့် လျော်ညီမှုရှိလာနိုင်မည်ဟု သုံးသပ် ကြသည်။

အဆိုပါ လျာထားငွေ လုံလောက်မှု ရှိမရှိဆိုသည်ကို စဉ်းစားခြင်းထက် အထောက်အပံ့ကောင်း ဖြစ်မည် ဟု ယုံကြည်သည်ဟု ၎င်းတို့က ထုတ်ဖော် ပြောဆိုကြသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးညှိနှိုင်း လျက်ရှိသည်။ အစိုးရက ပြည်တွင်း ငြိမ်းချမ်း ရေး တည်ဆောက်ရန် ဦးစွာအပစ်အခတ်ရပ်စဲလိုနေပြီး နိုင်ငံရေး ဆွေးနွေးရန် မူဘောင် ချမှတ်ခြင်း၊ နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပခြင်းစသဖြင့် အဆင့်အလိုက်သွားရန် မျှော်မှန်းထားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here