Friday, January 17, 2014

***လာမည်ရွေးကောက်ပွဲ မိမိအား အဆိုတင်သွင်းခြင်းမပြုရန် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြော***

0 comments

သျှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ် လွယ်တိုင်းလျန်တွင် လာမည့် ဖေဖေါ်ဝါရီလအတွင်း RCSS / SSA ဥက္ကဌ ရာထူးအပါအ၀င် ဗဟို ကော်မတီအားလုံး ပြန်လည်ရွေးကောက်တင်မြှောက်လျှင် မိမိ နာမည်ကို ထည့်သွင်း အဆိုတင်တွင်းခြင်းမပြုရန် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြေားကြားလိုက်သည် ဆိုသော သတင်းတရပ်မှာ မှန်ကန်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်က ဆိုပါသည်။

ဗိုလ်ချုပ်ကြီးယွတ်စစ်သည် ၁၉၉၆ က MTA (မိန်းတိုင်းအာမီ) ဦးခွန်ဆာ လက်နက်ချပြီးနောက် စ၀်ယွက်စစ် က အဲကနေခွဲထွက်လာပြီး ဒီနေ. ၂၀၁၄ ခုနှစ်အထိ RCSS/SSA ဦးဆောင်ခဲ့သူ လည်းဖြစ်ပါတယ်ဒီနှစ်ဆိုရင် နှစ်ပေါင်း ၁၈ နှစ်ရှိပါပြီ ။ RCSS ကိုတည်ခဲ့ပြီးနောက် တောက်လျှောက် ဆိုသလို စစ်အစိုးရနဲ့ တိုက်ပွဲကြီးများရင်ဆိုင်လာခဲ့ရာ ဦးသိန်းစိန် အစိုးရ လက်ထက်.. နိုဝင်ဘာလ 19 ရက် 2011 ခုနှစ် မှာအစိုးရဖက်မှ ရထားပုံဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် အဖွဲ့တို့ စတင်ပြီး ပစ်အခတ်ရပ်စဲရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအပါဝင် နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးရ ဖြေရှင်းကြရန်အတွက် ပထမအဆင့် အနေနဲ့ မူအားဖြင့် လက်ခံကြောင်း ထိုင်းနယ်စပ်တနေရာမှာ ပြောဆိုခဲ့ကြတာ လည်းဖြစ် ပါတယ်..၂၀၁၁ ကစလို ငြိမ်းချမ်းရေး သဘောတူညီမှုတွေနဲ့ ဆက်လုပ်ဆောင်လာခဲ့တာဟာ ဒီနေ့အချိန်ထိပဲဖြစ်ပါတယ်၊

၂၀၁၄ ဂျန္န၀ါရီ ၉ ရက်မှ ၁၃ ရက်နေ့အထိ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကျင်းပရာတွင် ထိပ်ပိုင်းခေါင်းဆောင်များေ၇ွးကောက် တင်မြောက်ရေးအတွက် ကော်မရှင်ဖွဲ့စည်းကြောင်း၊ ၄ နှစ် တစ်ကြိမ်ခေါင်းဆောင်ဖြစ် သူနှင့် ဗဟိုကော်မတီဝင် ရွေးကောက် တင်မြောက်ရေး အတွက် လည်း ရှေ့လအတွင်းကျင်းပရန် စီစဉ်လိုက်ကြောင်း သိရသည်။အဆိုပါ ရွေးကောက်ပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏နာမည် ကိုထည့်သွင်းအဆိုတင်ခြင်းမရန်ပြောကြားခြင်းဖြစ်သည်။

By: သျှမ်းနီလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here