Friday, January 17, 2014

ဗန်းမောက်နယ်က မူးယစ်သားကောင် ဘ၀များ

0 comments
17.1.2014

မြန်မာပြည်မြောက်ပိုင်း ကာသာခရိုင် ဗန်းမောက်မြို့နယ် မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ရွှေလုပ် ကွက်တွေ အတွင်း ၀င်ရောက်ခိုးယူတာ လမ်းသွား လမ်းလာ အများပြည်သူတွေကို ခြိမ်းခြောက် အန္တ ရာယ်ပြု တရားဥပဒေစိုးမိုးမှု တွေမရှိတဲ့ အတွက်ကြောင့် ဘ၀လုံခြုမှုတွေမရှိတာတွေ ကြုံတွေ့ နေရပါသည်။

ယနေ့ ဗန်းမောက် မြို့နယ်အတွင် ရှိ လူငယ်အများဟာ ဆိုရင် မူးယစ် ဆေးဝါး သုံးစွဲမှုတွေဟာ အလွန် ဆိုးဝါစွာ မြင်းမားနေပါတယ်။ လူငယ် ၃၀ % ကျော်ကျာ်လောက်ကို မူးယစ်ဆေးဝါး ရဲ့ ကျေးကျွန်သားကောင်တွေဖြစ် နေကြပါတယ်။ ရွှေကျင်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော လုပ်သား အများအပြားမှာလည်း မူးယစ်ဆေးဝါ သုံးစွဲ နေတဲ့သူများ ဖြစ်နေကြပါတယ်။

“”ဒေသတွင်း ရဲတပ်ဖွဲ့များကလည်း ဟန်ပြဖမ်းဆီးမှု တွေဘဲ လုပ်နေ ပါတယ်။ကူညီပါရစေ ဆိုတဲ့ဆောင် ပုဒ်တွေကို မျက်ကွယ်ပြုပြီးတော့ ကူညီမဲ့အဖွဲ့အစည်းဖြစ်နေပြီး ပြည်သူတွေရဲ့ ဆန်တွေစား ပြည်သူရဲ့ ပိုက်ဆံတွေကို မတရားကောက်ခံပြီးတော့ ပြည်သူတွေကို အလုပ်အကျွေး မပြုစု တဲ့အပြင် နိုင်ထက် စီးနှင်းပြုလည်း ပြုလုပ်နေပါတယ် “”လို့ဗန်းမောက် မြို့နယ်မှ မြို့မိမြို့ဖ တစ်ဦးက ပြော ဆိုပါတယ်။ ဒီမူးယစ်ဆေးဝါတွေကို မည်သူက ထုတ်လုပ် ပြီးတော့ မည်သူက တာဝန် ယူပြီးတော့ ဖြန့်ဝေနေ တာလဲ။ လက်နက်ကိုင် အချို့က မူးယစ်ဆေးဝါးရောင်း ချသူများကို လစဉ်ကြေးကောက် ခံပြီးတော့ ထောက်ပံ့နေကြပါတယ်။ အဲ့ဒီလို ထောက်ပံ့ ထားတဲ့ အတွက် ကြောင့် ဒေသ ခံပြည်သူများကလည် မည်သူ့ကို အားကိုး တိုင်ကြားရမယ် ဆိုတာ အားကိုးရာ မဲ့နေပါတယ်။

နိုင်ငံတော်က မည်မျှပင် စီမံချက် ချချ ထိရောက်အောင် အကောင်အထည် မဖော်နိုင်ပါဘူး။ ဒီမိုခေတ်မှာ အစိုးရတပ်နှင့် KIA လက်နက်ကိုင်တပ်များ အကြား စစ်မက်ဖြစ်ပွားနေမှုများကို အခွင့်အရေးယူ၍ တရားဥပဒေ စိုးမိုးမှု မရှိချိန်တွင် အတ္တအကျိုးစီးပွားရှာရန်အတွက် နယ်မြေခံ လူငယ်အများ အပြားဟာ မူးယစ်ဆေးဝါး သားကောင်အဖြစ် အသုံးချခံ ဖြစ်နေပါတယ်။ လူသား မျိုးနွယ်အညွတ်သုံးစေမူကို ဖြစ်စေ နိင်မဲ့ မူးယစ်ဆေးဝါးကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုလုပ်နေကြတာဟာ အသိပညာ ဗဟုသုတ နည်းပါးသော ဒေသခံသျှမ်းမျိုးနွယ်စုများ အတွက် မျိုးဆက်ပျက်သုန်း ပျောက်ကွယ်သွားနိုင်မည့် အခြေ အနေသို့ ဆိုက်ရောက်နေပါသည်။ ဒါကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ် မူးယစ်ဆေးဝါးများကို တိုက်ဖျက်သွား ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဒေသခံများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

By : သျှမ်းနီသွေး(သျှမ်းနီလူငယ်ကွန်ယက်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here