Friday, January 10, 2014

ကျားဖြူကိုယ်စားလှယ်ကြောင့် ရှမ်းနီ ပါတီ ညီလာခံ မတက်ရောက်

0 comments
10.1.2014

ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဇန်န၀ါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ် ကျင်းပခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( ကျားဖြူ ) ညီလာခံ သို့ အခြားတိုင်းရင်းသား ပါတီများ တက်ရောက်ခဲ့သော်လည်း ရှမ်းနီ ပါတီက ကိုယ်စား လှယ် တစ်ဦးမျှ တက်ရောက်ခဲ့ခြင်းမရှိချေ။

ရှမ်းနီ ပါတီ တက်ရောက်ခြင်းမရှိသည့်အကြောင်းရင်းမှာ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါ်ခင်ပြုံးရည်က ပါတတီအပေါ် ထိုးနှက် တိုက်ခိုက်မူများ ပြုလုပ်လျှက်ရှိသောကြောင့်ဖြစ်ကြောင်း ပါတီ ဗဟို အလုပ်အမူဆောင် တစ်ဦးကဆိုသည်။

`` သူ့ရဲ့ လုပ်ရပ်တွေဟာ ပါတီက ညွှနကြားသလားဆိုတာ သံသယရှိပါတယ်။ နောက်ပြီးတော့ ဒီလို လုပ်ရပ်တွေကို ပါတီကလည်း ထိန်းသင့်လျှက်နဲ့ မထိန်းတဲ့အတွက် ညီလာခံ ကိုမတက်တာပါ။ ``ဟု ရှမ်းနီပါတီ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရှမ်းနီ သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here