Friday, January 17, 2014

စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းရေး တောင်းဆိုချက် တောင်ကိုရီးယား ပယ်ချ

0 comments
တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းဖို့ မြောက်ကိုရီးယား အစိုးရက တောင်း ဆိုတာ ကို တောင်ကိုရီးယားဘက်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လမှာ စီစဉ်ထားတဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို ရန်စတဲ့ အပြုအမူ လို့ မြောက်ကိုရီးယားဘက်က ဝေဖန်ပြီး ရပ်ဆိုင်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယား ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ ကင်မင်ဆွခ်က တုံ့ပြန်ရာမှာတော့ တောင်ကိုရီးယားဟာ ဒီမိုကရေ စီနိုင်ငံအနေနဲ့ လက်ဦးမှုယူတဲ့ တိုက်ခိုက်မှုမျိုးကိုလုပ်မှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့နောက်မှာ ကင်ဂျုံအန်းအစိုးရက အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို တိုက်ခိုက်ပြီး လက်တုံ့ပြန်မယ်လို့ ကြိမ်းဝါးခဲ့ပြီး လအတန်ကြာအောင် အပြန်အလှန် အပြစ်ဖို့ နေခဲ့ ကြတာ ဖြစ်ပါတယ်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ပြီးသွားခဲ့တာ နှစ် ၆၀ ကြာခဲ့ပေမယ့် တောင်နဲ့ မြောက် ကိုရီးယားတို့ကြားမှာ စစ်ရေးတင်းမာမှုကို လျော့ချရေး သဘောတူညီချက် အခုထိ မရကြသေးပါဘူး။

လေ့လာသူတွေကတော့ နှစ်နိုင်ငံကြားမှာ စစ်ဖြစ်ခဲ့ရင် မြောက်ကိုရီးယားဘက်က ရှုံးဖို့ သေချာ တာ မို့ ပြုံးယမ်းဘက်က သမာရိုးကျ စစ်ပွဲတခု ဖြစ်လာတဲ့အထိ စွန့်စားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နောက်ထပ် တာဝေးပစ်ဒုံးကျည် ဒါမှမဟုတ် နျူးကလီးယား စမ်းသပ်မှုတခုကို ပြုလုပ်နိုင်သေးတယ်လို့ ခန့်မှန်းကြပါတယ်။အခုထိ မြောက်ကိုရီးယားဟာ နျူးကလီးယား စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလမှာ နောက်ဆုံးစမ်းသပ်မှု လုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၀ က လုပ်ခဲ့သလိုမျိုး တောင်ကိုရီးယား နယ်နိမိတ်ထဲကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာမျိုး လုပ်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ကြပါတယ်။

DVB TV News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here