Thursday, January 9, 2014

မည်သည့် အခြေအနေ တွင်မဆို ကျားဖြူပါတီ နာမည် ဖျက်သိမ်းရန် အစီစဉ် မရှိဟု (SNDP) ညီလာခံမှ ဆုံးဖြတ်

0 comments
9.1.2014

ယနေ့ပြီး ဆုံးသွား ခဲ့သော ရှမ်းတိုင်း ရင်းသား များ ဒီမို ကရက်တစ် ပါတီ ခေါ် (SNDP) ကျားဖြူပါတီ ၏ တတိယ အကြိမ်ညီ လာခံတွင် မည်သည့် အကြောင်း ကြောင့် မဆို ကျားဖြူ ပါတီကို ဖျက်သိမ်း မည် မဟုတ် ဟု ဆုံးဖြတ်ကြောင်း အလုပ် အမှုဆောင် တဦးဖြစ် သူ စိုင်းစံမင်း ကဆိုပါသည်။

“ အဓိက ကတော့ ရှမ်းပါတီ တွေ ပေါင်းစည်းရေး ကိစ္စကို ရည်ရွယ်ပြီး ဆုံးဖြတ် တာပါ။ လောလော ဆယ် ကျားဖြူ နာမည်ကို ဖျက်ဖို့ အစီစဉ် မရှိဘူး။ ကျားခေါင်း ပါတီကတော့  သူတို့ ပါတီ နာမည် ဖျက် ရပါစေ။ နှစ်ပါတီ ကို တပါတီဖြစ် အောင် လုပ်မယ် လို့စိုင်း ညွန့်လွင် ကနေ သူတို့ ပါတီစာစောင် မှာရှမ်း လိုရေး ထား တာတော့ရှိပါ တယ်။ ကျနော်တို့ ပါတီဆုံး ဖြတ်ချက် ကတော့ အဲဒီလို မဟုတ်ဘူး ပေါ့” ဟုဆိုပါသည်။

နှစ်ပါတီ တို့သည်  ပေါင်းစည်းရေး အတွက် တဖက် ကိုယ်စားလှယ် (၅)ဦးစီဖြင့် ဖွဲ့စည်းထား သောပေါင်း စည်းရေး ကော်မီတီ တရပ်ရှိ ပါသည် ။ကျားဖြူ ပါတီသည် ညီလာခံ သဘောထား တရပ် ရရှိပြီး ဖြစ်သည့် အတွက် ၄င်းကိုယ်စား လှယ်များ နှင့် မကြာခင် ဆွေးနွေးတော့ မည်ဖြစ်ကြောင်း ဆိုပါသည်။

ကျားခေါင်း ပါတီဖြစ် သည့် ရှမ်းအမျိုး သား ဒီမိုကရေ စီအဖွဲ့ချုပ် (SNLD) သည် ပေါင်းစည်းရေး အတွက် လိုအပ် ပါက၄င်း တို့ပါတီ နာမည်ဖျက် သိမ်းရန် အဆင်သင့် ဖြစ်သည်ဟု ကျားဖြူက ဆိုပါသည်။ ဤကိစ္စ ကျားခေါင်း ပါတီကို ဆက်သွယ်သော်လည်း မည်သူမျှ တိတိကျကျ မပြောကြပေ။

ကျားဖြူ ပါတီက မူ ဤနာမည်ဖြင့် (၂၀၁၅) ရွေးကောက် ပွဲကိုဝင် အရွေးခံ မည်ဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရ ဖွဲ့စည်းနိုင် သည် အထိကြိုး ပမ်းမည်ဟု ဆိုပါသည်။ ညီလာခံ ၏ ရှေ့လုပ်ငန်းစဉ် များသည် လည်း ရှမ်း တိုင်းရင်းသားများ စည်းလုံး ညီညွတ် ရေးနှင့် ရွေးကောက် ပွဲအောင်နိုင်ရေး အစီစဉ်များ သာဖြစ်ပါသည်။

ညီလာခံကို ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တွင် (၃)ရက်တာ ကျင်းပပြီး ကိုယ်စားလှယ်ပေါင်း (၁၈၀၀)ကျော် တက်ရောက် ခဲ့ပါသည်။ ဖက်ဒ ရယ် ပြည်ထောင် စု ပေါ်ပေါက်ရေး ၊၂၀၁၅ ရွေးကောက် ပွဲဖြင့် လွှတ်တော် လမ်းကြောင်းဖြင့် ချီတက်ရေး ၊ရှမ်းအမျိုး သားသွေး စည်းညီ ညွတ်ရေး၊ အပါဝင် ပြည်တွင်း ငြိမ်းချမ်းရေး တည်တန့် ခိုင်မြဲရေး တို့ကို ကြိုပမ်း သွားမည်ဟု ထုတ်ပြန်ထား ပါသည်။

ကျးဖြူ ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်သော တိုင်းရင်း သားပါတီ များမှ မဲအများဆုံး ရရှိသော ပါတီဖြစ် သည်။ လက်ရှိတွင် လည်း ရှမ်းပြည်နယ် ၏ ဦးဆောင် ပါတီ အဖြစ် အစိုးရ ဖွဲ့နိုင်ရန် ထပ်မံကြိုးစား ကြမည်ဟု ပါတီ ခေါင်းဆောင်များက အဓိဌာန် ပြုထားကြ သည်။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here