Thursday, January 9, 2014

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ထိုင်းနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ အသိပေးကြေငြာချက် ထုတ်ပြန်

0 comments
9.1.2014

ထိုင်းနိုင်ငံအတွင်း၌ လတ်တလောကာလအတွင်း ၎င်းတို့၏ နိုင်ငံရေး အခြေအနေမှာ တည်ငြိမ်မှု မရှိသေးသည့်အပြင် လာမည့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံတ၀ှမ်းလုံး အထွေထွေ ဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ထိုင်းနိုင်ငံအတွင်း ၌ နေထိုင် ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြမှုများနှင့် လူစုရုံး ချီတက်ခြင်းများ စသည်တို့တွင် ပါဝင်ပတ် သက်ခြင်း မပြုလုပ်ရန်နှင့် သွားလာမှုများ သတိထားစေရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ရှိ မြန်မာ သံရုံးမှ သတိပေးတိုက်တွန်းနှိုးဆော်ချက်ကို ယခုလ (၆)ရက်နေ့က ထုတ်ပြန်ကြေငြာ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ယင်းနည်းတူ တာချီလိတ်မြို့နှင့် အလွန်နီးကပ်နေသော ချင်းရိုင်းခရိုင်း အတွင်း နှင့် မယ်ဆိုင်မြို့ ရှိ မြန်မာနိုင်ငံသားများအား "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)"မှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ(၉)ရက်တွင် အထူးသတိပေးကြေငြာချက်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ ကော်မတီ၏ ကြေငြာချက် အား ဖော်ပြလိုက်ပါသည်။


ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)အထူးသတိပေးကြေငြာချက် ( ၁/၂၀၁၄)
၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၉) ရက်


တိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျား
(က) လတ်တလော ဖြစ်ပွားနေသည့်ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပါတ်သက်၍ ထိုင်းနိုင်ငံ သို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ - ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေးအား ရှေးရှု၍ ပါဝင်ပါတ်သက်ခြင်း မပြုကြပါရန်နှင့် မိမိတို့၏ လုံခြုံရေးအား ထိခိုက်စေမည့်အခြေအနေ များအား သတိ ရှိရှိဖြင့် စောင့်ထိန်းနေထိုင်ကြစေလိုပါသည်။

(ခ) အထူးအားဖြင့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံတ၀ှမ်းအထွေထွေ ဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အထွေထွေဆန္ဒပြပွဲတွင်မမျှော်မှန်းနိုင်သည့် အခက်အခဲများ ၊ အန္တရာယ် များလည်း ပေါ်ပေါက်လာနိုင်သည့် အတွက် ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင် အတွင်းအကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုနေ့တွင် မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ခြင်းအပါအ၀င် ဆန္ဒပြပွဲများနှင့် လွတ်ကင်းရာနေရာ များတွင် နေထိုင်သွားကြပါရန် အသိပေးအပ်ပါသည်။

(ဂ) အကယ်၍ ထိုင်းနိုင်ငံသို့တရားဝင်သွားရောက်နေထိုင်သည့် မြန်မာနိုင်ငံ သားများအနေဖြင့် ထိုနေ့ တွင် မြန်မာနိုင်ငံတာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ဤကော် မတီ ထံ သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)

အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
0823837478၊ 0897558729၊ 0860191524၊ 0815950588၊ 0897558729၊


Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here