Tuesday, February 18, 2014

သန်းခေါင်းစာရင်းတွင် ရှမ်းနီလူမျိုးမှန် ထည့်သွင်းနိုင်ရန် ရှမ်းနီလူငယ် ကွန်ယက် ဆောင်ရွက်လျှက်ရှိ

0 comments
18.2.2014

၂၀၁၄ သန်းခေါင်စာရင်းတွင် ရှမ်းနီလူမျိုးမှန် ထည့်သွင်းနိုင်ရန်အတွက် ရှမ်းနီလူငယ် ကွန်ယက် အနေဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
" ကျွန်တော်တို့တွေ လက်ကမ်းစာစောင်တွေဝေတယ်။ နယ်တွေဆင်းပြီး ရှင်းပြတယ်။နောက် ပြီးတော့ ဖေ့ဘွတ် စတဲ့ အင်တာနက်စာမျက်နှာတွေ ကလည်း တတ်နိုင်သလောက်ဖြန့်ဝေတယ်။" ဟု ရှမ်းနီလူငယ်ကွန်ယက်မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးတင့်ကပြောကြားသည်။

ရှမ်းနီလူမျိုးဟုထည့်သွင်းရခြင်းနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် နိုင်ငံရေး ကျရူံးမူကြောင့် နာမည်အမျိုးမျိုးဖြင့် ပြန့်ကျဲနေခဲ့သော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နှင့် ရှမ်းပြည် နယ် မြောက် ပိုင်း တို့တွင် နေထိုင် ကြသော ရှမ်းနီ လူမျိုးများကို ပြန်လည်စုစည်းနိုင်ရန် အတွက် နေရာဒေ သ အသီးသီးမှ ရှမ်းနီ အမျိုးသားခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက အစည်းဝေး ဆုံးဖြတ်ချက် အကြိမ်ကြိမ်ပြုလုပ်အတည်ပြုခဲ့သော လူမျိုးအမည် မှန်ကို ရှမ်းနီ လူထုကြားထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရှမ်းနီလူမျိုးအမည်မှန် ထည့်သွင်းရေးနှင့် ပတ်သက်၍ လက်ကမ်းစာစောင် များကို ဖြန့်ဝေရန်အတွက် စိတ်ဝင်စားသော ရှမ်းနီ လူမျိုးများအနေဖြင့် ကိုအောင်မျိုးတင့် ၀၉ ၄၄၀၀၀၆၄၂၂ မန္တလေး ကို ဆက်သွယ်ရယူနိုင်ပါသည်။

ရှမ်းနီ သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here