Monday, February 10, 2014

ရခိုင်ပြည်နယ် ဒုက္ခသည် ၄၀၀၀ ကျော်အတွက် အထောက်အပံ့များ တူရကီလူမှုအဖွဲ့ လှူဒါန်း

0 comments
10.2.2014

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ၄၀၀၀ ကျော်အတွက် တူရကီနိုင်ငံ အခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ် သည့် (IHH) က အစားအစာ အပါအဝင် အခြေခံ အထောက်အပံ့များကို လှူဒါန်းခဲ့ကြောင်း ယင်းအဖွဲ့ အစည်းက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံပေါင်း ၁၀၀ ကျော်တွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများ ပြု လုပ်နေသည့် အဆိုပါ အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများ၊ ဒုက္ခသည် စခန်းများရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်အရ သိရသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ပေးအပ်မည့် အထောက်အပံ့များမှာ မိသားစု ၄၀၀၀ ကျော် အတွက် ခြောက်လစာ အစားအစာများ၊ စောင်များ ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ Yusuf Korkmaz က ပြောကြားသည်။

အဆိုပါ ဖောင်ဒေးရှင်းသည် တူရကီ နိုင်ငံသားများ ကိုယ်စား လှူဒါန်းခြင်း ဖြစ်ပြီး ယင်းအထောက်အပံ့ ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ အစ္စလာမ် အသိုင်းအဝိုင်း အတွက်သာ ပေးအပ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရာရှိချုပ် Eyup Ural ကဆိုသည်။

ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရထံ ဆက်သွယ် မေးမြန်းရာ ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်မရဘဲ ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များကို ခွဲခြားသတ်မှတ် လှူဒါန်းခွင့် မရှိကြောင်း၊ မည်သည့် အဖွဲ့အစည်းမဆို ပြည်နယ်အစိုးရ၏ စီမံမှုဖြင့်သာ လှူဒါန်းခွင့် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေးအရာရှိ ဦးဦးလှသိန်းက ပြောကြားသည်။
“ဘယ်အဖွဲ့အစည်းက လှူဒါန်းတာပဲဖြစ်ဖြစ် ကျွန်တော်တို့က လူ့အဖွဲ့အစည်း နှစ်ခုလုံးကို မျှတအောင် ပြန် ခွဲဝေ ပေးပါတယ်” ဟု ၎င်းကရှင်းပြသည်။

အစ္စလာမ္မစ်နိုင်ငံ တစ်ခုဖြစ်သည့် တူရကီနိုင်ငံမှ အလှူရှင်များ စုပေါင်း၍ ရခိုင်ပြည်နယ် အတွင်းရှိ ပဋိပက္ခဒဏ်သင့် ဒုက္ခသည်များကို ထောက်ပံ့ရန်အတွက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့သည်။

အလားတူပင် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu သည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ပဋိပက္ခဒဏ်သင့် ဒုက္ခသည်များအတွက် အစားအစာနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here