10.2.2014
ရှမ်းပြည်တောင်ပိုင်း လူငယ်ဖိုရမ်ကို တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ဖေဖော် ၀ါရီ ၉ ရက်မှ ၁၁ ရက်ထိ သုံးရက်တိုင် ကျင်းပသွားမည်ဟု ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များ က ပြောသည်။
ပွဲတက်ရောက်သည့်လူငယ်များက ဒေသတွင်းပြဿနာများ တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး အခြားကဏ္ဍ များဖြစ်သည့် လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်၊ လူငယ်နှင့် ဒီမိုက ရေစီ၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်အစိုးရ၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့် အချက် ၁၂ ချက်ကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။
“ရှမ်းတောင်မှာရှိတဲ့ လူငယ်ကွန်ရက်တွေ စုစည်းပြီးတော့ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအခက် အခဲတွေကို အားလုံးအတူတူ စုပေါင်းဖော်ထုတ်နိုင်ဖို့ ဒီဆွေးနွေးပွဲလေး ကျင်းပရခြင်း ဖြစ်တယ်”ဟု ရှမ်း ပြည်တောင်ပိုင်းလူငယ်ဖိုရမ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ်တစ်ဦးဖြစ်သူ ကိုဝင့် ထည်ကောင်း မြတ်က မဇ္ဈိမကို ပြောသည်။
သုံးရက်တာဆွေးနွေးပွဲမှ ရရှိလာမည့် အချက်များအား စုစည်းပြီး မြန်မာ လူငယ်ဖိုရမ်သို့ တင်ပြပေး ကာ မြန်မာ လူငယ်ဖိုရမ်မှတဆင့် အာဆီယံ လူငယ်ဖိုရမ်အထိ သယ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက် ပြောသည်။
အာဆီယံလူငယ်ဖိုရမ်မတိုင်မီ ကျင်းပပြုလုပ်မည့် မြန်မာလူငယ်ဖိုရမ်သို့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ရှမ်းပြည်တောင်မှ ကိုယ်စားပြုလူငယ် ၁၁ ဦး၊ ရှမ်း မြောက်မှ ရှစ်ဦးနှင့် ရှမ်းအရှေ့ပိုင်းမှ ကိုယ်စားပြုငါးဦး ရွေးချယ်ပြီး တက်ရောက်ရမည်ဖြစ်သည်။ နောင် တရားမြို့နယ် လွယ်တက်ရွာမှ တက်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်သူ မနန်းသိန်းလာက “ကျွန်မ တို့ဒေသမှာ ဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲနေကြတဲ့ အဖြစ် ပျက်တွေ ကို ကျယ်ကျယ်ပြန့် ပြန့် ဆွေး နွေးပြီး ဘယ်လို ဖြေရှင်းရ မလဲဆိုတာကို ဆွေးနွေးနိုင်ဖို့ တက်ရောက်လာရခြင်းဖြစ်တယ်”ဟု မဇ်္ဈိမကို ပြောသည်။
လူငယ်ဖိုရမ်သို့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်း၊ ကယန်းနှင့် မြန်မာ လူငယ်များ တက်ရောက် ဆွေးနွေး လျက် ရှိသည်။
လူငယ်ဖိုရမ် စတင်ကျင်းပသည့် ဖေဖော်ဝါရီ ၉ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
(PNLO)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက တက်ရောက် အမှာစကားပြောကြားခဲ့ပြီး
ပွဲတက်ရောက်ဖြစ်ပုံနှင့်ပတ် သက်၍ မဇ္ဈိမက မေးမြန်းရာ ၎င်းက “ကိုယ်တိုင်လည်း
လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံရေး ၊ တော် လှန် ရေးတွေကို
ဖြတ်သန်းခဲ့ရတယ်ဆိုတော့ လူငယ်တွေ အရေးပါမှုအခန်းကဏ္ဍကို ပြောပြချင်လို့ တက်
ရောက်လာ ရခြင်းဖြစ်တယ်”ဟု ပြောသည်။
ရှမ်းပြည်တောင်ပိုင်း လူငယ်ဖိုရမ်သို့ ရှမ်းပြည်တောင်ပိုင်းဒေသ များဖြစ်သည့် လွိုင်လင်ခရိုင်၊ လင်းခေး၊ မိုးနဲ၊ ရွှေညောင်၊ မှိုင်းရှူး၊ ပင်လုံ၊ ကွန်ဟိန်း၊ မောက်မယ်၊ ပင်လောင်း၊ ဆီဆိုင်၊ နောင်တရား၊ တောင်ကြီး၊ ရွာငံ၊ အောင်ပန်း၊ ကျောက်တစ်လုံး၊ ဟဲဟိုး၊ ကလော၊ ဒေသ၊ ကယားပြည်နယ်၊ မိုးဗြဲဒေသနှင့် ရှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့မှ လူငယ်များ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်လျက် ရှိသည်။
အဆိုပါ တက်ရောက်လာသည့် လူငယ်များသည် အရပ်ဘက် လူ့အဖွဲ့အစည်းမှ လူငယ်များနှင့် ပါတီမှ လူငယ်များ ဖြစ်သည်။ ရှမ်းတောင် လူငယ်ဖိုရမ်ကို တောင်ကြီးမြို့တွင် ပထမဦးဆုံး အကြိမ် ပြု လုပ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို သုံးနှစ်ဆက် တိုက် ကျင်းပခဲ့သည်။
တစ်ပြည်လုံးအတိုင်းအတာဖြင့် မြန်မာလူငယ်ဖိုရမ်အား မတ်၂ ရက်မှ ၄ရက်ထိ မော်လမြိုင်မြို့တွင် ကျင်း ပသွားမည်ဖြစ်ပြီး ယင်းမှတဆင့် အာဆီယံလူငယ်ဖိုရမ်ကို မတ် ၁၇ ရက်မှ ၁၉ ထိ ကျင်းပသွား မည် ဖြစ်သည်။
Mizzima
ရှမ်းပြည်တောင်ပိုင်း လူငယ်ဖိုရမ်ကို တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ဖေဖော် ၀ါရီ ၉ ရက်မှ ၁၁ ရက်ထိ သုံးရက်တိုင် ကျင်းပသွားမည်ဟု ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များ က ပြောသည်။
ပွဲတက်ရောက်သည့်လူငယ်များက ဒေသတွင်းပြဿနာများ တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး အခြားကဏ္ဍ များဖြစ်သည့် လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်၊ လူငယ်နှင့် ဒီမိုက ရေစီ၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်အစိုးရ၊ လူငယ်နှင့် ကျန်းမာရေး အစရှိသည့် အချက် ၁၂ ချက်ကိုလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။
“ရှမ်းတောင်မှာရှိတဲ့ လူငယ်ကွန်ရက်တွေ စုစည်းပြီးတော့ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာအခက် အခဲတွေကို အားလုံးအတူတူ စုပေါင်းဖော်ထုတ်နိုင်ဖို့ ဒီဆွေးနွေးပွဲလေး ကျင်းပရခြင်း ဖြစ်တယ်”ဟု ရှမ်း ပြည်တောင်ပိုင်းလူငယ်ဖိုရမ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ်တစ်ဦးဖြစ်သူ ကိုဝင့် ထည်ကောင်း မြတ်က မဇ္ဈိမကို ပြောသည်။
သုံးရက်တာဆွေးနွေးပွဲမှ ရရှိလာမည့် အချက်များအား စုစည်းပြီး မြန်မာ လူငယ်ဖိုရမ်သို့ တင်ပြပေး ကာ မြန်မာ လူငယ်ဖိုရမ်မှတဆင့် အာဆီယံ လူငယ်ဖိုရမ်အထိ သယ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက် ပြောသည်။
အာဆီယံလူငယ်ဖိုရမ်မတိုင်မီ ကျင်းပပြုလုပ်မည့် မြန်မာလူငယ်ဖိုရမ်သို့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ရှမ်းပြည်တောင်မှ ကိုယ်စားပြုလူငယ် ၁၁ ဦး၊ ရှမ်း မြောက်မှ ရှစ်ဦးနှင့် ရှမ်းအရှေ့ပိုင်းမှ ကိုယ်စားပြုငါးဦး ရွေးချယ်ပြီး တက်ရောက်ရမည်ဖြစ်သည်။ နောင် တရားမြို့နယ် လွယ်တက်ရွာမှ တက်ရောက်လာသည့် လူငယ်တစ်ဦးဖြစ်သူ မနန်းသိန်းလာက “ကျွန်မ တို့ဒေသမှာ ဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲနေကြတဲ့ အဖြစ် ပျက်တွေ ကို ကျယ်ကျယ်ပြန့် ပြန့် ဆွေး နွေးပြီး ဘယ်လို ဖြေရှင်းရ မလဲဆိုတာကို ဆွေးနွေးနိုင်ဖို့ တက်ရောက်လာရခြင်းဖြစ်တယ်”ဟု မဇ်္ဈိမကို ပြောသည်။
လူငယ်ဖိုရမ်သို့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်း၊ ကယန်းနှင့် မြန်မာ လူငယ်များ တက်ရောက် ဆွေးနွေး လျက် ရှိသည်။
လူငယ်ဖိုရမ် စတင်ကျင်းပသည့် ဖေဖော်ဝါရီ ၉ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအ