Tuesday, February 18, 2014

MAI လေကြောင်းလိုင်း ဂျပန်- မြန်မာ တိုက်ရိုက်ပြေးဆွဲရန် ဂျပန်တွင် ရုံးဖွင့်မည်

0 comments
18.2.2014

ရန်ကုန်၊ မဇ္ဈိမ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI အနေဖြင့် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာ Myanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

“အဓိကကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုပ်တာပါ။ ဒါက MAIလကြောင်းလိုင်း အနေနဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံနဲ့ M0U ရေးထိုးတာဖြစ်သလို ဂျပန်နိုင်ငံမှာ ရုံးခန်းဖွင့်တဲ့ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းတွေထဲမှာ MAI က ပထမဦးဆုံးလည်း ဖြစ်တယ်။ ဂျပန်မှာ ရုံးခန်းကို တစ်လ အတွင်း ဖွင့်နိုင်ဖို့ မှန်းထားတယ်။ လာမယ့် ဇွန်လလောက်မှာ ဂျပန်- မြန်မာ တိုက်ရိုက်ပုံမှန်ခရီးစဉ် စပြီးပြေးဆွဲမယ်” ဟု ဒေါ်အေးမရသာက ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) နှင့် ဂျပန်နိုင်ငံ HAMA INC တို့ MOU ရေးထိုးမှု ကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။ ၎င်း MOU အရ MAI မှ Joint Venture ကုမ္ပဏီအဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့် ပူးပေါင်းကာ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ဂျပန်- မြန်မာ လေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များ အပြင် နေ့စဉ် ပုံမှန်ခရီးစဉ်များကိုပါ အမြန်ဆုံးတိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် MAI က ရန်ကုန်မှ တိုက်ရိုက်ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေသော ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိနှင့် ဖနွမ်းပင်မြို့များကိုပါ မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်ခရီးသည်များ သွားရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်ဟု သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာ၊ ဖနွမ်းပင် နှင့် စီရမ်ရိမြို့များသို့ ပုံမှန်ပြေးဆွဲလျက်ရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here