Thursday, March 13, 2014

ယူကရိန်း အကျပ်အတည်း ဆွေးနွေးညှိနှိုင်းရန် ယူကရိန်းအစိုးရ ကမ်းလှမ်းချက် ရုရှားပယ်ချ

0 comments
13.3.2014

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး နောက် အကျပ်အတည်းများနှင့် ကြုံတွေ့နေရသော ယူကရိန်း ယာယီအစိုးရက ရုရှားအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ကမ်းလှမ်းခြင်းကို ရုရှားက ငြင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံမှ ကရိုင်းမီးယားဒေသ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပသည်အထိ အခြေအနေ ဆိုးဝါးလျက် ရှိသော်လည်း ယူကရိန်းက ကရိုင်းမီးယားဒေသကို စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်မည် မဟုတ်ကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါတာချန်နော့ဗ်က ပြောကြားသည်။

ယူကရိန်း ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် အာဆန်နီယာတန်ယုသည် အမေရိကန်သမ္မတ အိုဘား မားနှင့် တွေ့ဆုံရန် သွားရောက်လျက်ရှိပြီး ၎င်းသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် ကရိုင်းမီးယားကို ယူကရိန်းမှ ခွဲထွက်ရေးနှင့် ပတ်သက်သော လူထုသဘောထား ဆန္ဒခံယူပွဲသည် လှုံ့ဆော်မှု တစ်ခုသာ ဖြစ်ပြီး ယင်းဆန္ဒခံယူပွဲကို လူအများစုက မဲမပေးဘဲ သပိတ်မှောက်လိမ့်မည် ဖြစ်ကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါတာ ချန်နော့ဗ် က ပြောကြားသည်။

ရုရှားသည် လေထီးတပ်သား ၄၀၀၀ ခန့်ပါမည့် နှစ်ပေါင်း ၂၀ အတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့် မှု ပြုလုပ်ရန် ကြေညာထားကြောင်း ယူကရိန်း ယာယီသမ္မတ အိုလိဆန်ဒါ တာချန်နော့ဗ် က ပြောကြားသည်။

ယင်းကဲ့သို့ အကျပ်အတည်းများ ကြုံတွေ့နေရချိန်တွင် ယူကရိန်း ယာယီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အာဆန်နီယာ တန်ယုသည် အမေရိကသို့ သွားရောက်၍ အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံကာ ယူကရိန်းသို့ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ထောက်ပံ့မည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသွားဖွယ် ရှိသည်။

ကရိုင်းမီးယားဒေသသာ ရုရှားနိုင်ငံသို့ ဝင်ရောက်သွားပါက ဥရောပဒေသ လုံခြုံရေးမှာ စိုးရိမ် ဖွယ်ရာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဖြစ်ရန် ရေပန်းစားနေသော ဗစ်တာလီကလက်စ်ချန်ကို၏ အကြံပေး တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကရိုင်းမီးယားဒေသရှိ ယူကရိန်း တပ်ဖွဲ့များမှာ ရုရှားလိုလားသူ လက်နက်ကိုင် တပ်ဖွဲ့များ၏ ပိတ်ပင်ထားမှုကို ခံနေရဆဲ ဖြစ်သည်။

ထို့အတူ ရုရှားလိုလားသော လက်နက်ကိုင် တပ်ဖွဲ့များက ဆင်ဖာရိုပို လေဆိပ်၏ လေကြောင်း ထိန်းချုပ်ရေး စင်တာကို သိမ်းပိုက်လိုက်ပြီဟူသော သတင်းကြောင့် အဆိုပါ လေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များကို ပယ်ဖျက်ခဲ့ရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here