Thursday, March 13, 2014

ကုလသမဂ္ဂသည် သူပုန်များကို လက်နက်ထောက်ပံ့နေသည် ဟု တောင်ဆူဒန် ပြည်သူများ စွပ်စွဲဆန္ဒပြ

0 comments


13.3.2014

တောင်ဆူဒန်မြို့တော် ဂျူဘာတွင် ပြည်သူ တစ်ထောင်ကျော်ခန့်က ကုလသမဂ္ဂ အဖွဲ့အစည်းကို မကျေ မနပ်ဖြင့် ဆန္ဒပြခဲ့ကြကာ ယင်းအဖွဲ့အစည်းသည် သူပုန်များကို လက်နက်များ ထောက်ပံ့နေသည်ဟု ဆန္ဒပြ အင်အားစုများက စွပ်စွဲပြောကြားထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပြီးခဲ့သည့် သောကြာနေ့က အစိုးရတပ်များက အစားအသောက်သယ်သော ကုလသမဂ္ဂ ယာဉ်တန်းကား များပေါ်မှ လက်နက်များ သိမ်းမိသည်ဟု ပြောကြားခဲ့သည်။

သူပုန်များထံသို့ လက်နက်များ ယူသွားသည် ဆိုသည့်ကိစ္စကို ကုလသမဂ္ဂက ငြင်းဆန်ခဲ့ပြီး လက်နက်များ သည် မှားယွင်းပြီး လမ်းကြောင်းမှား ယူဆောင်မိခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ထားသည်။

ယင်းလက်နက်များသည် သူပုန်များအတွက် မဟုတ်ဘဲ တောင်ဆူဒန်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်း ရန် ရောက်ရှိနေသည့် ဂါနာ တပ်ဖွဲ့များအတွက် ဖြစ်သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ အေရီယန်ကွမ်တီယာက BBC အာဖရိက အစီအစဉ်ကို ပြောကြားခဲ့သည်။

တောင်ဆူဒန်နိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသော တပ်အင်အား ရှစ်ထောင်ခန့် ရှိနေပြီး ကမ္ဘာပေါ်တွင် နောက်ဆုံး တည်ထောင်သော နိုင်ငံဟု ဆိုရမည့် ယင်းဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး အစိုးရနှင့် သူပုန်တပ်များအကြား တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

ဇန်နဝါရီလ အတွင်းကလည်း တောင်ဆူဒန်သမ္မတ ဆယ်ဗာကီရာက ကုလသမဂ္ဂသည် တောင်ဆူ ဒန် နိုင်ငံတွင် စင်ပြိုင် အစိုးရကဲ့သို့ ပြုမူနေသည်ဟု စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂရုံးချုပ်မှ ထိပ်တန်း အရာရှိများအဖွဲ့ တောင်ဆူဒန်ကို ရောက်ရှိလာပြီး ယင်းကိစ္စရပ် ကို တောင်ဆူဒန် အစိုးရနှင့် ပူးပေါင်းလျက် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရ အရာရှိက ဆိုသည်။

ကုလတပ်များအတွက် လက်နက် ပို့ဆောင်ပေးရာတွင် လေကြောင်းထက် ကားလမ်းကြောင်းကို အသုံးပြု မည် ဖြစ်ကြောင်း တောင်ဆူဒန် အစိုးရနှင့် သဘောတူညီချက် ရရှိပြီး ဖြစ်သည်ဟု ယင်းအဖွဲ့အစည်း က ပြန်လည် ဖြေရှင်းထားသည်။

ယခုနောက်ဆုံး ဖြစ်ပျက်ခဲ့သော မတော်တဆမှုကြောင့် ပဋိပက္ခဖြစ်ရာ အဆိုပါ နိုင်ငံရောက် ကုလသမဂ္ဂ အဖွဲ့နှင့် တောင်ဆူဒန်တို့အကြား မကြည်လင်မှုက ပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း သတင်းမီဒီယာများက သုံးသပ်ကြသည်။

ဆန္ဒပြပွဲသို့ တောင်ဆူဒန် အစိုးရဘက်မှ အရာရှိများလည်း တက်ရောက်ကြပြီး ၎င်းတို့က တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ကို နုတ်ထွက်ပေးရန် ဝိုင်းဝန်းဟစ်အော် တောင်းဆိုကြသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here