Tuesday, March 25, 2014

စစ်တပ်၏ဂေါက်ကွင်း စီမံကိန်းကြောင့် ခိုလမ်မြို့နယ်ခွဲနေ ဒေသခံများ၏ လယ်မြေများဆုံးရှုံးသည်ဆိုသော သတင်း မှန်ကန်မှုမရှိ

0 comments
25.3.2014


ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဂေါက်ကွင်းပြု လုပ်မည့် စီမံကိန်း ကြောင့် ဒေသခံများ၏ လယ်မြေများ အသိမ်းခံရမည့် အနေအထား ရောက်ရှိနေ သည်ဟူသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ယင်းမြို့နယ်ဌာနဆိုင်ရာ အဖွဲ့များထံမှ သိရသည်။

“ ဂေါက်ကွင်းဖောက်လုပ်တဲ့ နေရာက မြို့အထွက်မှာပါ၊ မြေလွတ်မြေရိုင်း တွေပါ၊ ပိုင်ရှင်အမည်ပေါက် မရှိပါဘူ´´ ဟု မြို့နယ်မြေစာရင်းဦးစီးအရာရှိ ကပြောသည်။

အဆိုပါဂေါက်ကွင်းဖေါက်လုပ်နေသော နေရာသည် ခိုလမ်မြို့မှ ၀မ်ဆင်း ဘက်သို့ သွားသော မြို့အထွက် အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ် အနီးတွင်ရှိသည့် ဖုန်းဆိုးမြေဖြစ်ပြီး သင်္ချိုင်းကုန်းနှင့် ကပ်လျက်ရှိသော ကြောင့် ပိုင်ရှင် မရှိသော မြေလွတ်မြေရိုင်း ဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ၄င်းဖုန်းဆိုးမြေ ၄ ဧကအား ခိုလမ်မြို့အတွက် မရှိမဖြစ် အဆင့်မြှင့်တင်ရမည့် လိုအပ်ချက် များစွာအနက် တစ်ခုအပါအ၀င် ဖြစ်သော ဂေါက်ကွင်းအား ဖောက်လုပ်နေခြင်းဖြစ်ကြောင်း စစ်ဦးစီးမှုး (တတိယတန်း) အရာရှိ တစ်ဦး က ပြောသည်။

ဂေါက်ကွင်းဖောက်လုပ်မှုကြောင့် ဒေသခံတောင်သူလယ်သမားများ၏ လယ်မြေများအသိမ်းခံရတော့မည့် အနေအထား ရောက် ရှိနေသည်ဟုသော သတင်းမှာ Online ပေါ်တွင် ပျံ့နှံ့မှုကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ခဲ့ပါသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက“ အခုဂေါက်ကွင်း ဖောက်နေတဲ့ မြေတွေဟာ ပိုင်ရှင်မရှိပါဘူး၊ ဖုန်းဆိုးမြေတွေပါ၊ ပိုင်ရှင်ရှိတယ်ဆိုရင် ကျွန်တော်တို့ ဆီကိုအချိန်မရွေး လာပြီးစုံစမ်းနိုင်ပါတယ်၊ ဒီမြို့နယ်ခွဲထဲ မှာရှိသမျှ လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အထောက် အထားအားလုံး ရှိပါတယ် “ ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ ဂေါက်ကွင်းဖောက်လုပ်နေမှုနှင့် ပတ်သက်၍ လယ်မြေဆုံးရှုံးမှုရှိသော ပိုင်ရှင်များရှိပါက သက်ဆိုင်ရာဌာန ဆိုင်ရာ အဖွဲ့အစည်းများထံသို့ လာရောက်တောင်းဆိုနိုင်ကြောင်း၊ ခိုလမ်မြို့နယ်ခွဲအား မြို့တော်အင်္ဂါရပ်နှင့် အညီ အဆင့်အ တန်းမြင့်မားစေရန် ယခုကဲ့သို့ မြို့ကျက်သရေဆောင် ဂေါက်ကွင်းဖောက်လုပ်နေမှုအား အပြုသဘော မဆောင်သော ပုတ်ခတ်ရေး သမားများ Online ပေါ်တွင် ပျံနှံခဲ့ခြင်းမှာ လုပ်ကြံသတင်း ဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း သိရှိရပါသည်။

စိုင်းလေး(တောင်ကြီး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here