Tuesday, April 29, 2014

ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို

0 comments

ABSDF ကျောင်းသားတပ်မတော်နှင့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူမိုးသီးဇွန်သည် လာမည့်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒ ၃၁ တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်သော်လည်း ၎င်း၏ ကိုယ်ပိုင်မှတ်ပုံတင် မရရှိသေးသည့်တွက်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရန်ခက်ခဲနေလျက်ရှိကြောင်းဧပြီ ၂၈ ရက်နေ့ကသိရသည်။
 

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီးမှတ်ပုံတင်ပြန်လည် ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။
“အကိုတစ်ယောက်ထဲမရတာတော့ မဟုတ်ဘူး ပြန်လာတဲ့သူတွေအကုန်မရသေးဘူး။ မှတ်ပုံတင်က ပြန်လျှောက်ထားပြီးပြီအကိုတို့ကနိုင်ငံသားတွေပါ မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ။ ဒါမရရင် အကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဘာမှဆက်လုပ်လို့မရဘူး ” ဟုမိုးသီးဇွန်ကဆိုသည်။
 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြားနိုင်ငံသားအဖြစ်ခံယူထားသူသည် မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်ခွင့်မရှိပဲမြန်မာနိုင်ငံတွင် ၁၀နှစ်ကျော်အခြေချနေထိုင်သူဖြစ်မှသာ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ မပြင်ပေးဘူးဆိုရင် ဒေါ်အောင်ဆန်း စုကြည်လည်း သမ္မတလုပ်လို့မရသလို၊ငါတို့လည်းအမတ်လုပ်လို့မရဘူး။ငါတို့ကို ပြန်ခေါ်ထားပြီးတော့ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူးဆိုရင် ငါတို့လမ်းမထွက် ဆန္ဒပြရတော့မယ် ” ဟုမိုးသီးဇွန်ကထပ်လောင်းပြောဆိုသည်။
 

အမည်မဲစာရင်းပယ်ဖျက်ပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများအားမှတ်ပုံတင်ပြန်ထုတ်ပေးခြင်းအခွင့်အာဏာသည်နိုင်ငံတော် သမ္မတထံတွင် သာရှိပြီးမိုးသီးဇွန်အနေဖြင့် မှတ်ပုံတင် ပြန်လိုချင်ပါက နိုင်ငံတော်သမ္မတထံသာတိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးကပြောသည်။
 

“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အနေနဲ့ က ဘာမှလုပ်ပေးလို့မရဘူး။ သူမှတ်ပုံတင်ပြန်လိုချင်တယ် ဆိုရင် နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက်လျှောက်ပါ။ နိုင်ငံတော်သမ္မတက လုပ်ပေးပါလို့ ကျွန်တော်တို့ ကိုပြောလာရင် ကျွန်တော်တို့အနေနဲ့ လုပ်ပေးမှာပါ “ဟုဦးထွန်းထွန်းဦးကဆိုသည်။
 

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအားအောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီးမိုးသီးဇွန်သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲအားဝင်ပြိုင်ခွင့်ရရှိခဲ့ပါက တသီးပုဂ္ဂကိုယ်စားလှယ်အဖြစ်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
 

နှင်းနွယ်
#The Myanma Age 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here