Friday, May 2, 2014

တောင်ကြီးမြို့တွင် ပျက်ဆီးနေသော လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ စိုးရိမ်စရာ မရှိဟု မိုင်းကျွမ်းကျင်သူများ ပြောဆို

0 comments


2.5.2014

တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ ပန်းကန့်ကော်စားသောက်ဆိုင်အနီးတွင် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများမှ အမှိုက်များ ရှင်းလင်းနေစဉ် ၂-၅-၂၀၁၄ ရက်နေ့ မနက်ပိုင်း တွင် ရေနုတ်မြောင်း အတွင်းမှ သံချေးတက်နေသော အန္တရာယ်မရှိသည့် လက်ပစ်တစ်လုံးအား တွေ့ရှိကာ သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သောကြောင့် စစ်ဘက်မိုင်းကျွမ်းကျင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရှင်းလင်းပြီး တောင်ကြီး-ဟိုပုံး အထွက် ၂ မိုင်အမှိုက်ချကွင်းအနီး တွင် ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ် ။

ပြည်သူများအနေဖြင့် အခုတွေ့တဲ့ ဒီလက်ပစ်ဗုံးအဟောင်းနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမရှိသလို ထိတ်လန့်စရာလည်း မလိုပါဘူး လို့ တပ်မတော် မိုင်းကျွမ်းကျင်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

(တောင်ကြီးမီဒီယာ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here