Friday, May 2, 2014

“ဂျီနီဗာကွန်ဗေးရှင်းကို စိန်ခေါ်တဲ့ KIA”

0 comments
2.5.2014

KIA တွေဟာ အစိုးရစစ်ကြောင်းတွေကို မိုင်းထောင်၊ မိုင်းဆွဲ တစ်ဖက်သတ် ရန်စ တိုက်ခိုက်တာတင် မကဘဲ ဒေသခံ အရပ်သားများကိုပါ ပစ်မှတ် ထားကာ မသွားရဲ မလာရဲအောင် ရွာနီးနား မိုင်းထောင် တာတင်မက ရွာလယ်ထဲထိပါ မိုင်းထောင်တဲ့အပြင် ယခုအခါ မိုင်းဆွဲ တိုက်ခိုက် မှုတွေပါ ပေါ်ပေါ်ထင်ထင် လက်ရဲဇက်ရဲ လုပ်လာတာကို တွေ့ရပါတယ်။

ဧပြီလ (၃၀) ရက်နေ့မှာလည်း ဆိုင်ကယ်(၃) စီးဖြင့် နမ်ခမ်းမြို့မှ မံစီမြို့ရှိ ဆွေမျိုးတွေ ဆီကို အလည်သွားတဲ့ လီဆူလူမျိုး ခရစ်ယာန် ဘာသာဝင်များဖြစ်ကြတဲ့ နမ့်ခမ်းမြို့ဒေသခံ(၅) ဦး ဟာ လက်တကော့ ရွာအထွက် ကားလမ်း ဘေးကနေ KIA မှ ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် ဦးလင်း စနေရဲ့သား မောင်ချီဟော့ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဦးရင်တေ့၏ သမီးဖြစ်တဲ့ မမီးကြူးဟာ အသက်စိုးရိမ်ရတဲ့ထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဦးလင်ကျီရင်း၏ သား မောင်လင်ချွင်ဖနှင့် ဦးခွာဆန်၏ သား မောင်ခွာကြာထွန်းတို့ ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ရကာ ဦးရင်တေ့၏ သား မောင်ရီဟော့ တစ်ယောက်သာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ထိုကဲ့သို့ KIA များဟာ ဒေသခံအရပ်သားတွေကိုပါ မိုင်းထောင်၊ မိုင်းဆွဲ ယုတ်မာစွာ သတ် ဖြတ် မှုတွေကြောင့် ဒေသခံများ မသွားရဲ မလာရဲဖြစ်နေ ကြရကြောင်း၊ သေဆုံးသွားသူ များရဲ့ မိသားစုဝင်များ ဟာလည်း KIA ရဲ့ ယခုကဲ့သို့ သတ်ဖြတ်မှုနဲ့ ပတ်သက်၍ ဒေါသတကြီး ငိုကြွေးပြီး KIA ကို ဆဲဆိုခဲ့ကြတယ်လို့ သိရပါတယ်။

KIA တွေ မိုင်းထောင်လို့၊ မိုင်းဆွဲလို့ သေဆုံးတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေကို ကြည့်လိုက်ရင် အများစုဟာ လီဆူလူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေဖြစ်နေ တာကို တွေ့ရတယ်။ ဒါကိုကြည့်ရင် KIA တွေဟာ အခြားလူမျိုးတွေ ကို နှိပ်ကွပ်ထားပြီး ကချင်လူမျိုးကြီးဝါဒဖော်ဆောင်နေ တာဖြစ်တယ်လို့ ဒေသခံများ အကြား ပြော ဆိုနေကြပါတယ်။

KIA တွေ ခုလို အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထားကာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ ဂျီနီဗာကွန်ဗေးရှင်းကို စိန်ခေါ်နေတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေကတော့
ဝေဖန်ပြောဆိုနေကြပါတယ်။

စိုင်းစိုင်း
#Kachin Land

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here