တာချီလိတ်မြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တည်ရှိသောကြောင့် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြရာတွင် ယခုတင်ပြမည့် အချက်အလက်မှာ တိုင်းရင်းသားအများစုမှာမှ ရှမ်း(သျှမ်း) လူမျိုးအကြောင်းဖြစ်ပါသည်။ တာချီလိတ်မြို့တွင် နေထိုင်သူဦးရေ အများဆုံးမှာ ရှမ်း(သျှမ်း)လူမျိုး ဖြစ်ပြီး၊ အခါလူမျိုးနှင့် လားဟူ လူမျိုးတို့သည်လည်း တာချီလိတ်တွင် အများအပြားနေထိုင်လျှက်ရှိကြသည်။
ရှမ်း လူမျိုး
ရှမ်းလူမျိုးများသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ရှမ်းလူမျိုးတို့မှာ နန်ကျောက် (နန်ကျောင်းဟုလည်း အရေးအသားရှိ) အနွယ်ဝင်(ရှမ်း-တိုင်း Tai)များဖြစ်သည်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါသွားခဲ့ရသည်။သို့သော် အလုံးစုံပျက်စီးသွားသည်ဟုမဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့သေးသည်။ တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁ ရာစုတွင်သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း ရှမ်း-တိုင်း တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ်တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော(မှုန်း)လူမျိုးများ အဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ အဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင်ထူထပ်သည့် ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ်အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီကွဲပြားကြသည်။
ရှေးရှမ်းနယ်များ
ရှမ်းတို့ဌာနီ၌ ပြည်နယ်ပေါင်းမှာ တေတ္တံသ ခေါ် ၃၃-နယ်ရှိ၍ တာဝတိံသာ နတ်ပြည်အလားမွေ့လျော် ပျော်ရွှင်ဘွယ် များစွာတို့နှင့် ပြည့်စုံသည့်ပြင် စတုရန်းမိုင်ပေါင်း ၅၆၆၄၅-ကျယ်လျက် စော်ဘွား ၁၆-ယောက်၊ မြို့စား ၁၃-ယောက်နှင့် ငွေခွန်မှူး ၄-ယောက်တို့က အုပ်ချုပ်ကြရသည်။
(ဤကားအင်္ဂလိပ် လက်အောက်မှာ နေရစဉ်က ဖြစ်၏။)
တောင်ပိုင်းရှမ်းပြည်နယ်များ
- ကျိုင်းတုံနယ်၊
- မိုးနဲနယ်၊
- ညောင်ရွှေနယ်၊
- ရပ်ဆောက်နယ်၊
- လဲချားနယ်၊
- မောက်မယ်နယ်၊
- မိုင်းပန်နယ်၊
- မိုင်းပွန်နယ်၊
- စကားနယ်၊
- နောင်မွယ်နယ်၊
- မိုင်းနောက်၊
- မိုင်းကိုင်း၊
- ကျေးသီဗန်းစံ၊
- လွယ်လုံ၊ သထုံ၊
- ဗန်းရင်၊ ဟိုပုန်း၊
- နန်းခုတ်၊
- စကွယ်နယ်၊
- မိုင်းရှူး၊
- သမခမ်း၊
- ပွေးလှ၊ ဘော်နယ်၊
- ရွာဝံနယ်၊
- ပင်မှီ၊
- ကျုံးနယ်၊
- ပင်းဒယ၊
မြောက်ပိုင်းရှမ်းပြည်နယ်များ
- သီပေါနယ်၊
- တောင်ပိုင်းနယ်၊
- မိုင်းရယ်နယ်၊
- မြောက်သန္နီနယ်၊
- မိုးမိတ်နယ်၊
- မိုးလင်းနယ်၊
ယနေ့ ရှမ်းပြည်နယ် နှင့် မြို့တော်
ပြည်နယ်၏မြို့တော် မှာတောင်ကြီးမြို့ဖြစ်ပြီး၊ ရှမ်းပြည်နယ်ကို အပိုင်းကြီးသုံးပိုင်းဖြင့် ခွဲခြားထားသည်၊
- ရှမ်းပြည်နယ် အရှေ့ပိုင်း၊
- ရှမ်းပြည်နယ် တောင်ပိုင်း၊
- ရှမ်းပြည်နယ် မြောက်ပိုင်း ဟူ၍ပင်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
တရုတ်၊ လာအိုနှင့်ထိုင်း နယ်စပ်များနှင့် ဆက်စပ်နေသော ဒေသများတွင် နေထိုင်သော ရှမ်းလူမျိုးများသည် မြန်မာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး လူမျိုးစု ၃၅ စုပါဝင်နေထိုင်သည်။ ရှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွဘောင်းဘီရှည်နှင့် တွဲဖက်ဝင် ဆင်ပြီး ခါးတွင် ပုဝါစစည်းနှောင်းလေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးလက်ရှည်အင်္ကျီကိုပတ် လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝင်ဆင်သည်။ အင်းလေး၊ ပင်းတယဒေသများ အပါအ၀င် အပန်း ဖြေလေ့လာရန် ဒေသများစွာ ရှိသည်။
ရှမ်းလူမျိုးတို့၏ အလုပ်အကိုင်များ
ရှမ်းလူမျိုးတို့သည် အဓိကအားဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များမှာ သစ်၊ လက်ဖက်၊ စပါး၊ လိမ္မော်၊ ပြောင်း၊ ရာဘာ၊ နှင့် ကောက်ပဲသီးနှံများစိုက်ပျိုးလျက်ရှိကာ လက်မှုအတတ်ပညာများစွာကို လုပ်ကိုင်လျက်ရှိကာ နေထိုင်ကြသည်။
ရှမ်းလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု
ရှမ်းလူမျိုးတို့ကို ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင် နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။ နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော် ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ မရှိပေ။ ဘုရင့်နောင်လက်ထက်တွင် စော်ဘွားတို့သေလျှင် ချစ်သောကျွန်၊ စီးသော ဆင်၊ မြင်း တို့ကိုသတ်ပြီး ဂူသွင်းသော အကျင့်ကို တားမြစ်လိုက်သည်။ ဘုရင့်နောင်သည် ရှမ်းလိုမျိုးတို့ကို ဗုဒ္ဓဘာသာကို စတင်ဖြစ်ထွန်းစေသော သူမဟုတ် ရှမ်းပြည်ကို ထေရ၀ါဒ ဗုဒ္စဘာသာ စည်ပင်ပြန့်ပွားအောင် လုပ်ခဲ့သောသူ၊ စော်ဘွားတို့သေလျှင် ချစ်သော ကျွန်၊ စီးသော ဆင် ၊ မြင်း. စသည်တို့ကိုသတ်ပြီး အတူမြုပ်သော အကျင့်၊ အယူစဆိုးများကို ပျောက်အောင် လုပ်ဆောင်ပေးသော သူတယောက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်..။
ရှမ်းလူမျိုးနဲ့ ဗုဒ္ဓသာသနာ
ရှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင် အထောက်ထားများအနေဖြင့်..........
ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိ၏)
- ဥတေနမင်း၏ သချို င်္င်းအုတ်ဂူ။
- ယေသက သူဌေးကုန်း။
- ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)
- လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။
- ပလလဲတော .....
ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု ယူဆကြခြင်းပင် ဖြစ်သည်...။
ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂ )နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။ ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ် ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့် ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။
လောဝ်သမိုင်းမှ သာဓက
လောဝ်သမိုင်း တစ်စောင်၌ ရှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ် အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ် လက်ထက်တွက် ဗုဒ္ဓဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန ဗုဒ္ဓဘာသာဖြစ်ပြီးတရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။
ရှမ်းလူမျိုးတို့၏ ယဉ်ကျေးမှုအနုပညာ နှင့် ရိုးရာအသုံးအဆောင်
“ရှမ်းဓါးအမျိုးမျိုး”
[ဟော်စောင့်ဓါးပါ.. အရွယ်သိအောင် ရှမ်းဓါးနဲ့ ယှဉ်ပြထားပါတယ်...
၇ ပေကျော်ကျော်ရှည်ပါတယ် လူတရပ်ထက်မြင့်ပါတယ်.. ]
[ဒါကတော့ရှမ်းဓါးပါ.....]
သျှမ်းများသည် ဓါးအမျိုးမျိုး၊ ပုံအဖုံဖုံ၊ အရွယ်အစား သူ့နေရာနှင့်သူခွဲခြား၍ ဓါးများသုံးစွဲလာခဲ့ရလေရာ နှစ်ပေါင်းပရိစ္ဆေဒကြာညောင်းခဲ့ပေပြီ။ လုပ်ငန်းခွင်အသီးသီးမှ
- အကြမ်းသုံးသည့် သစ်ခုတ် ဝါးခုတ်၊ ထင်းခွေ၊ ခုတ်ထစ်ပိုင်းဖြတ်သော အခါ သျှမ်းအခေါ် ဖလုံ၊ ဖငက်၊ ဖဟတ်၊ ဖအွန် စသော ဓါးမကြီး၊ ဓါးမလတ်၊ ဓါးမငယ် အသီးသီးဖြင့်လည်းကောင်း၊
- လယ်ယာခြံမြေလုပ်ငန်းခွင်များ တောတောင်လျှိုမြောင်၊ သစ်ပင်ခြုံနွယ်များ သုတ်သင်ရှင်းလင်းသော အခါ သျှမ်းအခေါ် ဖဝိုင်း၊ ဖယောင်း၊ ဖတီတဲ၊ ဖတီငေါက် စသော ဓါးရှည်ဓါးမကောက်၊ မကြီးမငယ်အလတ်လတ် အရွယ်ဓါးများဖြင့်လည်းကောင်း၊
- အိမ်တွင်းအိမ်ပြင် အနီးအနား လုပ်ငန်းများ၊ ခွဲခြမ်းစိတ်ဖြာ နှီးစိတ်နှီးချောနှင့် ပေါ့ပါးသောလုပ်ငန်းများတွင် အသုံးပြုသည့် ရှမ်းအခေါ် ဖဝိုင်း၊ ဖအွန်၊ ဖဝစ်၊ မစ်အွန် စသော ဓါးမြောင် အမျိုးမျိုးဖြင့်လည်းကောင်း၊
- မီးဖိုချောင်သုံး ဟင်းသီး၊ ဟင်းလျှာ၊ အာလူး၊ ကြက်သွန် များလှီးဖြတ်ခွဲစိတ်ရန် သျှမ်းအခေါ် မိတ်အွန်၊ ဖအွန် စသော ဓါးမြောင်၊ ဓါးလှီးဓါးများဖြင့်လည်းကောင်း၊
- ထိုမှတပါး အခြားလူ့အသုံးအဆာင်အဖြစ် သျှမ်းအမျိုးသားများ၏ ဂုဏ်အင်္ဂါရပ် တစ်ခုအပါအဝင်ဖြစ်သော သျှမ်းအခေါ် လျောင်းယောင်း၊ မစ်အွန်၊ မစ်ဟွန်၊ မစ်ပေါက် စသောဓါးလွယ်အရွယ်အမျိုးမျိုးဖြင့် လူကြီးလူငယ်မရွေး ဈေးသွားဈေးပြန်၊ ပွဲလန်းသဘင်ဆင်ယင် ကျင်းပရာသို့ သွားသည့်အခါ သျှမ်းအမျိုးသားများ၏ ဆင်ယင်ထုံးဖွဲ့မှုအပါအဝင် ပုခုံးလွယ်၊ ခါးချိတ်သည့် ဓါးများဖြင့်လည်းကောင်း၊ ဓါးသိုင်းကရာတွင် ဓါးလွယ်များပင် သုံးကြသည်။
(၆) လက်သမား၊ ပန်းပု ပန်းဘဲ၊ ပန်းထိမ် သုံးသည့် ဓါးအရွယ်အမျိုးမျိုး ပုံအမျိုးမျိုးဖြင့်လည်းကောင်း ရှိကြပေသည်။
အထူးသဖြင့် အလှသုံး ဆင်ယင်ထုံးဖွဲ့မှု အဆောင်အယောင်ဖြစ်သည့် ဓါးလွယ်ကြီးငယ်များမှာ ဓါးအိမ်ပါရှိသည်။ ဓါးရိုးကို ဆင်စွယ်၊ ကျွဲချို နှင့် ဝါးသစ်သားကို ရွှေကွတ်၊ ငွေကွတ်၊ ကြေးကွတ်များပါသည်။ ဓါးအိမ်များမှာလည်း များသောအားဖြင် ယမနေသားနှင့် မဲ့ယုံးသားများဖြင့်ပြုလုပ်ကြသည်။ ဓါးအိမ်ကို ရွှေ၊ ငွေ၊ ကြေးခွေ၊ ဝါးခွေ၊ ကြိမ်ခွေဖြင့် အပြည့်စွတ်ထည့်ထားပြီး၊ ပုခုံးလွယ်ရန်၊ ခါးချိတ်ရန် ဓါးကြိုးကို အထူးပြုလုပ်ထားပါသည်။ အထူးပြုလုပ်ထားသော ဓါးကြိုးမဟုတ်ပဲ အခြားကြိုးများဖြင့် ထည့်ထားပါက အမြင်မကောင် အကြောင်းမဆီလျှော်ပဲ အများသရော်ခံရတတ်ကြပါသည်။ ထိုကြောင့် ဓါးလွယ်ကြီးငယ်များ အလျောက် သူ့အရွယ်နှင့်သူ ပိုး၊ ချည်၊ သိုးမွေး နာနတ်ချည်များဖြင့် အထူးပြုလုပ်ထားသော ဓါးကြိုးအမျိုးမျိုး ရှိပါသည်။ ဓါးကြိုးများ၏ အရောင်မှာ အစိမ်း၊ အနီ၊ အပြာ၊ အဝါနှင့် အနက်များဖြစ်ကြပြီး အဖြူရောင်ကို ပြုလုပ်လေ့မရှိတတ်ပါ။
“ရှမ်းအိုစည် အတို အရှည်”
[ ရှမ်းအိုးစည်]
[ဒါကတော့ ကွမ်ထွမ့် လို့ခေါ်သည်... (ရှမ်းလိုရေးထားလို့ အသံထွက်တော့ သိပ်အဆင်မပြေပါဘူး သီးခံဖတ်ကြပါ)]
[ဒါကတော့ ရှေးယခင်က မောရှမ်းတွေတီးတဲ့ ရှမ်းအိုးစည်ပါ ဓနုအိုးစည်နဲ့ဆင်သည်...ဒါပေမဲ့အဝပိုကျယ်ပါသည်... ကြည့်ရင်သိသာသည်၊ နောက်ပိုင်းမလုပ်တော့ပါ၊.. သစ်လုံးကြီးကြီးနဲ့လုပ်ရလို့ဖြစ်သည်....]
[ဒါကတော့ ဆစ်ဆောင်ပန်းနား ဖက်ကတီးတဲ့ အိုးစည်ပါ ... ဗမာ ရွှေအိုးစည်နဲ့ တော့ဆင်ပါသည်... ဒါပေမဲ့ မတူပါ၊ အရွယ်အစားရော ပုံစံပါ အနည်းငယ်ကွာသည်]
“ရှမ်းခမောက်”
[ဒါကတော့ ကွမ်ထွမ့် လို့ခေါ်သည်... (ရှမ်းလိုရေးထားလို့ အသံထွက်တော့ သိပ်အဆင်မပြေပါဘူး သီးခံဖတ်ကြပါ)]
[ဒါကတော့ ရှေးယခင်က မောရှမ်းတွေတီးတဲ့ ရှမ်းအိုးစည်ပါ ဓနုအိုးစည်နဲ့ဆင်သည်...ဒါပေမဲ့အဝပိုကျယ်ပါသည်... ကြည့်ရင်သိသာသည်၊ နောက်ပိုင်းမလုပ်တော့ပါ၊.. သစ်လုံးကြီးကြီးနဲ့လုပ်ရလို့ဖြစ်သည်....]
[ဒါကတော့ ဆစ်ဆောင်ပန်းနား ဖက်ကတီးတဲ့ အိုးစည်ပါ ... ဗမာ ရွှေအိုးစည်နဲ့ တော့ဆင်ပါသည်... ဒါပေမဲ့ မတူပါ၊ အရွယ်အစားရော ပုံစံပါ အနည်းငယ်ကွာသည်]
“ရှမ်းခမောက်”
[ရှမ်းအမျိုးသားဆောင်း ခမောက်ပါ...အချင်း ၂ ပေ ၃ လက်မ လောက်ရှိပါသည်....]
“ရှမ်း ကြိုးတပ် တူရိယာတွေပါ”
တာချီလိတ်တွင်ရှိသော ရှမ်း(သျှမ်း)လူမျိုးတို့၏ အကြောင်းတစ်စေ့တစ်စောင်းပြီးပါပြီ။