Showing posts with label စီးပွားရေးသတင်း. Show all posts
Showing posts with label စီးပွားရေးသတင်း. Show all posts
Friday, December 6, 2013

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် နှစ်နိုင်ငံကုန်သွယ်မှု ငွေစာရင်းထဲတွင် ပါဝင်မည်ဟုဆို

0 comments
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ငွေစာရင်း တွင် ပါဝင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာ ပွင့်စန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ရွှေလီမြို့၌ တွေ့ဆုံသည့် အခမ်းအနားတွင် စီးပွားကူးသန်း ဒုတိယ၀န်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲကို ရွှေလီမြို့၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

''စီးပွားရေးကဏ္ဍမှာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း အရေးပါပါတယ်။ နယ်စပ် ကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း တရုတ်နဲ့ နယ်စပ်တွေက ကုန်သွယ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို ပို့လွှတ်တဲ့ ပမာဏကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပါလာမှာဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာစန်းပွင့်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၉ ဒသမ ၈၄ သန်း ရရှိရန် လျာထားကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်းမှ စုစုပေါင်း ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ပြုလုပ်နေကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ယင်းကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားစီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေးနေ ပြီ ဖြစ်ကြောင်း သိရသည်။

Eleven  Media  Group
Read more...
Saturday, November 16, 2013

မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ ထုတ်ပြန်၊ တစ်ဧက အမြင့်ဆုံး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းရှိ

0 comments



မန္တလေးမြို့ပေါ် အိမ်၊ ခြံ၊ မြေဈေးစံနှုန်းများ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ရာ အများဆုံး ဈေးနှုန်းမှာ တစ်ဧက လျှင် ကျပ် သိန်းပေါင်း တစ်သိန်းနှစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး တိုင်း ဦးစီးမှူး က The Voice သို့ ပြောကြားသည်။

အဆိုပါ ဈေးနှုန်းများသည် အရောင်းအဝယ် ဖြစ်သည့် မန္တလေးမြို့လယ်ကောင် အဓိက နေရာများနှင့် စီးပွားရေးအရ အချက်အချာ ကျ သည့် နေရာများတွင် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေး စက်မှုဇုန်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် သတ်မှတ်ထားပြီး မြို့နယ်အလိုက် အစွန်အဖျား ရပ်ကွက် များတွင် အိမ်၊ ခြံ၊ မြေဈေးစံနှုန်း သတ်မှတ်မှု လျော့နည်းမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်း ဒေသကြီး မြို့နယ်များတွင် အိမ်၊ ခြံ၊ မြေ ဈေးသတ်မှတ်မှုမှာ အချို့နေရာများတွင် ပေါက်ဈေးဖြင့် တန်းတူရှိပြီး အချို့ နေရာ များ မှာ အရောင်းအဝယ် ဖြစ်သည့် ဈေးထက် များနေကြောင်း မန္တလေးမြို့တော်ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားသည်။ ပေါက်ဈေးနှင့် တန်းတူ အခွန်ဆောင်ရန် သတ်မှတ်ခြင်းသည် အခွန်ဆောင်သူများ အတွက် အခက် အခဲတွေ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးနှုန်း သတ်မှတ်တာ ရန်ကုန်က သတ်မှတ်ဈေးထက် များနေတယ်။ ရန်ကုန်မြို့လယ်ဧရိယာ ဈေး အဲဒီလောက် မသတ်မှတ်ဘူး၊ မန္တလေးမြို့သစ်ဘက် ၆၄ လမ်းပေါ် ဆိုရင် ပေါက်ဈေးက သိန်း ၄၅၀၀ လောက် ပေါက်နေတာကို ရာဖြတ် အဖွဲ့က သိန်းငါးထောင် သတ်မှတ် ထားတယ်။ အဲဒီတော့ အခွန်ဆောင်တာ ဘယ်လို ဆောင်တော့မလဲ” ဟု မန္တလေး မြို့တော် ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ထပ်မံ ပြောဆိုသည်။

စက်မှုဇုန်ဧရိယာ နေရာ အကောင်းဆုံး ဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် တစ်ဧကလျှင် ကျပ်သိန်းပေါင်း ငါးသောင်းဖြင့် အရောင်းအဝယ် ပြုလုပ်မည့် အနေအထားတွင် ကျပ်သိန်းပေါင်း ခုနစ် သောင်းကျော် သတ်မှတ်ခြင်းမှာ များနေကြောင်း မန္တလေး မြို့တော်ရှိ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မန္တလေးမြို့တော် ဓလေ့အရ ဧကဖြင့် တိုင်းတာလေ့ ရှိသဖြင့် စံနှုန်းများကို ဧကကွက်ဖြင့် သတ်မှတ်ထားသော်လည်း အရောင်း အဝယ် ဖြစ်သည့် ပေအကျယ်ပေါ် မူတည်ကာ အဆိုပါ စံနှုန်းဖြင့် တွက်ချက်ကာ အခွန် ပေးဆောင် ရ မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန တိုင်းဦးစီး ဌာနမှူးက ထပ်လောင်း ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် အရောင်းအဝယ် ဖြစ်သည့် ပမာဏကို ကွင်းဆင်း လေ့လာပြီး မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ညှိနှိုင်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု သတ်မှတ် ထားသော ဈေးနှုန်း များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မန္တလေးမြို့ပေါ်တွင် အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ သတ်မှတ် ထားပြီး ဖြစ်ရာ နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ အဆိုပါ ဈေးနှုန်းများဖြင့် တန်ဖိုးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က ဝယ်ထားလည်း တရားဝင် မှတ်ပုံတင် လာရောက် ဆောင်ရွက်တဲ့အခါ ဒီနှုန်းတွေနဲ့ပဲ အခွန်ဆောင်ဖို့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်မယ်” ဟု ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုသည်။

စံသတ်မှတ် ဈေးနှုန်းအရ အခွန်ဆောင်ရာတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အခွန်ဆောင်ပြီး ငွေဖြင့် ဝယ်ယူခြင်း မဟုတ်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ အိမ်၊ ခြံ၊ မြေစံနှုန်းများနှင့် ပတ်သက်၍ သိလိုပါက မန္တလေးတိုင်း ဒေသကြီး အခွန် ဦးစီးဌာနသို့ လာရောက် မေးမြန်းနိုင်ကြောင်း ၎င်းက ပြောကြားသည်။

The Voice
Read more...
Monday, November 11, 2013

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို နိုင်ငံသား အမည်ခံများဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူ

0 comments
                          သီလ၀ါစက်မှုဇုန် မြေကွက်အစိတ်အပိုင်း တစ်ခုကို တွေ့ရစဉ်
  Monday, November 11, 2013

ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို ယခုနှစ်ပိုင်းအတွင်း နိုင်ငံသား အမည်ခံကာ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များက အများဆုံး လာရောက်ဝယ်ယူနေပြီး ငှားရမ်းမှုလည်း မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

"စက်မှုဇုန်တွေမှာတော့ လောလောဆယ် ရွှေပြည်သာ စက်မှုဇုန်တွေမှာ တရုတ်လူမျိုးတွေ အငှားများ ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အရောင်းအ၀ယ် ပုံမှန်ပါပဲ။ တစ်ပေပတ် လည် မြေဈေးနှုန်း သတ်မှတ်ပြီး နောက်ပိုင်းမှာ ၀ယ်ရောင်းသမားတွေ မရှိသလောက် နည်းသွားတယ်။ တကယ်လုပ်ငန်း လုပ်မယ့်သူတွေပဲ ၀ယ်ကြတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ တရုတ်နိုင်ငံက ယမန်နှစ်ကထက်စာရင် အငှားများလာတယ်။ သူတို့အနေနဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ စက်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ငှားကြတယ်။ မြန်မာနိုင်ငံ အနေနဲ့ တံခါးဖွင့်လိုက်တာလည်း ပါတာပေါ့"ဟုဗဟိုအိမ်၊ ခြံ၊ မြေ၊ စက်မှုဇုန် ၀န်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးမြင့်တက် နေသည့်နည်းတူ စက်မှု ဇုန် မြေဈေး မှာလည်း မြင့်တက်လျက်ရှိကာ ၀ါးတစ်ရာကဲ့သို့ စက်မှုဇုန်များ၌ပင် ယခင်က ကျပ်သိန်း ၁၀၀၀ ခန့်သာရှိသည့် မြေကွက်များသည် ယခုအခါ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ ၀န်းကျင် အထိ မြင့်တက်လာကြောင်း သိရသည်။

"အစ်မတို့ ကုမ္ပဏီမှာတော့ ဂျပန်၊ တရုတ်နိုင်ငံတို့က နိုင်ငံခြားသားတွေ အငှားများပါတယ်။ ရွှေလင်ဗန်း စက်မှုဇုန်မှာ အလုပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အနေနဲ့က စက်မှုဇုန်တွေကို လာရောက် စုံစမ်းတာလည်း များတယ်။ အငှားလည်း ဒီနှစ်အတွင်းမှာ သိသိသာသာကို များလာ ပါတယ်။ ဈေးတွေ ကတော့ ၂၀၁၂ ခုနှစ်ကထက်စာရင် အတက်ချည်းပဲ" ဟု အောင်သမာဓိ ကုမ္ပဏီလီမိတက်မှ မဇင်ဝေထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေး သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက် က ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ရှိ စက်မှုဇုန် အချို့၌ မြေကွက်ဝယ်ယူ ထားသူများကို အမြန်ဆုံး စက်ရုံဆောက်ကြရန် သတိပေး ထားကြောင်း ရန်ကုန်စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ စက်မှုဇုန် များကို လာမည့်ဒီဇင်ဘာတွင် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်ရှိ မြေယာ ကိစ္စများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားသည်။

"စက်မှုဇုန်မြေဈေးက တက်တောင်တက်နေတယ်။ စက်မှုဇုန်တွေမှာ မြေကွက်တွေယူထားပြီး အကောင် အထည် မဖော်ရင် သိမ်းမယ်ဆိုပြီး ၀န်ကြီးပြောသွားတာ ရှိတယ်။ အမှန်တော့ အဲဒီလို သိမ်းနေတာတွေက အယောင်ပြလုပ်နေတာ တော်တော်ကြာပြီ။ ဒုသမ္မတ လှိုင်သာယာ လာတုန်းကလည်း သိမ်းမယ် ဘာညာ ပြောသွားတယ်။ အခုလည်း SME တွေကို တွန်းအားပေးမယ် ဘာညာပြောနေကြတယ်။ အမှန်က တကယ် အကောင်အထည် မဖော်တဲ့ မြေတွေကို အမှန်တကယ် သိမ်းလိုက်ရမှာ။ အဲဒီလို သိမ်းလိုက်ရင် စက်မှုဇုန်မြေဈေးဆိုတာ ပြုတ်ကျသွားမှာ။ ဒီနေ့ ဒီအချိန်မှာ ခြံစည်းရိုး ခတ်တာတောင် မစောင့် နဲ့။ မြေ ကွက်တွေ ချပေးထားတာ နှစ် ၂၀ တော င်ရှိနေပြီ။ အခုထိ ခြံစည်းရိုးတောင် မခတ်တာတွေ ရှိနေသေး တယ်။ မျက်နှာတွေ ထောက်နေတော့ အရေးယူမှုတွေ မလုပ်ကြဘူး" ဟုလည်း လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောကြားသည်။

စက်မှုဇုန်မြေများ၏ လက်ရှိအငှား ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၊ ၂၅၀ ရှိပြီး အရောင်းဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀၀ မှ ၃၅၀၀ ၀န်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်မှုဇုန်အလိုက် အရောင်းနှင့် အငှားဈေးနှုန်းများ
စဉ် မြို့နယ် အကြောင်းအရာ ဈေးနှုန်း (ကျပ်သိန်း)
၁။ တ/ဒဂုံစက်မှုဇုန် မြေ (80'x 120'၊ ဂို (40'x 80') 3RC ၈၉၀၀
၂။ သာကေတစက်မှုဇုန် မြေ (60'x 130'၊ ဂို (50'x 120') PW ၂၅
၃။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၈ဧက) မြေသီးသန့်(အုတ်တံတိုင်းခတ်ပြီး) ၂၄၀၀၀
၎။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၁.၈၅ဧက) မြေသီးသန့် (ခြံခတ်ပြီး) ၁၅(တစ်ဧက)
၅။ ဒဂုံဆိပ်ကမ်းစက်မှုဇုန် မြေ (၆.၇၅ဧက) ဂို (S.S) သုံးဧက 500 KVA ဂရန် ၆၅၀၀၀
၆။ ၀ါးတစ်ရာစက်မှုဇုန် မြေ (၆.၁၄၅ဧက) ပါမစ် ၂၅၀၀၀
၇။ လှိုင်သာယာစက်မှုဇုန် မြေ (၂.၉မတ်) ဂို (100'x 100') ဂို (60'x 80') 33KVA ၁၈၀၀၀
၈။ ရွှေပြည်သာစက်မှုဇုန် မြေ (၂.၀၄ဧက) ဂို (100'x 310') 315 KVA, Office ၂၁၀၀၀

Eleven Media Group

Read more...
Wednesday, November 6, 2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာသော်လည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူမပြုနိုင်ဟု သုံးသပ်

0 comments
ထင်လင်းအောင်|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာမီလီယံ သုံးသောင်းကျော်အထိရှိလာသော်လည်း နိုင်ငံသား ၇၀ ရာခိုင်နှုန်းနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ၀င်ရောက်လာမှုမရှိသေးခြင်းက တစ်မျိုးသား လုံးနှင့်သက်ဆိုင်သည့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုနိုင် ခြင်း မရှိကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအထိ လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ် ၃၃၆၇၁ မီလီယံအထိရှိလာသော်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍနှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း လုပ်ငန်းများ၏ သုညဒသမ ခုနစ်ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်အထိ FDI လုပ်ငန်းပေါင်း ၃၅၅ ခုရှိသော်လည်း စိုက်ပျိုးရေး လုပ်ငန်းကိုးခုနှင့် မွေးမြူရေးလုပ်ငန်းရှစ်ခုသာ ၀င်ရောက်ထားခြင်းဖြစ်ရာ ငါးရာခိုင်နှုန်းနီးပါး သာရှိသည်။

မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က “ FDI တွေဝင်လာပေ မယ့် တိုင်းပြည်ရဲ့ စီးပွားရေးကိုဆွဲယူမ,တင်နိုင်မယ့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍလိုမျိုးမှာ မ၀င်ပါဘူး။ တချို့ ကိစ္စတွေမှာ ကိန်းဂဏန်းနဲ့ပဲပြောရင် မှားသွားပါလိမ့်မယ်။ နိုင်ငံအတွက် အလားအလာရှိတဲ့ ကဏ္ဍတွေ မှာဝင်ဖို့လိုပါတယ်” ဟု ပြောသည်။

အစိုးရသစ်အပြောင်းအလဲနောက်ပိုင်း ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင်မူ အကြီးစား ရင်းနှီးမြှုပ်နှံမှုများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်းများသာ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိန်းဂဏန်းတွင် တိုးတက်လာသော်လည်း အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများသာ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသည့် ကဏ္ဍများဖြစ်ခြင်းကြောင့် ပြည်သူများ အတွက် တိုက်ရိုက် အကျိုးရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြာလာရန် နိုင်ငံတော်မှဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ထိုင်းနှင့်ဗီယက်နမ်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယင်းကဏ္ဍများအား ဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်မှသာ နိုင်ငံသား အားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် ရာသီဥတုဖောက်ပြန်ခြင်း၊ စိုက်ပျိုးရေရရှိရေး အခက် အခဲ၊ လယ်ယာမြေပြဿနာများနှင့် ပြည်တွင်းမူဝါဒများမှာ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများ အန္တ ရာယ်ဖြစ်စေနိုင်ခြင်းကြောင့် ၀င်ရောက်လာမှုနည်းခြင်းဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း ချုပ် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကပြောသည်။

ဒေါက်တာစိုးထွန်းက “စိုက်ပျိုးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုမ၀င်တာက အန္တရာယ်အရမ်းများတဲ့အတွက် ရှုံး မှာ ကြောက်ကြတယ်။ ဒီမှာက လိုအပ်ချက်တွေ အများကြီးဖြစ်နေတယ်။ မူဝါဒပိုင်းကလည်း အားနည်းတော့ ဒီဘက်မှာ ရင်းနှီးဖို့က စဉ်းစားရတာပေါ့။ အဓိကက အစိုးရအနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဝင်လာနိုင်အောင် တကယ်လိုအပ်တာတွေကို လုပ်ပေးမှဖြစ်မှာပါ” ဟု ပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်မှာ ထွက်ကုန်ပစ္စည်းများ သယ်ယူ ပို့ ဆောင်ရေးလုပ်နိုင်ရန် လုပ်ငန်းခွင်အတွင်းအထိသွားလာနိုင်သော ကုန်ထုတ်လမ်းများမရှိသေးခြင်း၊ နည်း စနစ်တကျစိုက်ပျိုးမွေးမြူနိုင်ရန်ရေသွင်းရေထုတ်မြောင်းများကောင်းမွန်စွာမရှိသေးခြင်းနှင့်လယ်မြေနှင့် မွေးမြူရေး ကန်များ မကြာခဏရေနစ်မြုပ်နေသေးခြင်းမှာလည်း အဓိကဖြေရှင်းရန် လိုအပ်သည့် အချက် များဖြစ်နေ ဆဲဖြစ်ကြောင်းပြောသည်

Mizzima
Read more...
Tuesday, November 5, 2013

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ်ပစ္စည်းများအား ကုန်သွယ်မှု ပြုလုပ်နေသည့် ဂျပန်အခြေစိုက် World Navi ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်

0 comments
World Navi မှ တင်ပို့မည့် ကားများအား ပြည်ပဆိပ်ကမ်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-World Navi.com)

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ် ပစ္စည်းများအား တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် World Navi ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန် အတွက် မြန် မာနိုင်ငံ တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ကို World Navi Co., Ltd (Myanmar Brach) အမည်ဖြင့် လျှောက်ထား ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် ရုံးခန်းဖွင့်လှစ်ခွင့် ပြန်လည်ချထား ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

World Navi Co.,Ltd ကို ဂျပန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ကားတင်ပို့ ရောင်း ချသည့် ဈေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှတစ်ဆင့် နိုင်ငံတကာမှ ကားမှာယူသည့် အရေအတွက်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။
လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေချေစနစ်ဖြင့်လည်း လုပ်ကိုင်လျက်ရှိရာ ဂျပန်နိုင်ငံရှိ Bank of Tokyo-Mitsubishi UFJ Ltd၊ Mizuho Bank Ltd၊ Sumitomo Mitsubishi Banking Corporation နှင့် Resona Bank Limited တို့ဖြင့် ချိတ်ဆက်၍ ကားနှင့်ကားအပို ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီအချို့ကို ခွင့်ပြုပေးခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ တရုတ်၊ တောင်ကိုရီးယားနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများရှိ ကားထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကားကုမ္ပဏီ များမှလည်း မြန်မာနိုင်ငံတွင် ကားဝန်ဆောင်မှု စင်တာနှင့် အရောင်းပြခန်းများကို လာရောက်ဖွင့်လှစ် ထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။၎င်းအပြင် ဂျပန်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Mazda Motor ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းကို မကြာမီ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

EMG
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here