Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
Tuesday, July 1, 2014

အပစ်ရပ်စဲရေးမူကြမ်းအတွက် ဇူလိုင်မှာ ထပ်တွေ့ကြမည်

0 comments


တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုရလာဖို့အတွက် လာမယ့်ဇူလိုင်လမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆာင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်ပါ တယ်။

အမျိုးသားလွှတ်တော်ကို ဒီနေ့ ရောက်ရှိသွားတဲ့ ၀န်ကြီးဦးအောင်မင်းက သတင်းထောက်တွေ ကို ပြောခဲ့တာဖြစ်ပါတယ်။

" သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အကြိမ် ၇ ကြိမ်ရှိပါပြီ၊ ပထမတော့ သူ့မူ ကိုယ့်မူကိုယ့်ဟာကိုယ်ကိုင်စွဲနေပါတယ်၊ အခုကတော့ ကျနော်တို့က အဲ့လိုမလုပ်တော့ပဲနဲ့ မူတစ်ခုပဲ ကိုင်ရပါတယ်၊ အဲ့ဒီမှာ အချက် ၁၁၂ ချက်ရှိတယ်၊ ပထမအကြိမ် ဆွေးနွေးချက်ကို မူကြမ်းထွက်လာတဲ့ အချိန်မှာ ၇၇ ချက်သဘောတူတယ်၊ ၄၅ ချက်ကျန်တယ်လေ၊ ဒုတိယအကြိမ် မူကြမ်းဆွေးနွေးပွဲမှာ အဲ့ဒီကျန်တဲ့ ၄၅ ချက်ထဲက ၁၄ ချက်ကိုသဘောတူတယ်၊ အဲ့တော့ ၃၁ ချက်ပဲကျန်တယ်၊ အဲ့ဒီ ၃၁ ချက်ကလည်း ကျနော်တို့ လာမဲ့ဇူလိုင်လထဲမှာ ဆွေးနွေးဖို့ရှိတယ်၊ ဒီ ၃၁ ချက်ကို ကျနော်တို့ ပြန် ပြီးတော့ဆွေးနွေးကြမယ်၊ ဆွေးနွေးလို့ သဘောတူပြီးသွားရင်ဆိုရင်တော့ လူကြီးတွေတင်ပြပြီးတဲ့ အခါမှာ ကျနော်တို့ လက်မှတ်ထိုးဖို့ပဲရှိတာပေါ့၊ တော်တော်တော့ နီးစပ်နေပြီလို့ ပြောလို့ရတာပေါ့"

ကျင်းပမယ့်နေရာနဲ့ ရက်စွဲကိုတော့ ဦးအောင်မင်းက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း လာမယ့်ဇူလိုင်လထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

#RFA
Read more...
Monday, June 30, 2014

တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ဘင်္ဂါလီများခိုးသွင်းသည့်အမှု နောက်ဆက်တွဲဘင်္ဂါလီဆယ်ဦး ထပ်မိ

0 comments
30.6.2014

ဘင်္ဂါလီကိုးဦးအား ရန်ကုန် သို့ ခိုးပို့ရန်ကြိုးစားခဲ့သည့် လူကုန် ကူးဂိုဏ်းကို စစ်ဆေးနေစဉ်အဆို ပါအမှု၏ နောက် ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂါလီဆယ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နေပြည် တော်မှ ကွပ်ကဲမှုဖြင့် ရခိုင်ပြည် နယ်ဒုတိယရဲမှူးဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်နယ်ဒုတိယရဲမှူး ဦး ဆောင်ပြီး စစစ်နေပြီ။ ဒီအမှုကအ ဖွဲ့လိုက်၊ လူကုန်ကူးဂိုဏ်းအနေနဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတယ်။ သူတို့ ကားနဲ့သယ်ပြီး လမ်းမှာ ချထားခဲ့တဲ့ ဘင်္ဂါလီဆယ်ဦးထပ် ဖမ်းမိတယ်။ ဒါကြောင့် စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ပြီးစစ်နေတာ’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည် နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ၂၇ရက်က ဘင်္ဂါလီကိုး ဦးသယ်လာသည့် ကားတစ်စီးကို အမ်းမြို့၊ ပဲ့ပဒုံစစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကိုအခကြေးငွေယူ၍ ရန်ကုန်သို့ကား ဖြင့်သယ်ပို့ရန် ကြိုးစားသည့် သံ သယရှိသူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ သည်။ ဇွန်လ၂၉ရက် နံနက်တွင် ဘင်္ဂါလီ ဆယ်ဦးကို ကျောက်တော်-အမ်းကားလမ်းမ ဘေးရှောက်ချုံရွာတွင် ထပ်မံဖမ်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများက စုစုပေါင်းဘင်္ဂါလီ ၁၉ ဦးအား ရန် ကုန်သို့ ပို့ရန်စီစဉ်ခြင်းဖြစ်သည်။

‘‘ကားနဲ့ သယ်လာတဲ့သူတွေ က လူကြီးလမ်းကြောင်းလို့ပြော ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ကြိုး စားတယ်ဆိုတဲ့ သတင်းတွေ က မ ဟုတ်ပါဘူးဗျာ။ ဒီအမှုနဲ့ပတ်သက် လို့ အရေးကြီးနေတော့ လိုအပ်ရင် တာဝန်ရှိသူတွေကို အချိန်မရွေး မေးစေချင်ပါတယ်။ ဒီနေ့အထိ စု စုပေါင်း ဘင်္ဂါလီ ၁၉ဦးကိုထိန်း သိမ်းထားပါတယ်’’ဟု အမ်းမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သောင်း လွင်ကပြောသည်။

ကားဖြင့် သယ်ဆောင်လာ သူများသည် ဘင်္ဂါလီတစ်ဦးလျှင် သုံးသိန်းကျပ်ဖြင့် လူကုန်ကူးခြင်း ဖြစ်ပြီး ၎င်းတို့အား ဥပဒေပုဒ်မ ၃၆၇ဖြင့်အမှုဖွင့်ထားကာ ဘင်္ဂါလီ ၁၉ဦးကို လ၀ကဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

7Day Daily
Read more...
Thursday, June 26, 2014

TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်

0 comments
25.6.2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင် ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ပါပဲ။ သေနတ်သံတွေကြားထဲမှာ မာန်အောင်ရွာလေးကတော့ တိတ်ဆိတ်ငြိမ် သက်နေလို့ ရွာသူရွာသားတွေ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြပြီလို့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

တချို့ နာမည်ကြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာဆိုရင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသ ခံ(၂၀၀၀)ကျော် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားကြ ပါတယ်။ ဒါပေမယ့် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးတစ်လေတောင် မရှိပါဘူး။ ဒေသခံပလောင် တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေကြားထဲမှာ ကျီးလန့်စာစား ဘ၀နဲ့ နေနေရတယ်။ တစ်ဖက်မှာလည်း မီဒီယာတွေရဲ့ ၀ါဒဖြန့်မှုကြောင့် ကြောက် လန့်ပြီး အိုးအိမ်ပစ်ကာ ထွက်ပြေးရမလို ဖြစ်နေပါပြီ။

တကယ်တမ်း နစ်နာတာကတော့ ဒေသခံပလောင်တွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ရဲ့ သူများကြိုးဆွဲရာ ကနေတဲ့ လုပ်ရပ်ကြောင့် မြေဇာပင်ဘ၀ရောက်ရတော့မှာ ဖြစ်ပါတယ်။ TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး လူ၊ လက်နက် အင်အား အနည်းငယ်မျှသာရှိတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ စတဲ့ မြို့နယ်တွေဟာ TNLA ရဲ့ နယ်မြေဖြစ်ပေမယ့် တကယ်တမ်းနေရာယူ မင်းမူနေတာကတော့ KIA အဖွဲ့ပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် TNLA ဆိုတာ KIA ရဲ့ ထားရာနေ စေရာသွားနေရတဲ့ နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါတယ်။

KIA ကြိုးဆွဲရာ ကနေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သူတို့ခိုင်းသမျှ လုပ်နေရတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ကို ဖန်တီးပြီး KIA က TNLA အဖွဲ့ကို ထိုးကျွေးထားတာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ TNLA အဖွဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ရင် ထိခိုက်ကျဆုံးမှုများတာ TNLA အဖွဲ့ပါ။ အောင်မြင်မှုရရင် နာမည်ကြီးမယ်ဆိုရင် KIA အဖွဲ့က၀င်ပြီး နေရာ ယူလိုက်တာပါ၊ ခံစရာရှိရင် အပြစ်ပုံချစရာရှိရင် TNLA အဖွဲ့ကို လွှဲချတာဖြစ်ပါတယ်။

TNLA အနေနဲ့ KIA အတွက် သြဇာခံတိုက်ပွဲတွေ ဆင်နွှဲနေပေမယ့် ဘာအကျိုးခံစားခွင့်မှ မရပါဘူး။ KIA ခေါင်းဆောင်ပိုင်းတွေ ကတော့ ဇိမ်ခံကားစီး၊ မူးရူးသောက်စားပျော်ပါးကာ လောကစည်းစိမ်ခံနေချိန်မှာ TNLA ခေါင်းဆောင်တွေခမျာ ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာပါ။ KIA က ဆက်ကြေးကောက်တယ်၊ သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းမှောင်ခိုတွေကနေ ပိုက်ဆံရပြီး ကြီးပွားချမ်းသာနေကြပြီ။ TNLA အဖွဲ့ကတော့ ဘာစီးပွားရေးလုပ်ငန်းမှ လုပ်စားစရာမရှိသလို KIA ရဲ့ ပေးစာကမ်းစာကို စားနေရတဲ့ဘ၀ ဖြစ်ပါတယ်။

KIA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ TNLA အဖွဲ့အနေနဲ့ မိအေးနှစ်ခါနာ ဖြစ်နေရပါပြီ။ ပထမတစ်ခုက အစိုးရတပ်တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျီးလန့်စာစားဘ၀ ရောက်နေတယ်၊ ဒုတိယတစ်ချက်က ကိုယ့်ပလောင်တိုင်းရင်းသားတွေကို KIA က လူသစ်စုရင်လည်း TNLA က ငြိမ်ခံပြီး ရပ်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။

TNLA ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မရသေးတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ ကျော်စောနေသောအဖွဲ့ အဖြစ် ကင်ပွန်းတပ်ခံထားရပါတယ်။ TNLA အနေနဲ့ ဘယ်လိုပဲ အကြောင်းပြနေပါစေ၊ တိုက်ပွဲတွေ ရပ်တန့်စေချင်ရင် ငြိမ်းချမ်းရေး ယူရုံကလွဲလို့ အခြားနည်းလမ်းမရှိပါဘူး။ ကိုယ့်အဖွဲ့တစ်ဖွဲ့တည်းကောင်းစားဖို့ KIA သြဇာခံအဖြစ် ဆက်လုပ်နေဦး မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ဘ၀ဟာ တိုက်ပွဲတွေကြားမှာပဲ ပြေးလွှားပုန်းရှောင်ရင်း စစ်ပြေးဒုက္ခသည် ဘ၀ ရောက်ရတော့မှာဖြစ်ပါတယ်။ TNLA အဖွဲ့ကြောင့် ပလောင်တိုင်းရင်းသားတွေ မြေဇာပင် ဖြစ်ရတော့မှာလား ?? အဲ့ဒီအကြောင်းတရားတွေနဲ့အတူ TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်သာ ဖြစ်ပါတယ်။

မိုင်းအိုက်ပီး
Read more...
Friday, May 9, 2014

KIA ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

0 comments
9.5.2014

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့အထွက် နမ့်ခမ်း-မန်ဝိန်းကြီးသွား ကားလမ်းဘေးတွင် မေ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ ရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဦးစိုင်းအောင်ညွန့် (၅၁)နှစ်သည် လယ်စိုက် ပျိုးရန်၊ ရွှေလီကြိုးတံတားဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မြို့အထွက် ကားလမ်းမဘေး ဘယ် ဘက်ခြမ်း ၌ မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ မြို့အထွက်မှာ မိုင်းကွဲတာဆိုတော့ မြို့သူမြို့သားတွေ အတော်လန့်သွားကြတယ်၊ မြို့ထဲမှာလည်း မိုင်းခဏ ခဏကွဲနေတော့ စိုးရိမ်စရာအနေအထားဖြစ်လာတာပေါ့၊ ကြာလာရင် ဒီ့ထက်ပိုဆိုးလာပြီး မြို့သူ မြို့သားတွေ အတွက် အရမ်းကို အန္တရာယ်များပါတယ် ” ဟု မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ဆိုသည်။

KIA မှ ထောင်ထားသော မိုင်းများအား ဒေသခံပြည်သူအချို့ နင်းမိပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့ ပြည် သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရပြီး ယနေ့အချိန်ထိ မိုင်းထောင်မှုများကို မတားဆီးနိုင် သလို ဒေသခံများ၏ လုံခြုံရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း မြို့နယ်လွှတ်တော် အမတ်တစ်ဦးက ပြောကြားသွားသည်။

အေပြီ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန်ဝိန်းကြီးအုပ်စု၊ နမ့်ခမ်း-မန်ဝိန်းကြီး-မန်စီ သွား ကားလမ်း၏ ညာဘက် လဂတ်တော့ကျေးရွာအနီး၌ KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသခံ တစ်ဦး သေဆုံးပြီး (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“ ဒီနမ့်ခမ်းနဲ့ မန်ဝိန်းကြီး အစပ်က မိုင်းပေါက်ကွဲမှု ခဏခဏ ဖြစ်နေတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ KIA က မိုင်းထောင်ပြီး အစိုးရတပ်ကို လုပ်ချင်တာ နေမှာပေါ့၊ ဒါပေမယ့် ခံနေရတာက ပြည်သူတွေပါ၊ ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းပေးသင့်တယ်၊ ဒီကြားထဲ ဟိုမသွားရ ဒီမလာရဆိုပြီး KIA က လာခြိမ်းခြောက် သေးတယ်၊ မိုင်းတွေကြောင့် မြို့သူမြို့သားအားလုံး အရမ်းကြောက်နေကြတယ် ” ဟု မြို့ခံ ဦးစိုင်းမိန်းက ပြောသည်။

KIA မှ ထောင်ထားသော မိုင်းများကြောင့် နင်းမိပေါက်ကွဲ ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့သော ဒေသခံအများစုမှာ ရှမ်း နှင့် ခိုလုံလီရှော တိုင်းရင်းသားများဖြစ်ကြောင်း သိရှိရပါသည်။

#စိုင်းအောင်ထွန်းဦး (နမ့်ခမ်း)
Read more...
Tuesday, May 6, 2014

ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး ၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း

0 comments
ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ် လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက် ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါ အတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်

၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်း ချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်း ကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက် က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။

၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄) ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက် ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။

၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ် ကုန်သွယ်ရေး စခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ် ။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။

၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ဒီတော့ ဒေသခံပြည်သူ လူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရား ဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။

၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။

၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေ အတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။

၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ် မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင် အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။

၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကို မဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာ မျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့ အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရ တာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက် တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။လက်နက်အားကိုးနဲ့ ပြည်သူ လူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေး ရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။

၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာ ပဲ ဖြစ်ပါတယ်။

၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆို ရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံး ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-

(က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင် ရွက်ရန်။

၁၃။ ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေး ရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင် ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံး လက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁၄။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေ ဘက် တောင်းဆိုနေ တယ်ဆိုတာ KIA တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသား အားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။

၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့ ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။

၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေ က လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်း လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။

၁၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော် သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။

၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင် ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံ ယုံကြည် ပါလို့ ပြောကြားလိုပါတယ်။

ချစ်ကြည်စွာဖြင့်

ေေေေ မောင်မွှေး

မေလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here