Saturday, August 25, 2012

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်အဖွဲ့က သတင်း ထုတ်ပြန်ထား

0 comments
(နေပြည်တော်     သြဂုတ်    ၂၄)
၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံ များကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံး၌ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှ စတင်၍ သတ်မှတ်ထားသော နှုန်းထားဖြင့် ရောင်းချပေး မည်ဖြစ်သည်။ 
စာမေးပွဲဝင်ခွင့် လျှောက်လွှာ တင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊(၅)၊(၆)၊(၇)၊ (၈)များဖြင့် ဖြေဆို မည့် သူများအတွက် အစိမ်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊(၄) များဖြင့် ဖြေဆိုမည့် သူများအတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်း ရန် အရောင် နှစ်မျိုးခွဲခြား သတ်မှတ်ထားသည်။
ပြင်ပဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူများ၏ စာမေးပွဲ ဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ကျသင့်ငွေသွင်း တံဆိပ်ခေါင်း များဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့အမှန် တကယ်နေထိုင်သည့် မြို့နယ် ပညာရေးမှူးရုံး၌  ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၂၈ ရက်အတွင်း တင်သွင်းကြရ မည်ဖြစ်သည်။ 
အခြေခံ ပညာ အထက်တန်း ကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေး အတွက် ကျောင်းအုပ်ကြီး များသည် စာမေးပွဲ ဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးသို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အ တွင်း သတ်မှတ်ရက်အမီ တင်သွင်း ကြရမည်ဖြစ်သည်။
သတ်မှတ် ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူ များသည် စာမေးပွဲ ဖြေဆိုခွင့်ရရှိ ကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိ သည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲ အလိုက် ပုံစံများမှန်ကန်မှု ရှိ၊မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ ကြရမည်ဖြစ် သည်။
လျှောက်လွှာ ပုံစံများနှင့် ငွေသွင်း တံဆိပ်ခေါင်းများကို နေပြည်တော်ရုံး အမှတ်(၅၂) မြန်မာနိုင်ငံ စာစစ် အဖွဲ့(ရုံးချုပ်)နှင့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် လှိုင်တက္ကသိုလ် နယ်မြေရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ (ဇွဲကပင် ဆောင်)တွင် လာရောက် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here