Monday, August 27, 2012

if... ယွန်းမီဦး

0 comments
ပရိသတ် အားလုံးက ကိုငှက်ကြီးလို့ ခေါ်တဲ့ တေးရေး တေးဆို ထူးအိမ်သင် က “တကယ်လို့များ မင်းအပြုံးလေးများ မရှိရင်.. တကယ်လို့များ...”  တေးသီချင်း တစ်ပုဒ် စပ်ဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်းကို နားထောင်မိရာက တကယ်လို့များဆိုတဲ့ စကားလုံးလေးက ကျွန်မခေါင်းထဲမှာ တွေးစရာ ဖြစ်လာခဲ့ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။
တကယ်လို့များ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေယူသွားချင်လဲ
ဖုန်းမိတဲ့ နေရာဆိုရင် ဖုန်းယူသွားမယ်။ တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာစိုးလို့ ကစားလို့ရအောင် i pad ယူသွားမယ်။
တကယ်လို့များ ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လိုခံစားမိလဲ။
အရမ်းပျော်ပြီး ကြည်နူးမိပါတယ်။ ကိုယ်ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတာကို အသိအမှတ် ပြုပေးတဲ့သူ ရှိတော့ ကျေနပ်ပါတယ်။
တကယ်လို့များ ကိုယ့်နာမည်နဲ့ လမ်းနာမည် ရှိခဲ့မယ်ဆိုရင်
ဒါက မဖြစ်နိုင်ဘူး ထင်ပါတယ်။ ရှိတော့ ရှိစေချင်တယ်။
တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်နဲ့ အလုပ်အတူတူ တွဲလုပ် ရမယ်ဆိုရင်
အိမ်မက်လား တကယ်လား
တကယ်လို့များ ကိုယ်မုန်းတဲ့ သူတစ်ယောက်နဲ့ ဓာတ်လှေကား တစ်ခုထဲမှာ အတူတူ ပိတ်မိနေမယ်ဆိုရင်
ဘာမှမလုပ်ပဲ မသိချင်ဟန် ဆောင်နေလိုက်မယ်။
တကယ်လို့များ တစ်ရက်သာ အသက်ရှင် ရတော့မယ် ဆိုရင် ဘာတွေလုပ်ချင်လဲ
အိမ်မှာဘဲ မိဘတွေနားမှာ နေပြီး မိဘတွေ စိတ်ချမ်းသာအောင် ထားမယ်။
တကယ်လို့များ ဧကရီစုစံ ကိုနံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှု ရှိလားလို့ မေးလာခဲ့ရင်
နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီး တာမျိုး ရှိတယ်။ အားလုံးထဲမှာ (၉) ဂဏန်းကို ကြိုက်တယ်။ ၇ ဂဏန်းကို ကြိုက်တယ်။ (၈) ဂဏန်းကို မကြိုက်ဘူး။ အရေးကြီးတဲ့ အလုပ်တွေဆို (၈) ရက်နေ့ ဒါမဟုတ် (၈) ဂဏန်းရတဲ့နေ့မျိုး ရှောင်တတ်တယ်။ (၈) ရက်နေ့မှာ အလုပ်လုပ်ရင် လွဲချော်မှုလေးတွေ ရှိတယ်။
ref: 8 Day

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here