Monday, August 27, 2012

မေထုန်မဲ့ ဆင်မကြီး ကိုယ်ဝန်ဆောင်

0 comments
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ Schoenburnn တိရစ္ဆာန်ရုံရှိ ဆင်မကြီး ကို သဘာဝ အတိုင်း မိတ်လိုက်စရာ မလိုဘဲ ပထမဆုံး အကြိမ်အဖြစ် ကိုယ်ဝန် ဆောင်နိုင်ပြီ ဖြစ်ကြောင်း Schoenburnn တိရစ္ဆာန်ရုံ၏ ဒါရိုက်တာ ဖြစ်သူ ဒတ် မာရှရတာက ဩဂုတ်လ ၁၃ ရက်နေ့တွင် ထိုတိရစ္ဆာန်ရုံ၌ ကျင်းပပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။
အဆိုပါ Schoenbrunn တိရစ္ဆာန် ရုံရှိ အာဖရိကမှ ယူဆောင်လာသော အ သက် ၂၆ နှစ်အရွယ် ဆင်မကြီး တွန်ဂါ၏ သားအိမ်အတွင်းသို့ ဆင်ထီး၏ သုတ်ရည်များကို သန့်စင်ပြီး ထည့်သွင်းကာ ကိုယ်ဝန်ဆောင်စေခဲ့ကြောင်း သိရသည်။ ဆင်မ ကြီး တွန်ဂါ၏ ကိုယ်ဝန်သည် ယခုအခါ ငါးလခန့်ရှိပြီဖြစ်သည်။ ဆင်များ၏ ကိုယ်ဝန်ဆောင်သည့်ကာလသည် ရက်ပေါင်း ၆၃၀ ခန့်ရှိသဖြင့် လူသားများ ကိုယ်ဝန်ဆောင်ချိန်ထက် နှစ်ဆနီးပါး ကြာမြင့် ပါသည်။
ထို့ကြောင့် တွန်ဂါလွယ်ထားသော ကိုယ်ဝန်သည် ၂၀၁၃ ဩဂုတ်လ နှောင်းပိုင်း မှသာ မွေးဖွားလာမည်ဖြစ်သည်။ တွန်ဂါ ၏ ကိုယ်ဝန်သည် ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ တွင် အရွယ်အစား သေးငယ်လွန်းသေး သည့်အတွက် အထီးအမခွဲခြားရန် ခက်ခဲ သေးကြောင်း သိရှိရသည်။
ယင်း သို့ မေထုန်မဲ့ဆင်များ မျိုးပွားမည့် စီမံကိန်းကို ဂျာမနီရှိ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ ပြင်သစ်နိုင်ငံရှိ Beauval တိရစ္ဆာန်ရုံနှင့် အမေရိကန် Pittsburgh တိရစ္ဆာန်ရုံတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (DL, 14.8.12)
ref: ပြည်မြန်မာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here