Thursday, November 8, 2012

သမ္မတအိုဘားမား ပြန်ရွေးချယ်ခံရမယ်လို့ ခန့်မှန်းခဲ့ကြောင်း ဒေါ်စု ပြောကြား

0 comments
Photo: Barack Obama's campaign facebook
သမ္မတအိုဘားမားကို မဲဆွယ်စည်းရုံးပွဲတွင် တွေ့ရစဉ်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က မနေ့က ကျင်းပပြီးစီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မစ္စတာ အိုဘားမား အခုလို ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ မူလကပင် မိမိခန့်မှန်းခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြ ည်ထောင်စုက ဆက်လက် ကူညီမယ်လို့ မျှော်လင့်ကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာပြည်ဆိုင်ရာ သတင်းတွေကိုဖေါ်ပြမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေအနေနဲ့ အစိုးရရဲ့ လှုပ်ရှားမှုသတင်းတွေကို အမှန်ပကတိ အရှိအ တိုင်းဖေါ်ပြဖို့ လိုကြောင်း ပြောဆိုခဲ့တဲ့အပြင် အာဏာရှိသူတွေနဲ့ သတင်းထောက်တွေအကြား ထားရှိအပ်တဲ့ ဆက်ဆံရေး ကိုလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

From- RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here